စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ညီအတွက် အသက်စွန့်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ Ashton Kutcher



Ashton Kutcher ဆိုတာ အမေရိကန်က အသက် ၃၆ နှစ်အရွယ် သရုပ်ဆောင် မော်ဒယ်၊ လုပ်ငန်းရှင် တစ်ဦး ဖြစ်ပြီး Job 2013 ရုပ်ရှင်မှာ စတိဗ်ဂျော့နေရာမှာ ပါဝင်လို့ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို လူသိများတာ ကတော့ No Strings Attached အပြင် အခြားသော ရုပ်ရှင်များနဲ့ ဖြစ်ပါတယ်။ သူ့ဘဝဟာလည်း တကယ်ပဲ ဒရာမာ ဆန်ခဲ့ ပါတယ်။

သူ ငယ်စဉ်ဘဝမှာ ဆင်းရဲပါတယ်။ မိဘ နှစ်ပါး စလုံးချို့တဲ့ပြီး အမ တစ်ယောက်နဲ့ အမြွာမွေး ညီ တစ်ဦး ရှိပါတယ်။ အမြွာမွေး ညီဖြစ်သူ Michael ဟာ မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းမှု ရောဂါ အပြင် နှလုံးရောဂါ ပါရှိပါတယ်။ နှလုံးအစားထိုး ကုသမှ အသက်ရှင်ရမယ့် ညီလေးနဲ့ သူ့ဘဝ စားဝတ်နေရေး တို့အတွက် တွေးပူပြီး အိမ်တောင် မပြန်ချင် ဖြစ်ခဲ့ သတဲ့။ နောက် ဆုံးတော့ ဆေးရုံ က ဝရံတာ ကနေ ခုန်ချပြီး မိမိကိုယ်ကို သေကြောင်းကြံဖို့ အထိ သူကြိုးစား ပါတယ်။ ညီဖြစ်သူ အတွက် လိုအပ်တဲ့ နှလုံးကို သူ့ဆီကနေ ရရှိအောင် ဖြစ်ပါတယ်။ နောက်တော့ အခြားသော လူတစ်ယောက်နဲ့ နှလုံးနဲ့ အစားထိုးလို့ ကုသ အောင်မြင်သွားပါတယ်။
 

ကျောင်းတက်ဖို့အတွက်လည်း စရိတ်စကများကိုလည်း ကိုယ်တိုင် ရှာဖွေပြီး တက္ကသိုလ် တက်နေသည့်တိုင် ညီဖြစ်သူရဲ့ ကျန်းမာရေး အတွက် လိုအပ်ချက် များကို ကြိုးစားထောက်ပံ့ခဲ့ ပါတယ်။ ယနေ့မှာတော့ Ashton Kutcher ဟာ အမေရိကန်မှာ အချမ်းသာဆုံး အနုပညာရှင် စာရင်းထဲမှာ ပါဝင်လာခဲ့ ပါပြီ။

Ref: wikiေ

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...