စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားများအတွက် ဘရာဇီယာထွင်ကြတဲ့အကြောင်း

ကမ္ဘာပေါ်မှာ အသစ် အသစ် တီထွင်မှုက အမြဲ ရှိနေပါတယ်။
နောက်ဆုံး တီထွင်မှုတခုကတော့ အမျိုးသားတွေအတွက် ဘော်လီအင်္ကျီပါပဲ။

 


ဒီပစ္စည်းအတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကတော့ တိုကျိုက ဖြစ်ပါတယ်။
လူအများ စိတ်ဝင်စားစရာတွေ ထွက်ပေါ်လာတာ အခုတလော ဂျပန်ကချည်းပဲ ဖြစ်နေပါတယ်။
ဟိုတလောကလည်း အမျိုးသားပရိသတ်များကိုဦးတည်တဲ့ တိုးတက်ဖြစ်ထွန်းမှုတခု ရှိခဲ့ပါသေးတယ်။
 အဲဒီအကြောင်း ဒီဘလော့မှာ ဖတ်နိုင်ပါတယ်။ လိပ်စာက http://blog.irrawaddy.org/2014/08/blog-post_49.html ဖြစ်ပါတယ်။ အခု ပြောပြမယ့် အမျိုးသားဘရာဇီယာအကြောင်း ဆက်ရရင်...

ကျားဘရာဇီယာတီထွင်သူက The Mirror အွန်လိုင်းကို အခုလို ရှင်းပြပါတယ် -
"အမျိုးသားတယောက် ဗလကောင်းကောင်း ရှိမယ် ဆိုရင် သူ့ရဲ့ရင်ဘတ်ကကြွက်သားအလှတွေ တဖြည်းဖြည်း မသိမသာ ပုံပျက်သွားတာမျိုးနဲ့ ကြုံကောင်း ကြုံရလိမ့်မယ်။
အမျိုးသမီးတွေ ရင်သားအလှပျက်ယွင်းတာမျိုးလိုပေါ့" တဲ့။

"ဒီဘရာဇီယာကို ဝတ်ပြီး အိပ်မယ် ဆိုရင် အဲဒီအမျိုးသားက အလုံးစုံ သူ့နေရာနဲ့သူ တင်းတင်းရင်းရင်း နေသားတကျ ရှိမယ်၊ နောက်တနေ့မှာလည်း ကြည့်လို့ ကောင်းနေပါလိမ့်မယ်" လို့ သူက ဆက်ပြောပါတယ်။

ဒီလိုမျိုးပစ္စည်းမျှော်လင့်နေသူတွေအတွက်တော့ ဒါက အင်မတန်မှ သတင်းကောင်းလို့ ဆိုရမယ်။

အွန်လိုင်းကနေ ဒါကို ဝယ်နိုင်ပြီ၊ ၁၈ ပေါင် လို့ ဆိုတယ်။ အရွယ်အစားအားဖြင့် ပိစိကွေး (extra small)၊ အသေး (small)၊ အလတ် (medium) ဆိုပြီး ၃ မျိုး ရနိုင်ပါတယ် တဲ့။
ဘရာဇီယာဈေးကွက်က အမျိုးသားတွေကို ဘယ်လောက် ဆွဲဆောင်နေပြီး ရောင်းအား ဘယ်လို ရှိတယ် ဆိုတာကိုတော့ သတင်းတွေ တက်မလာသေးပါဘူး။
 ဂေးအမျိုးသားတချို့က အမျိုးသမီးတွေလို ဝတ်စားဆင်ယင်တတ်ပေမယ့် သူတို့ကလည်း ဒီပစ္စည်းသစ်ကို ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။

အထူးပရိသတ်အတွက် သီးသန့် ပစ်မှတ်ထား ထုတ်လုပ်တဲ့ ဒီပစ္စည်းနဲ့အတူ တွဲပါလာတာက အောက်ခံဘောင်းဘီပါပဲ။
ပစ္စည်းတွေ နေရာတကျဖြစ်အောင် သေသေချာချာ ဒီဇိုင်းဆင်ထားတယ် ဆိုတဲ့သဘော သတင်းတွေမှာရေးထားကြတယ် ဆိုတော့ ချောင်ချောင်ချိချိ မဟုတ်ဘူးပေါ့လို့ ဆိုနိုင်ပါလိမ့်မယ်။

