ကျွန်တော်သည် မိသားစုထမင်းဝိုင်းကလေးတွင် သားနှင့်သ္မီး၏ ထ္မင်းပန်ကန်များထဲသို့ ကြက်သားဟင်း
ခွက်ထဲမှ သူတို့ ကြိုက်တတ်သော ကြက်အသည်းအမြှစ်ဖတ်ကလေးများကို ရွေး၍ထည့်ပေးရင်း မိမိကိုယ်
တိုင်ကတော့ တောင်ပံရိုးကလေးကိုထည့်ကာစားလျှက် ကျွန်တော်ငယ်စဉ်အခါထ္မင်းဝိုင်းမှ အမေ၏မိမိအပေါ်
ဂရုစိုက်မှုများဆီသို့  ကျွန်တော်၏စိတ်အစဉ်ရောက်သွားမိပါသည်။
*********************
“ရော့...သားစား”
အမေက ပြောပြောထည့်ထည့်ဖြင့် ကြက်ရင်ဘုံသားတုံးတစ်တုံးကို မိမိပန်းကန်ထဲထည့်ပေးသည်မို့ အမေ့
မျက်နှာကို ကျေးဇူးတင်စွာမော့ကြည့်ရင်း...
“ဟုတ်ကဲ့”..ဟုပြောလိုက်စဉ် အမေကတော့ သူ့ ထ္မင်းပန်းကန်ထဲသို့  ကြက်ခြေထောက်ရိုးဖတ်ကလေးကို
ဆယ်ထည့်လိုက်ပြီး ကျွန်တော်၏မျက်နှာကို ရွှန်းရွှန်းစားစားကြည့်လျှက် ထ္မင်းကိုဟန်မပျက် ဆက်စားနေပါ
တော့သည်။
************************
“သားရေ...ဒါဗိုက်သားလေး...အရိုးမပါဘူးသားရဲ့ ...စား...စား”
ထုံးစံအတိုင်း အမေက ငါးချက်လျှင်အရိုးကြောက်တတ်သော ကျွန်တော့်အား အရိုးမပါသော ငါး၏၀မ်း
ဗိုက်သားဟင်းတုံးအား ထည့်ပေးပြီး သူကိုယ်တိုင်ကတော့ အရိုးတွေသာရှိသော ငါးခေါင်းပိုင်းကိုထည့်၍ထ္မင်း
ကိုမြိန်ရည်ရှက်ရည်ဆက်စားနေလျှက်ရှိပါသည်။
************************
“ဖေဖေ...ဖေဖေ”
ရုတ်တရက် သား၏ခေါ်သံကြောင့် သတိတရ လွင့်မျောနေသောအတွေးစပြတ်သွားပြီး....
“ဟေ....ဘာလည်း”....ဟုဆိုကာ မိမိပန်းကန်ထဲရှိကြက်တောင်ပံရိုးလေးအား ကိုက်ဖဲ့လျှက်ထ္မင်းကို ဆက်
စားနေစဉ်......
“ဖေဖေက အသည်းအမြှစ်နဲ့ အသားတွေမစားဘဲ သားတို့ ကိုကျွေးပြီး ဘာဖြစ်လို့ အရိုးကိုဘဲရွေးစားနေတာ
လည်း..ဟင်”
မထင်မှတ်သော သားငယ်၏မေးခွန်း မိမိငယ်စဉ်ကမိမိ၏ မိခင်ကြီးကို မေးချင်ခဲ့ပေမဲ့ မမေးဖြစ်ခဲ့သည့် ဒီအမေး
စကား တိုက်တိုက်ဆိုင်ဆိုင် မိမိလည်း ဒီကိစ္စအတွက် အဝေးမှာရှိတဲ့အမေကို ထ္မင်းစားရင်း သတိရနေမိသည့်
အချိန်.....
ကျွန်တော်သည် မေးခွန်းထုတ်လာသော သားငယ်၏မျက်နှာကို တစိမ့်စိမ့်ကြည့်လျှက် ပြုံးရွှင်ပေါ့ပါးစွာဖြင့်ပင်..
