စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“တရားဓမ္မဟာ ကိုယ့်အဖို့ အကောင်းဆုံးအဖော်”


 

နောက်ဆုံးအချိန်ရောက်လာပြီဆိုတဲ့အခါရောဂါတွေ ဖြစ်လာပါပြီတဲ့။
တကယ့်ကို ရောဂါတွေဖြစ်လာပြီ။ဆေးရုံ ဆေးခန်းရောက်လို့
မသက်သာတဲ့ရောဂါဝေဒနာတစ်ခု ခံစားရပါပြီ။ဆွေတွေမျိုးတွေက အဲဒီအချိန်ကျတော့
ဘာလေးလုပ်ကြတုန်းဆိုတော့ ဘုန်းကြီးပင့်ပြီးတော့ ပရိတ်ရွတ်ပေးတာတို့၊ သင်္ကန်းလေးလှူခိုင်းတာတို့၊

ကဲ 。。。
သူ့အချိန်မှာ စဉ်းစားကြည့်လိုက်လို့ရှိရင် သူကိုယ်တိုင်ကိုက ရောဂါကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ
 

●ပရိတ်ရွတ်ပေးလည်း သူ့စိတ်ထဲက စိတ်ချမ်းသာမှု ရချင်မှရမယ်နော်။
●သင်္ကန်းလေး လှူခိုင်းလို့လှူတာ သူက စိတ်ချမ်းသာမှု ရချင်မှ ရမယ်။


အဲဒီတော့ ဒါ မလုပ်ရဘူး မဟုတ်ဘူး။လုပ်ရမယ်။ သို့သော် 。。。အဲဒီထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကို
သတိထားဖို့က ပိုအရေးကြီးတယ်ပေါ့။

ဆိုလိုတာက သူများအလှည့်တုန်းက ကိုယ်က လုပ်ပေးတယ်။ကိုယ့်အလှည့်ကျတော့ ဘာလိုအပ်သလဲ။
ဆိုလိုတာက လုပ်မယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါဟာ ဓမ္မကို အဖော်ပြုပြီးတော့နေမယ်လို့
ဘုန်းကြီးတို့တတွေ ကြိုတင်ပြီးတော့ လုပ်သင့်တယ်။
 

လောကကြီးထဲမှာကြည့်၊ လူတိုင်းလူတိုင်း မွေးရာပါ “အဖော်ကောင်းတွေ” ရှိတာမဟုတ်ဘူး။
တချို့ဆိုရင် တစ်ဦးတည်း တစ်ကောင်ကြွက်တွေ နေရတာတွေ ရှိတယ်ပေါ့။
အဲဒီလို တစ်ကောင်ကြွက် နေရတဲ့အခါမှာ မည်သည့်အဖော်ကိုမှလည်း မထားနိုင်ဘူး၊
အဲဒီအချိန်မှာ ဘယ်အရာဟာ ကိုယ့်အတွက် အကောင်းဆုံးလည်း ဆိုရင်
“တရားဓမ္မဟာ ကိုယ့်အဖို့ အကောင်းဆုံး”ပဲတဲ့။
 

-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.93

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...