မျက်နှာ၏ ဥပဓိရုပ်ကောင်းမွန်ရေးအတွက်
ကွမ်းစားခြင်းသည် လူ၏ နှုတ်ခမ်းတွင်းတင့်တယ်မှု ကို ပျက်စေ၏။ ကွမ်းယာကို ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ရှားဆေး၊ ဆေးရွက်ကြီးတို့ဖြင့် ပြုပြင်စီရင်ထားသည်။ ကွမ်းစားဆေး အမျိုးမျိုးတို့မှာ ကွမ်းယာတွင် အဓိက ပါဝင်သော အမယ်များဖြစ်၏။
ယခုအခါတွင်ကား ကွမ်းယာတွင် အမွှေးနံ့ အမျိုးမျိုး ၊ အချိုအဆိမ့် အမျိုးမျိုး တို့ကိုလည်း ထည့်သွင်း စားသုံးနေကြပါသည်။
ကွမ်းတံတွေးသည် နီသောအရောင်ရှိ၏။ နှုတ်ခမ်း၊ လျှာနှင့် ခံတွင်းတို့ကို နီသော ကွမ်းတံတွေးအရောင် ညစ်ပေစေ၏။ ရှားဆေး ပါသော ကွမ်းယာစားလျှင် နီညိုသော ကွမ်းတံတွေး ညစ်ပေစေ၏။ ဆေးရွက်ကြီး ထည့်စားလျှင် နီညိုရုံမက ညိုမဲသော ညစ်ပေမှုကို ဖြစ်စေ၏။ ဆေးရွက်ကြီး များလျှင် များသလောက် မဲနက်၏။ အဆက်မပြတ် စားသူတို့၏ နှုတ်ခံတွင်းများမှာ အကြည့်ရဆိုးလောက်အောင်ပင် ညိုမဲ ညစ်ပေနေကြ၏။ သဘာဝအားဖြင့် ဖြူဖွေးနေရမည့် သွားများမှာလည်း ကွမ်းချေး(ဂျီး) ကပ်လျှက် မည်းနက်စွာ အကျည်းတန်နေကြသည်။
ကွမ်းစားခြင်းဖြင့် ကွမ်းတံတွေးထွေးရာမှာ အင်္ကျီအဝတ်များ ကွမ်းတံတွေး ပေကျံ၍ မတင့်မတယ် ဖြစ်စေပါသည်။ကွမ်းတံတွေးကို
ကွမ်းစားခြင်းသည် အရည်မရအဖတ်မရ၊ အာဟာလည်း ဘာမှ မဖြစ်၊ သို့သော် ကွမ်းတွင်ထည့်ထားသည့် ဆေးရွက်ကြီးအမျိုးမျိုးကြော
လျှာကင်ဆာ၊ နှုတ်ခမ်းကင်ဆာ၊ အာခံတွင်းကင်ဆာ အမျိုးမျိုးကို
ဖြစ်စေသည်။ စာရေးသူ၏ သူငယ်ချင်းတစ်ယောက်မှာ ကွမ်းအမြဲစားရာမှ
လျှာကင်ဆာဖြစ်၍ ဝေဒနာများကို မချိမဆန့် ခံစားရပြီး သေသွားခဲ့ရသည်။
ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရ ပါ၏။
ကွမ်းယာတွင်ပါသော ဆေးရွက်ကြီးကြောင့် နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကိုလည်း ဖြစ်စေနိုင်သည်။ ကွမ်းယာတွင်ပါဝင်သော ထုံးကြောင့် ကျောက်ကပ်နှင့် ဆီးသွားလမ်းကြောင်းတို့တွင်
No comments:
Post a Comment