စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သေဆုံးသွားတဲ့ကလေးနှစ်ဦးအား ရေခဲသေတ္တာထဲ ထည့်ထားသည့် မိဘနှစ်ပါး



တရုတ်နိုင်ငံက လူငယ်ဇနီးမောင်နှံနှစ်ဦးဟာ သေဆုံးသွားတဲ့ သူတို့ကလေးနှစ်ယောက်ကို မြေမြှပ်သဂြိုလ်မှု မပြုလုပ်ဘဲ အလွန်အေးတဲ့ ရေခဲသေတ္တာထဲမှာ ထည့်ထားပါတယ်။

ဒီလိုထည့်ထားရတာဟာ ရေနစ်သေဆုံးခဲ့ရတဲ့ သူတို့ ကလေးနှစ်ယောက်ကို တာဝန်ရှိသူများက တာဝန်ယူ မဖြေရှင်းပေးလို့ဖြစ်ပါတယ်။ကလေးတွေရေနစ်ခဲ့ရာနေရာဟာ လွန်ခဲ့တဲ့နှစ်နှစ်က လမ်းအသစ်ဖောက်ဖို့အတွက် မြေတူးခဲ့တဲ့ နေရာဖြစ်ပါတယ်။

ယခုအခါမှာ ရေတွေပြည့်ပြီး ကန်ဖြစ်နေခဲ့ပါတယ်။ သုံးနှစ်သား Chung နဲ့ သူ့အစ်ကို ၅ နှစ်သား Hu တို့ဟာ သူတို့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ဒီနေရာမှာသွားဆော့ရင်း ရေနစ်သေခဲ့တာ ဖြစ်ပါတယ်။
Chung ဟာ လျောကျသွားတဲ့အတွက် အစ်ကိုဖြစ်သူ Hu က ကယ်ဖို့လုပ်ရာမှာ နှစ်ယောက်စလုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ကောင်လေးတစ်ယောက်က ရေနစ်ခဲ့တဲ့အတွက် ဖြတ်သွားသူတစ်ဦးက ကယ်ဆယ်ခဲ့ရပါတယ်။



ကလေးတွေရဲ့အဖေ ၂၈ နှစ်အရွယ် Cai Libiao နဲ့ အမေဖြစ်သူ ၂၇ နှစ်အရွယ် Wang တို့ဟာ လျော်ကြေးရဖို့နဲ့ ဒါမှမဟုတ် ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၄၃ နှစ်အရွယ် အိမ်နီးချင်း Shen Pai က ပြောကြားရာမှာ  “သူတို့ကောင်လေးနှစ်ယောက်ကို သူတို့က ကိုးကွယ်မတတ်ဘဲ။ သူတို့လုပ်တဲ့ အရာတိုင်းက သူတို့ကလေးတွေအတွက်ပဲ။
သူတို့က အဖြေလေးပဲ လိုချင်တာပါ..

ကောင်စီက ဒီနေရာ အန္တရယ်ရှိတယ်ဆိုတာကိုသိတယ်၊ ပြီးခဲ့အပတ်က ကောင်လေးတစ်ယောက်သေလို့ အကြောင်းကြားထားတာကို ဘာမှမလုပ်ဘူး”
ယခုအချိန်ထိ ကောင်စီက တစ်ခုခုပြောဖို့ ငြင်းဆိုနေပြီး ဒီနေရာကိုမြေဖို့ရန် ကတိပေးခဲ့ဖူးတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကလည်း ဘာမှမလုပ်သေးဘူး လို့ဆိုပါတယ်။

လက်ရှိအချိန်မှာ မိဘတွေဟာ ရေခဲတွေနဲ့ပြည့်နေတဲ့ ရေခဲသေတ္တာထဲ ကောင်လေးတွေရဲ့ အလောင်းကိုထည့်ပြီး တာဝန်ရှိသူတွေဆီက အဖြေကိုစောင့်နေပါတယ်။

www.myanmarlatestnews.com
credit: photthyaw

         မူရင်း    >>http://www.searchmyanmar.com/link/frame/cid/39896

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...