စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်နေ့လုံး လန်းဆန်းနေစေမည့် နည်းလမ်းများ


တစ်နေ့လုံး ဘယ်အချိန် ကြည့်ကြည့် လန်းဆန်းနေတဲ့ သူတွေကို လေ့လာကြည့်လိုက်တဲ့ အခါမှာ သူတို့ တစ်တွေက အောက်ပါ နည်းလမ်းတွေကို လိုက်နာမှု ရှိကြကြောင်း သိရပါတယ်။
၁) အကောင်းမြင် အတွေးများ တွေးပါ
သင့်ကိုယ်သင်နဲ့ တခြားသူတွေ အကြောင်း၊ အနာဂတ် အကြောင်း၊ ငွေရေးကြေးရေး အကြောင်း စတာတွေနဲ့ ပတ်သက်ပြီး အဆိုးမြင် အတွေးတွေကို တွေးမိနေတာက စိတ်ဓာတ် ကျစေနိုင်ပါတယ်။ သင်ရဲ့ အတွေးတွေက ဒီလို အဆိုးဘက်ကိုပဲ ရောက်နေရင် အခုပဲ ရပ်ပစ်လိုက်ပါတော့။ သင်လုပ်လက်စ အလုပ်ကိုပဲ အာရုံစိုက်ပါ။ သင့်စိတ်ထဲကို ဝင်လာသမျှ အဆိုး မြင်တာတွေကို အကောင်းနဲ့ ဖလှယ်လိုက်ပါ။ ဒီလို အကောင်းမြင်စိတ် ထားလေလေ၊ သင့်စိတ်ခံစားမှုလည်း ပိုကောင်းလာလေလေ ဖြစ်ပြီး လန်းဆန်း သွားပါလိမ့်မယ်။
၂) ကဖင်း မှီဝဲမှုကို လျှော့ချပါ
ကဖင်းဓာတ် ပါတဲ့ ကော်ဖီ၊ ကိုကာကိုလာ စတဲ့ အရည်တွေကို များများ သောက်တာကြောင့် စွမ်းအင်ကျကာ ပင်ပန်း နွမ်းနယ် စေနိုင်ပါတယ်။ ကဖင်းပါတဲ့ အရည်တွေကို ကဖင်း မပါတဲ့ အရည်တွေနဲ့ အစားထိုးလိုက်ပါ။ ကော်ဖီနဲ့ ကဖင်းပါတဲ့ လက်ဖက်ရည် အစား ဆေးဖက်ဝင် လက်ဖက်ရည် သောက်ပါ။ အချိုရည်အစား ရေသောက်ပါ။
၃) အိပ်ရေးဝဝ အိပ်ပါ
အိပ်စက်မှုဆိုင်ရာ ပြဿနာရှိသူ ဖြစ်ရင် အိပ်ရာဝင်ချိန်ကို ပုံမှန် သတ်မှတ်ပေးထားပါ။ ကလေးငယ်တွေလို စောစော အိပ်ရာဝင်ပါ။ ညတိုင်း၊ နံနက်တိုင်း အချိန်မှန် အိပ်၊ အချိန်မှန် ထတာက ခန္ဓာကိုယ်တွင်း စနစ်ရဲ့ လုပ်ဆောင်မှုတွေကို အားကောင်းစေပါတယ်။
၎) တစ်နေ့တာအတွင်း မကြာခဏ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးပါ
နေ့ခင်းမှာ တစ်ရေး အိပ်တာကလည်း စွမ်းအင် ပြည့်ဝကာ လန်းဆန်းစေပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်တာက သင့်ကို လန်းဆန်းစေပြီး သွေးထဲမှာ အောက်ဆီဂျင် လည့်ပတ်မှု ကောင်းစေပါတယ်။ လက်တွေ၊ ခြေထောက်တွေကို ဆန့်ထုတ်နေစဉ်မှာ အသက်ဝဝ ရှူပေးပါ။ ထိုင်ပြီး အလုပ်လုပ်ရသူ ဆိုရင် နာရီဝက် တစ်ကြိမ် ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးပါ။
၅) လေ့ကျင့်ခန်း လုပ်ပါ
နေ့လယ်စာ စားပြီးချိန်နဲ့ ညနေခင်းမှာ လမ်း ခပ်သွက်သွက် လျှောက်ပေးတာက စွမ်းအင် ပြည့်ဝစေပါတယ်။ သင့်တင့်တဲ့ လေ့ကျင့်ခန်းကို အချိန်ခဏ ပေးကာ တစ်နေ့ သုံးကြိမ်လောက် လုပ်ပေးပါ။
၆) အဆင်သင့် အစာများ ရှောင်ပါ
အဆင်သင့် အစာတွေနဲ့ အမြန်စာတွေကို စားတာက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်တာကြောင့် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို အစားထိုးပြီး စားပေးပါ။ အထက်က နည်းလမ်းတွေကို လိုက်နာပေးတာတောင်မှ သင်က ပင်ပန်းနွမ်းနယ်ပြီး နုံးနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။
                                                                                                                                                                         
  နန္ဒာမ (By ကြယ်စင် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...