စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေးများ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း

လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါးနှစ်အောက်ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကိုကာကွယ်နိုင်
                      

ရန်ကုန်၊

လက်ကိုစင် ကြယ်အောင် ဆေးကြောခြင်းဖြင့် ငါး နှစ်အောက် ကလေးသေဆုံးမှုနှင့် အခြားသော ရောဂါပိုးမွှားများကို ကာ ကွယ်နိုင်ကြောင်း သိရသည်။

လက်ဆေးခြင်းအားဖြင့် ဝမ်း ပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုကို သက်သာ လျော့နည်းနိုင်သည့်အပြင် အခြားသော ရောဂါများ ဖြစ်သည့် အဆုပ်ရောင်ရောဂါနှင့် လေမှတစ် ဆင့်ကူးစက်ပြန့်ပွားနိုင်သည့်ရောဂါ များကိုလည်း ကာကွယ်နိုင်ကြောင်း သိရသည်။

''အများစုက လေထဲက လာတဲ့ ရောဂါပိုးတွေ ကူးမှာစိုးလို့ မက်ခ်ကို အသုံးပြုကြတယ်။ လူတွေက အစား စားမယ်။ မျက်နှာကိုင်မယ်။ နှာခေါင်း ကိုလဲ ဒီလက်နဲ့ပဲ ကိုင်တယ်။အဲဒီ တော့ လက်ကိုဆပ်ပြာနဲ့ သေချာစင် ကြယ်အောင်ဆေးဖို့အတွက် ပြောပေးဖို့ လိုသလို။ ကိုယ်တိုင်လဲလုပ်ရမယ်။လူတွေက အသိရှိကြပေမယ့်။ သတိ မရှိတဲ့အချိန်မှာကျန်းမာရေးကို ထိ ခိုက်စေပါတယ်''ဟုကျန်းမာရေးပညာ ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်က သတိ ပေးပြောကြားသည်။

ထို့ပြင် ကလေးကို ချစ်သော မည်သူမဆို လက်ဆေးဖို့ လိုအပ် ကြောင်းနှင့် မွေးကင်းစကလေးအသက် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် လက်ကို စင်ကြယ်အောင် ဆေးရန်နှင့်ကလေး ကို ကိုင်တွယ်သည့်နေရာတွင် သန့်ရှင်း မှု အပိုင်းကအရေးကြီးကြောင်းသိရ သည်။

''ကလေးတွေက အမေမှာ ရှိ တဲ့တော်ရုံတန်ရုံရောဂါပိုးကိုတော့ ခံနိုင်ရည်ရှိကြတယ်။ ဘာလို့လဲဆို တော့ အမေဗိုက်ထဲမှာ နေခဲ့လို့ပါ။ အဖေရဲ့ လက်မှာရှိတဲ့ ရောဂါပိုးတွေ ကိုတော့ ခံနိုင်ရည် မရှိကြပါဘူး။အဲဒါကြောင့် ကလေးအဖေတွေက ကလေးချီခါနီမှာ လက်ကိုစင်ကြယ် အောင်ဆေးဖို့ လိုအပ်ပါတယ်''ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။

မွေးကင်းစကလေးသေဆုံးမှု များရခြင်းတွင် မွေးဖွားလာသည့် ကလေးများသည်ပေါင်မပြည့်ခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်း စသည်တို့ ကြောင့် ဖြစ်ကြောင်း သိရသည်။

''မွေးကင်းစကလေးတွေကို ဘာကြောင့် ရောဂါပိုးဝင်သလဲ ဆို တော့ ရွာမှာဆိုရင် တချို့လက်သည် နဲ့မွေးတယ်။ သားဖွားဆရာမနဲ့ မွေး တယ်။ အဲဒီလိုမျိုးမွေးတဲ့ နေရာမှာ သန့်ရှင်းမှု အပိုင်းမှာ အားနည်းတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ရောဂါပိုးဝင်ကြတာ ဖြစ်ပါတယ်'' ဟု ဒေါက်တာခင်မောင်လွင်ကပြော သည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့၏ လေ့လာဆန်းစစ်ချက်များ အရ အာဆီယံနိုင်ငံများအနက် မြန်မာ နိုင်ငံတွင် အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ လက်ရှိ အခြေအနေအရ မြန်မာနိုင်ငံ တွင် ငါးနှစ်အောက် ကလေးငယ် ပေါင်း ငါးသောင်းခြောက်ထောင်ခန့် သေဆုံးနေကြပြီး၊ ယင်းတို့အနက် ကလေးငယ်ဦးရေ လေးသောင်းသုံး ထောင်မှာ အသက်တစ်နှစ်အောက် အရွယ်ကလေးများ ဖြစ်ကြောင်းသိရ သည်။

လူအများသည် လက်သန့်ရှင်း ရေးကို အစာ မစားမီလုပ်ခြင်းထက် အစာစားပြီးမှသာ လက်ကိုဆပ်ပြာ ဖြင့် စင်ကြယ်အောင်ဆေးကြလေ့ရှိပြီး အစာမစားမီလက်ဆေးသည့်အခါ တွင် လက်ကိုရေဖြင့်သာ ဆေးတတ် လေ့ရှိကြောင်းသိရသည်။

''ဘာလို့ အစာစားပြီးမှ လက် ကို သေသေချာချာ စင်ကြယ်အောင် ဆေးကြသလဲဆိုတော့ လက်နဲ့စားတဲ့ အတွက် လက်နံမှာ စိုးလို့ဆေးကြ ခြင်း ဖြစ်ပါတယ်။ အဲဒါတွေက ကျွန် တော်တို့တွေ ပြုပြင်ရမယ့်အချက် တွေပါ'' ဟုဆိုသည်။

အိမ်ရှင်မတစ်ယောက်အစား အစာများ မကိုင်တွယ်မိတွင် လက် ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေး သင့်ကြောင်းနှင့်ကလေးမိဘများ ကလေးမစင်များကို ကိုင်ပြီးသည့် အခါတိုင်းတွင် လက်ကို သေသေချာ ချာဆေးရန် လိုအပ်ကြောင်း အသိ ပေးပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ တွင် အသက်ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် မွေးကင်းစ ကလေးသေ ဆုံးမှုနှုန်း လျော့ကျစေရန်အတွက် နှစ်သုံးဆယ် စီမံကိန်းချမှတ်ဆောင် ရွက် လျက်ရှိကြောင်း၊ ထိုစီမံချက်များ အရ ၂ဝ၃၁ခုနှစ် ရောက်ရှိလျှင် မွေးကင်းစ ကလေး အယောက်တစ် ထောင်တွင် သေဆုံးသူ ၄ဝဦးမှ ၂၂ဦးသို့ လည်းကောင်း၊ အသက် ငါးနှစ်အောက် ကလေး တစ်ထောင် လျှင် အသေးဆုံးမှု ၅၂ဦးမှ ၂၉ဦး သို့ လည်းကောင်း လျှော့ချနိုင်မည်ဟု ခန့်မှန်းတွက်ရှိထားသည်။

KTM

#Democracytoday

(ဒီမိုကရေစီတူဒေးသတင်းစာမှ ကူးယူဖော်ပြပါသည်။)


https://www.facebook.com/yangonmediagroup/photos/a.335477406471186.83922.334119

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...