“သားရယ်...မိဘတွေဆိုတာ...အရိုးကြိုက်သူတွေလေကွာ”...ဟု ပြန်ဖြေလိုက်သောအခါ သားငယ်က ဘုမသိ
ဘမသိ တောင်တွေးမြောက်တွေးဟန်ပန်ဖြင့်.....
“အော်....”ဟုသာစကားတစ်လုံးဆိုလျှက် သူ့ ထ္မင်းကိုသူ ဆက်စားနေပါတော့သည်။
******************************
အချိန်တန်အရွယ်ရောက်လို့  ကျွန်တော်၏သားငယ်လည်း အိမ်ထောင်ကျကာ သားသ္မီးတွေရခဲ့လျှင်ဖြင့် မိဘ
တွေဘာ့ကြောင့် အရိုးကြိုက်ကြသလည်းဆိုသည့်အဖြေကို သိသွားပါလိမ့်မည်ဟုထင်မြင်မိပါသည်။
“သားသ္မီးများနှင်ပါတ်သက်လျှင် မိဘတိုင်းသည် အရိုးကြိုက်သူများ မဟုတ်ပါလားဗျာ”
မိဘများသည် သားသ္မီးများအတွက် ပေးဆပ်ခဲ့ကြသော ပေးဆပ်မြဲဖြစ်သော မွေးကျေးဇူး၊ ကျွေးကျေးဇူးနှင့်
အထူးအထူးသော ကျေးဇူးတရားများကို ကျွန်တော်တို့ အတတ်နိုင်ဆုံးသတိရအောက်မေ့လျှက် ပြန်လည်ပေး
ဆပ်ကျေးဇူးဆပ်ကြပါဆို့ လားဗျာ....
ကျွန်တော်တို့  မိဘများကို သက်ရှိထင်ရှားရှိစဉ် မိမိတို့ အပေါ်တင်ရှိနေသော ကြွေးဟောင်းများကိုဆပ်ရင်း
ကြွေးသစ်ချခြင်းအဖြစ် အိမ်ထောင်မှုပြုလျှက် သားသ္မီးများမွေးဖွါးပြီး ဆက်လက်ကျွေးမွေးပြုစုနေကြရမှာ..မဟုတ်
ပါလားခင်ဗျာ...ဟုပြောကြားရင်း...ကျွန်တော်၏ဖခင်ကြီးမှ ကျွန်တော်တို့ အိမ်၏နံရံတွင်ရေးသားထားသော စာ
ကြောင်းလေးများအား ပြန်ပြောင်းမြင်ယောင်နေမိပါတော့သည်။
“အတောင်စုံလျှင်ပျံပါ မိဘကို မပုန်ကန်ပါနှင့်”
“မိဘကို မသေခင်လုပ်ကျွေးပါ ပြုစုပါ သေမှငိုမနေပါနှင့်”
“မိဘမျက်ရည်တစ်စက် သားသ္မီးဆင်းရဲတစ်သက်”
“မိဘများအား စားနိုင်တုန်းမှာကျွေးမွေးပြုစုပါ မကျန်းမာလို့ မစားနိုင်မသောက်နိုင်အခြေအနေရောက်ပါမှ
အတင်းမကျွေးချင်ပါနှင့်”
****************
မနက်ဖြန် မေလ(၁၃)ရက်နေ့ တွင်ကျရောက်မည့် မိခင်များနေ့ အားဂုဏ်ပြုလျှက်......
ပြတိုက်မှ သူငယ်ချင်းများအားလုံး မိဘကျေးဇူးအထူးသိတတ် ကျေးဇူးဆပ်နိုင်သူများဖြစ်ကြပါစေလို့ .....
စေတနာများစွာဖြင့်.........
(ဤစာစုကလေးဖြင့် ကျွန်တော်နှင့်ကျွန်တော်ဇနီးတို့ ၏ နှစ်ဖက်မိဘများအား ရိုသေစွာဂါရ၀ပြုလျှက်....)
ကိုဇော်နိုင်
12-May-2012(6:45)PM
Hanoi,Vietnam
No comments:
Post a Comment