စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တကယ့်အပြင်မှာ ရှိတဲ့ ဘိုမချစ်သူ ဘိုထီး Ken doll အရုပ်



တကယ့်အပြင်မှာ ရှိတဲ့ ဘိုမရုပ်ကိုတော့ သိကြမှာပါ။ ရုရှားနိုင်ငံသူ ဖြစ်ပြီး ယခု အသစ်ပေါ်လာတဲ့ အရုပ်လူသား ကလည်း ရုရှားနိုင်ငံကပဲ ဖြစ်ပါတယ်။ အသက် ၂၀ သာ ရှိသေးတဲ့ Celso Santebanes ဟာ အမေရိကန်ဒေါ်လာ ၃သောင်း အကုန်ကျခံလို့ ခွဲစိတ် ပြုပြင်ခဲ့ခြင်း ဖြစ်ပါတယ်။

ငယ်ငယ်လေးကတည်းက သူ့ကို ဘာဘီရုပ်ကလေးနဲ့ တူတယ်လို့ ပြောစမတ် အပြုခံရပြီး ယင်းအတိုင်း ပုံစံ တစ်ထပ်တည်း တူသွားအောင် တစ်ကိုယ်လုံးကို ခွဲစိတ်ခဲ့ခြင်း ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းတင် မဟုတ်ပဲ ခန္ဓာကိုယ် တစ်ခုလုံးကို လိုအပ်သလို ခွဲစိတ်ပြုပြင်ရာ ၃ ကြိမ် ရှိသွားပြီး နောက်ဆုံးတော့ ယခုလို ပုံစံ ဖြစ်သွား ပါတယ်။ ဒီတော့ သူဆက်လုပ်မယ့် အလုပ်က ရုရှားနိုင်ငံ တစ်နိုင်ငံတည်းက ဘိုမနဲ့ တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ပြီးရင် အမေရိကန် မှာ မော်ဒယ် ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်မှာ ဖြစ်ပါ တယ်။ ဒီအတွက်လည်း ကုမ္ပဏီ အချို့နဲ့ စာချုပ်ချုပ်ပြီး ဖြစ်ကြောင်း ဆိုပါတယ်။

ဒီတော့ လူငယ်လေး Celso Santebanes တစ်ယောက် Ken Doll နဲ့ တူအောင် ပုံစံ ပြောင်းလိုက်တာ ပြောင်းရကျိုးနပ်တယ်လို့ ဆိုရ ပါတယ်။ သူ့မိသားစု ကလည်း ဝမ်းသာနေရှာ ပါတယ်။ သတင်း အပြည့်အစုံနဲ့ ဓာတ်ပုံများကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။


http://www.dailymail.co.uk/news/article-2714031/The-real-life-Ken-doll-Brazilian-model-


အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...