စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေ့ မျက်နှာပေါ်က အမာရွတ်


 ““အမေ့မျက်နှာပေါ်က အမာရွတ် ””
   ကောင်လေးက မူလတန်းကျောင်းမှာ သူပထမဆုံးကြုံရသည့် မိဘဆရာအသင်း အစည်းအဝေးအတွက်
အမေ့ကို ဖိတ်ခိုင်းတော့ သူဖိတ်သည် ။

သို့သော် အမေ တကယ်တက်မည်ဆိုသည့်အခါ သူလန့်သွားသည် ။

သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမ ပထမဆုံးအကြိမ်အဖြစ် မြင်ကြရတော့မည် ဆိုတာတွေးကာ သူ ထူထူပူပူ ဖြစ်သွားသည် ။

မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူ တစ်ဦးဖြစ်သည် ။

သို့သော် မျက်နှာ ညာဘက်အခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခု ထင်နေသည် ။

ကောင်လေးက သည်အမာရွတ်အကြောင်း မကြားချင် ။ သည်အမာရွတ်ကြီး ဘာကြောင့်ရသလဲ ဘယ်လိုသလဲ မသိချင် ။

ဒါကြောင့်သူ မမေး။ အစည်းအဝေးမှာ အခြားလူများနှင့် ဆုံကြတော့ ၊

သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုအလှရှိတာ ယဉ်ကျေး ပျုငှာတာတွေကြောင့် လူတွေက သဘောကျကြသည် ။

ဒါကိုမြင်သော်လည်း ကောင်လေးရှက်ရွံ့စိတ်မပြေ၊ ရှောင်ဖယ်ပုန်းလျှိုးနေသည် ။

သို့သော် တစ်နေရာမှာတော့ ဆရာမနှင့်သူ့မိခင်တို့ စကားပြောနေတာကြတာ သူကြားရသည် ။

“မျက်နှာပေါ်က ဘယ်လိုရတာလဲ ” ဆရာမက မေးသည် ။

“သားလေး နို့စို့အရွယ်တုန်းကပေါ့ ၊

သူ့အခန်းထဲမှာ မီးလောင်တော့ သားက ခုတင်လေးထဲမှာ ၊ အခန်းထဲမှာ မီးတွေ တဟုန်းဟုန်းဆိုတော့ ဘယ်သူမှ မ၀င်ရဲဘူး ၊

ကျွန်မက အတင်းဝင်ပြေးသွား၊



အဲဒီမှာ အပေါ်က တုတ်တန်းကြီး တစ်ခု ပြုတ်ကျလာတော့ ကျွန်မသား အပေါ်ပြေးပြီး ကာလိုက်တာ ၊

ကျွန်မကို ရိုက်မိပြီး အဲဒီမှာတင် မေ့လဲသွားတယ်၊ ကံအားလျော်စွာပဲ မီးသတ်သမားတွေ ရောက်လာပြီး ၀င်ကယ်လို့

သားအမိနှစ်ယောက်လုံး အသက် ချမ်းသာရာရတာ” မိခင်က မျက်နှာပေါ်က အမာရွတ်ကို စမ်းပြီး ပြန်ပြောနေသည် ။

“တစ်သက်လုံး မီးလောင်ရာ အမာရွတ်တစ်ခုတော့ ထင်သွားတာပေါ့လေ၊



ဒါပေမဲ့ ဒီအတွက် ကျွန်မတစ်ခါမှ ၀မ်းမနည်းမိပါဘူး“ တဲ့ အမေက ဆိုသည် ။

သည်စကား ကြားတော့မှ ကောင်လေး မျက်ရည်တွေ အ၀ိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကိုဖက်သည် ။

သူ့အတွက် အသက်ပေး ကာကွယ်မည့် အမေဧ။် စေတနာ အမေ့ မေတ္တာတွေကို ခံစားရကာ သူ့ရင်ထဲလှိုက်နေသည် ။

အဲသည်နေ့ တစ်နေ့လုံး အမေလက်ကို သူတင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွှတ်တော့ပေ။



မူရင်း....LiYuhKuo The Scar

ဘာသာပြန် - ဆရာဖေမြင့်


 “ မြင့်မြတ်အာကာ ”စိတ်ကြိုက်မျှဝေသည် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...