စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်ကြီးကာလတွင်းက ဖက်ရှင်များ

     ဒီအ၀တ်အစားတွေဟာ စစ်ကြီးကာလအတွင်းက ဒီဇိုင်းတွေဖြစ်ပါတယ်။
ဒီဇိုင်နာတွေကတော့ Chanel, Lanvin, Vionnet, Patou နဲ့ Schiaparelli တို့ရဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။
စုဆောင်းထားသူတွေကတော့ Ivan Sayers နဲ့ Claus Jahnke ဆိုသူတွေပဲ ဖြစ်ပါတယ်။
Ivan Sayers ဟာ ဖက်ရှင်သမိုင်းပညာရှင်ဖြစ်ပါတယ်။ UBC (Uni of BC) မှာ BA in Classical Studies နဲ့ ၁၉၆၉ ခုနှစ်မှာ ဘွဲ့ရပါတယ်။ သမိုင်းထဲက ၀တ်စုံတွေကို စုဆောင်းသူမို့ သူ့ရဲ့ အိမ်ခန်းသုံးခန်းပဲ ရှိတဲ့ ဗင်ကူးဗားမြို့တိုက်ခန်းလေးထဲမှာ ဒီလိုဝတ်စုံတွေ နေရာမလပ်ရှိနေလို့၊ ထမင်းစားခန်းထဲမှာပဲ အိပ်တယ်လို့ ဆိုပါတယ်ရှင်။
4.jpg
5.jpg
အပေါ်ကပုံကတော့ ၁၉၂၀ဦးပိုင်းက ညနေခင်းဝတ်စုံတွေဖြစ်ပါတယ်ရှင်။
အောက်ကပုံကတော့ ၁၉၃၀ဦးပိုင်းက နေ့လည်ခင်း ၀တ်စုံတွေဖြစ်ပါတယ်။
8.jpg
အောက်ကအ၀တ်အစားတွေကတော့ ၁၉၃၀ နှောင်းပိုင်းက ညနေခင်းဝတ်စုံတွေပါ။
1.jpg
 အပြာလေး မဆိုးဘူးလို့ ထင်မိပါတယ်။
2.jpg
၁၉၃၀မှာ လူဖြစ်ခဲ့လို့ ဒီဝတ်စားတွေထဲက ရွေးရမယ်ဆိုရင် အရောင်တော့ သိပ်မကြိုက်ပေမယ့် ဒါလေးရွေးမယ်..
3.jpg
6.jpg
7.jpg
အပေါ်က အ၀တ်စားတွေ အားလုံး မဆိုးပေမယ့် .. အောက်က အ၀တ်စားလေး ကြိုက်တယ်..း)) ဦးထုပ်လေးကော…
9.jpg
ဓာတ်ပုံ — အိမ့်ချမ်းမြေ့
ဖက်ရှင်ချစ်သူများအတွက်ပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...