စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့

ကိုယ်သင်းရနံ့ဆန်းစစ်ကြည့်စို့

       မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကိုယ်အနံ့က နည်းနည်းဆိုးတယ်လို့ ပေါ်တင်ပြောလို့ပဲဖြစ်ဖြစ်၊ သင့်အနားရောက်တာနဲ့ လူတွေကနှာခေါင်းရှုံသွားရင်ပဲဖြစ်ဖြစ် ကိုယ်ရဲ့ကိုယ်နံ့ကို ပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီနော်။ သင့်ရဲ့အကျင့်တွေနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကိုလည်း ဆန်းစစ်ဖို့လိုတာပေါ့။
အ၀တ်အစားများချွတ်ပြီးရင် ပြန်နမ်းကြည့်ပါ။
- အသက်ကိုအရင်၀၀ရှုလိုက်ပါ။
- ရေသွားချိုးတာပဲဖြစ်ဖြစ် တီဗီသွားကြည့်တာပဲဖြစ်ဖြစ် လုပ်လိုက်အုံးနော်။
- မဟုတ်ရင် ကိုယ့်အနံ့ကို ကိုယ်ကကျင့်သားရနေတော့ နံရင်လည်း နံတယ်ထင်မှာမဟုတ်ဘူးလေ။ :D
- ပြီးမှ အ၀တ်အစားတွေကို တစ်ခုချင်းနမ်းကြည့်ပါ။
- အထူးသဖြင့် ချိုင်းတွေနဲ့ ချွေးထွက်တဲ့သောနေရာတွေကို နမ်းကြည့်ပါ။
- ကိုယ့်အနံ့ကို ကိုယ်တိုင်နှားခေါင်းရှုံ့မိတယ်ဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ :P
သင့်စားသောက်မှုပုံစံကိုပြန်သုံးသပ်ပါ။
- သင်ဟာ ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ အနီရောင်အသားတွေ၊ အရက်၊ ကော်ဖီ၊ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို အများကြီးစားတတ်သူလား။
- အဲဒါတွေက စားလို့ကောင်းပေမယ့် ခန္ဓာကိုယ်ချေဖျက်ပြီး ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ခံတွင်းနံ့တွေ ချွေးနံ့တွေကို ဆိုးဝါးစေပြီး လူတွေကို စိတ်ကသိကအောက်ဖြစ်စေတာပေါ့။
- ဒါကြောင့် သင်က အဲဒီအစားအသောက်တွေကို အများကြီးစားနေမိတယ်ဆိုရင် သင့်ရဲ့ ချွေးနံ့တွေ၊ ခံတွင်းနံ့တွေကလည်း ဆိုးဝါးနိုင်တာပေါ့။
ခံတွင်းနံ့ရော နံနေလား ??
- ပါးစပ်ကို လက်နဲ့အုပ်ပြီး လေမှုတ်ထုတ်ကြည့်ပါ။
- ရလဒ်အနံ့ဆိုးကို သင့်လက်ဖ၀ါးကိုနမ်းကြည့်လို့ဖြစ်ဖြစ်၊ မှုတ်ထုတ်လိုက်တဲ့လေမှာဖြစ်ဖြစ်ရရင် သင့်သွားနဲ့ပါးစပ်ကို သန့်ရှင်းဖို့လိုနေပြီပေါ့။
ခန္ဓာကိုယ်ရဲ့ချွေးထွက်များတဲ့နေရာတွေကို ဂရုစိုက်ပါ။
- အရေပြားရဲ့ အတွန့်ရှိတဲ့နေရာတွေ ဥပမာ ခြေချောင်းကြား၊ ချိုင်းနေရာ၊ ရင်သားအောက်နေရာတို့မှာ ဘက်တီးရီးယားပိုးတွေပေါက်နိုင်လို့ အနံ့ဆိုးတွေထွက်စေနိုင်တာပေါ့။
- ဒါကြောင့် အဲ့ဒီနေရာတွေကို သန့်ရှင်းနေအောင် ခြောက်သွေ့နေအောင် ဂရုစိုက်ပေးနော်။
ချွေးထွက်များနေလား ??
- ကိုယ်က ချွေးထွက်များတတ်သူဆိုရင်တော့ ချွေးနံ့နံနေမှာပဲပေါ့။ အဲတော့ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ရတော့မှာပဲနော်။
သင်ယုံကြည်တဲ့သူရဲ့ အကူအညီကိုယူပါ။
- သင့်ကိုယ်ရနံ့နဲ့ ပတ်သက်ပြီး အရိုးသားဆုံးပြောမယ့် လူတစ်ယောက်ကို ရှာပါ။
- သင့်ရဲ့ကိုယ်ရနံ့ကြောင့် စိုးရိမ်စိတ်ကိုပြောပြပြီး သူတို့ဘာပြောလဲဆိုတာနားထောင်ပါ။
- သူတို့ဆီက အမှန်ကိုကြားချင်တယ်ဆိုတာနဲ့ သူတို့ဘာပြောပြော စိတ်မဆိုးဘူးဆိုတာလဲ ကြိုပြောထားပါ။
- တကယ်လဲ စိတ်ဆိုးရဘူးနော်။ :D
ခုဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်သင်းရနံ့လေးရဲ့ အခြေအနေမှန်တွေကို သိသွားလောက်ပြီနော်။ :D
ချွေးနံ့မနံတဲ့သူတွေကတော့ ဟူးးးးး လို့ သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုရှိသွားမှာပဲ။
ခံတွင်းနံ့ ချွေးနံ့နံတဲ့သူတွေကတော့ ရင်နှင်းကို မေတ္တာများပို့နေမလား မသိဘူး။ :S
ဒီတိုင်း ကိုယ့်ဟာကိုယ် အေးဆေးနေနေတာကို ရင်နှင်းပို့စ်ကိုဖတ်ပြီး ဆပ်ဆော့မိတာ ကိုယ့်ခန္ဓာကိုယ်က ချွေးနံ့နံနေမှန်းသိရလို့ စိတ်ညစ်ပြီးတော့လေ။
စိတ်ညစ်နဲ့နော်။ ရောဂါပေးပြီးရင် ဆေးလည်းပေးမှာပါ။ :D
ခံတွင်းနံ့နဲ့ ချွေးနံ့နံလို့ စိတ်ညစ်နေသူတွေအတွက် ဖြေဆေးလေးပေးမယ်နော်။ ဖတ်ကြည့်ပါအုံး။
ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

Myanmar Sky Link ကို လာလည်လို့ တစ်ခုခုအကျိုးရှိသွားတယ်ဆိုရင်လည်း Facebook က Myanmar Sky Link Page ကို Like ပေးသွားပါအုံးရှင့်။ ပို့စ်တွေ ဘယ်ဘက်က Facebook Like Box မှာလည်း Like ပေးသွားလို့ ရပါတယ်ရှင်။ Facebook မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ် သူငယ်ချင်းတို့ရေ.. Thx A Lot !!!
အကြံပေးချင်တာရှိရင် တင်စေချင်တဲ့ပို့စ်ရှိရင် ဒီလင့်အောက်မှာ Comment ပေးခဲ့နော် သူငယ်ချင်းတို့ !!!!
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...