စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဗုဒ္ဓဘာသာ တစ်နေ့တာ (ချမ်းသာအောင်နေနည်း)”


 

(၁)။ နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်။
(၂)။ အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။ (ရွတ်ပွါးကန်တော့မယ်။)
(၃)။ မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွါးပါ့မယ်။
(၄)။ သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။
(၅)။ မသန့်မစင်၊ ရေအိမ်ဝင်၊ ဆင်ခြင်အသုဘ ပွါးပါ့မယ်။

(၆ မှ ၁၁ အထိ ယောဂီများအတွက်)
~~~~~~~~~~~~~~~~~~~~~~~~~~
(၆)။ လူမမာကြီး၊ ဆေးကျွေးနည်းသို့၊ ပုံမှီး၍သာ၊ ဤခန္ဓာ အစာရေစာကျွေးပါ့မယ်။
(၇)။ နူနာကောင်ကြီး၊ ကျပ်တွေစည်းသို့၊ ပုံမှီး၍သာ၊ ဤခန္ဓာ တန်ဆာအဝတ်ဆင်ပါ့မယ်။
(၈)။ နေ့စဉ်ယုယ၊ ကျွေးမွေးရလည်း၊ ခဏတိုင်းသေ၊
နေ့တိုင်းသေ သေမှုဆင်ခြင်ပွါးပါ့မယ်။
(၉)။ ရုပ်ဆင်း ကြန်အင်၊ “အကန်း”သွင်၊ မမြင်ချင်ယောင်ဆောင်ပါ့မယ်။
(၁၀)။ တွေ့ကရစကား၊ “နားပင်း”လား၊ မကြားချင်ယောင်ဆောင်ပါ့မယ်။
(၁၁)။ စကားပေါက်ကရ၊ နှုတ်မဟ၊ “အအ”လိုပဲနေပါ့မယ်။

(၁၂)။ လောဘစကား၊ ဒေါသစကား၊ မောဟစကား၊မာနစကား၊ ဣဿာစကား၊ မီးတောက်လား၊

ရှောင်ရှားဝေးစွာနေပါ့မယ်။
(၁၃)။ လူချင်းတွေ့လျှင်၊ ကိုယ်ကပင်၊ အရင် မေတ္တာပို့ပါ့မယ်။
(၁၄)။ တန်းတူတွေ့လျှင်၊ “မေတ္တာ”ဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။
(၁၅)။ ပြိုင်မယ့်အစား၊ မေတ္တာပွါး၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
(၁၆)။ ကိုယ့်အောက်တွေ့လျှင်၊ “ကရုဏာ”ဝင်၊မဝင်နိုင်က နိုင်တတ်တယ်။
(၁၇)။ နိုင်မယ့်အစား၊ ကရုဏာပွါး၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
(၁၈)။ ကိုယ့်ထက်သာလျှင်၊ “မုဒိတာ”ဝင်၊ မဝင် “ဣဿာ”ယိုင်တတ်တယ်။
(၁၉)။ ယိုင်မယ့်အစား၊ မုဒိတာပွါး၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
(၂၀)။ ကောင်းဆိုးကြုံရ၊ ဘုံဘဝဝယ်၊ ကယ်မဖို့ရာ၊ ခွင့်မသာမူ၊
သတ္တဝါတစ်ခု၊ ကံတစ်ခုဟု၊ “ဥပေက္ခာ”ဝင်၊ ကံဆင်ခြင်၊ကြည်လင်အေးအောင်နေပါ့မယ်။
(၂၁)။ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊

ပြင်တိုင်းလှ၊ သုခနိဗ္ဗာန် တိုင်လိမ့်မယ်။

[ဓမ္မာစရိယ ဦးဌေးလှိုင် (ဘဝခုံရုံးစာအုပ်မှ-)]
 

မေတ္တာဖြင့် 。。。
-【အရှင်ဝိသာရဒ (ရမ္မာဝတီ)】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm


https://www.facebook.com/youngbuddhistassociation.mm/photos/a.322278357782183.936

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...