စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လယ်များ အလွယ်တကူမရောင်းရန် လယ်သမားများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ဒေါ်အောင်ဆန်းစုကြည် တောင်သူလယ်သမားများနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ −နစ်ကီ)
 
 တောင်သူလယ်သမား များသည် လယ်ယာမြေများကို အလွယ်တကူရောင်းချခြင်းမပြု ဘဲ တန်ဖိုးထားထိန်းသိမ်းကာ ရောင်းချရန်စည်းရုံးသိမ်းသွင်းမှုများကိုလည်း နားမယောင်ကြရန် လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြား သည်။

‘‘လယ်လုပ်ဖို့ဆိုတာ မြေပိုင် ဆိုင်မှုကအရေးကြီးတယ်။ မြေ မရှိဘဲ ဘာမှလုပ်လို့မရဘူး။ ကျွန်မတို့ လယ်သမားကြီးများ အနေနဲ့ အကြွေးနွံထဲနစ်နေတဲ့ အခါ လယ်မြေတွေကို လွယ် လွယ်နဲ့ ရောင်းပစ်ကြတယ်။ လွယ်လွယ်လေးစဉ်းစားပြီး ရောင်းမပစ်ကြပါနဲ့လို့ ပြောချင် ပါတယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။

ယခုလ ၃၀ ရက်က ကော့ မှူးမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများနှင့်တွေ့ဆုံစဉ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တွံတေး၊ ကော့မှူး၊ ကွမ်းခြံ ကုန်းပေါ့နော်။ အဲဒီမြို့နယ်တွေ မှာရှိတဲ့လယ်မြေတွေ၊ အထူး သဖြင့်ကားလမ်းဘေးကလယ် မြေတွေကို စီးပွားရေးလုပ်ငန်းရှင် တချို့က ဈေးကောင်းပေးပြီး လိုက်ဝယ်နေတယ်။ ဝယ်ပြီးရင် အဲဒီ နေရာတွေက လယ်မြေမဟုတ် တော့ဘဲ အဆောက်အအုံဖြစ်သွား တယ်’’ဟု တွေ့ဆုံပွဲသို့တက်ရောက် လာသည့် ကော့မှူးမြို့ခံတစ်ဦးကပြောသည်။

လယ်ယာမြေလုပ်ကိုင်ကြ သည့် တောင်သူဦးကြီးများအနေ ဖြင့်  အကြွေးကိစ္စများကြောင့် လယ်ယာမြေများကိုရောင်းချနေ ရသည်ဟုကြားသိရကာ အကယ် ၍ ထိုကဲ့သို့အခြေအနေဖြစ်လာပါ က မိမိတို့အဖွဲ့အစည်းနှင့် ဆက် သွယ်အကြံဉာဏ်ရယူရန်လိုအပ် ပြီး မိမိတို့ကလည်း ပေးနိုင်သည့် အကူအညီ၊ အကြံဉာဏ်များပေး အပ်မည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

‘‘လယ်တွေကို ဘယ်လိုပုံစံနဲ့ ရောင်းသလဲဆိုတာ ကျွန်မတို့က လေ့လာစုံစမ်းပြီးပါပြီ။ တစ်ခုစဉ်း စားဖို့က ဝယ်တဲ့သူတွေအနေနဲ့က လည်း ထိုက်သင့်တဲ့အဖိုးအခပေး ဝယ်တဲ့နေရာမှာ ဘယ်သူမှတော့ သူ့ရဲ့အကျိုးအမြတ်မရှိဘဲ ဒီလို မလုပ်ဘူး။ အကျိုးအမြတ်ရှိလို့ သာ ဝယ်တာဖြစ်နိုင်တယ်ဆိုတာ စဉ်းစားဖို့လိုပါတယ်’’ဟု ၎င်းက ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ကော့မှူး မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများ၊ ကွမ်းခြံကုန်းမြို့ နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကာ စိုက်ပျိုးစရိတ် ချေးငွေနှင့်ပတ်သက်၍ ကြုံတွေ့ ရသည့်အခက်အခဲများ၊ မြို့နယ် ချင်းဆက် ချောင်း၊ မြောင်းတူးဖော် ရေးဆိုင်ရာကိစ္စရပ်များ၊ လမ်း ဖောက်လုပ်ရေးကိစ္စရပ်များ၊ မီး ရရှိရေးကိစ္စရပ်များကို တင်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဒေါ်အောင်ဆန်းစုကြည်က ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

http://www.7daydaily.com/story/19587#.VALzzGOM-So

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...