ဘရာဇီယာချည်းပဲမဟုတ်ဘူး အောက်ခံဘောင်းဘီလေးလည်း ပါတယ် ဆိုတော့ ဒီဝတ်စုံသစ်ကို အမျိုးသားများအတွက် ဘီကီနီ လို့ ဆိုသူက ဆိုကြမှာပါ။

အမျိုးသားဘီကီနီဝယ်လိုသူတို့အတွက် ရွေးချယ်နိုင်မယ့် အရောင်တွေကတော့ အဝါ၊ အစိမ်း (lime green)၊ ပန်းရောင်တို့ဖြစ်ပါတယ် လို့ The Mirror မှာ ရေးထားပြီး ဒါတွေဟာ အလေးမ ကြွက်သားဗလ တည်ဆောက်သူတို့ ဝတ်တတ်ကြတဲ့အရောင်တွေတော့ မဟုတ်ပါဘူးလို့ မှတ်ချက်ပြုထားပါတယ်။

အထက်ကပုံမှာ တွေ့ရတာကတော့ ၂၀၀၈ ခုနှစ်မှာ ဈေးကွက်ထဲ ဖြန့်တယ် ဆိုတဲ့ ကျားဝတ် ဘော်လီအင်္ကျီ။
အဖြူ၊ အမည်း၊ ပန်းရောင် သုံးမျိုး။ရောင်းဈေးက USD 30.38 (¥ 3,132)

အခု အသစ်ပေါ်လာပြီး မီဒီယာမှာ လူပြောများလောနေတဲ့ဟာက
USD   29.33 (¥ 3,024)

ကြွက်သားတွေ နဂိုအတိုင်းရှိနေဖို့ဆိုတာ နည်းလမ်းတခုပဲ ရှိတယ်...အဲဒါကတော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပဲ ဆိုပြီး တချို့က ဝေဖန်ကြတယ်လို့ The Mirror မှာ နိဂုံးချုပ် ရေးထားပါတယ်။

အင်း... ဒီပစ္စည်းကို ဘီကီနီလို့လည်း ပြောလို့ မဖြစ်တဲ့အကြောင်းက ... ဘီကီနီဆိုတာ အမျိုးသမီးရေကူးဝတ်စုံကို ခေါ်တာ မဟုတ်လား။
ဒါကတော့  
ညအိပ်ဝတ်စုံသဘောမျိုး ထုတ်ထားခြင်းပါ။

လုပ်ငန်းရှင်ကတော့ ထွင်လိုက်ပါပြီ။
အွန်လိုင်းကနေ ဝယ်ယူမှု ဘယ်လိုအခြေအနေရှိတယ်ဆိုတာတော့ မသိရပါ။ အသင့်အတင့် ရောင်းအားကောင်းမယ်လို့ ယူဆရပါတယ်။

၂၀၁၃ ဇူလိုင် http://en.rocketnews24.com ရဲ့  ဘလော့ပို့စ်တခုမှာတော့ ဘရာဇီယာဝတ် အမျိုးသားတချို့ကိုအင်တာဗျူးပြီး ဝတ်ဆင်ရတဲ့ ခံစားမှု၊ ရည်ရွယ်ချက်၊ ဆောင်ရန် ရှောင်ရန် အချက်တချို့ကို ရေးထားပါတယ်။

လောကကြီးမှာ မလိုအပ်ဘူးလို့ အများက ယူဆနေကြပေမယ့် တခြားတဘက်မှာတော့ လိုအပ်နေတာတွေ သို့မဟုတ် လိုအပ်တယ်လို့ ထင်နေတာတွေလည်း ရှိတတ်တယ်လို့ ဆိုရမှာပါ။

အမျိုးသားဘရာဇီယာ ဆိုတာကို ထွင်တဲ့သူကို တွေ့တဲ့အခါ မေးသင့်တာကတော့ သူကိုယ်တိုင် ဝတ်ဆင်ခြင်း ရှိမရှိ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ 

ဝတ်သည်ပဲ ဖြစ်ဖြစ် မဝတ်သည်ပဲဖြစ်ဖြစ် သူတို့ဟာ

စွန့်ဦးတီထွင် လုပ်ငန်းရှင်စစ်စစ်တွေပါပဲ။  စီးပွားရေးသမားဆိုတာ စီးပွားဖြစ်ဖို့ နည်းမျိုးစုံ ကြံဆရတယ်လို့ပဲ ဆိုရပါတော့မယ်။

http://blog.irrawaddy.org/2014/08/blog-post_422.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...