စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"စမ်းသပ်ခံနိုင်တဲ့ ဗုဒ္ဓဘာသာ (သို့) ကာလာမသုတ်အနှစ်ချုပ်"

                                         
တဘက်သတ် မျက်စိမှိတ်ယုံကြည်ရခြင်း မရှိသည့် ဘာသာကို လက်ညှိုးထိုးပြပါဆိုပါလျှင် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်တော့သည်။ မြတ်ဗုဒ္ဓဟောကြားသော တရားများဖြစ်သည်ဟု အခြားသူများက ပြောယုံမျှဖြင့် မယုံကြည်ကြနှင့်ဦးဟူ၍ပြောကြားခဲ့ရာတွင် စကားကြီးဆယ်ခွန်းကိုလည်း (ကာလာမ) အမျိုးသားတို့အား မှားကြားခဲ့ပါသည်။ အို…ကာလာမတို့.....။
 

၁။ တဆင့်စကား( Mere Hear Say) ကြားရုံမျှဖြင့် ဟုတ်ပြီ မှန်ပြီဟု အမှန်မယူကြနှင့်။
 

၂။ ဘိုးဘေးစဉ်လာဆင်းသက်လာသော မိရိုးဖလာ အယူဝါဒ (Mere Tradition) ဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
 

၃။ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလ (Mere Rumor) ဖြင့်လည်း အမှန်မယူကြနှင့်။
 

၎။ မိမိတို့သင်ထားသောစာများနှင့် ညီညွတ်ယုံမျှဖြင့် (Mere Accord with your scriptures) လည်း အမှန်မယူကြနှင့်။
 

၅။ မိမိကြံစည်ထားသော အကြံဖြစ်၍ ဟုတ်လှပြီဟူ၍(Mere Supposition) လည်း အမှန်မယူကြနှင့်။
 

၆။သူတစ်ပါးတို့လုပ်နည်းကိုင်နည်းကို သဘောကျ၍(Mere Inference) လည်း အမှန်မယူကြနှင့်။
 

၇။ အထောက်အထားရှိသည်ဆို၍( Mere considering the reasons) လည်း အမှန်မယူကြနှင့်။
 

၈။ အယူဝါဒခြင်းတူရုံမျှနှင့်(Agree with your preconceived notions) လည်း အမှန်မယူကြနှင့်။
 

၉ ။ မိမိတို့ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်(Seems acceptable, The speaker seems to be a good person his word should be accepted) လည်း အမှန်မယူကြနှင့်။
 

၁၀။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်(Thinking that the teacher is respected by us therefore , it is right to accept his word) လည်း အမှန်မယူကြနှင့်။

ဤတရားတို့သည် အပြစ်ရှိသောတရားတို့တည်း။ ဤတရားတို့ကား(အကုသိုလ်) တရားတို့တည်း။ ဤတရားကို လက်ခံကျင့်သုံးခဲ့သော် အကျိုးမဲ့၍ ဆင်းရဲဒုက္ခရောက်မည်ကို သင်တို့ကိုယ်တိုင် သိရှိသည်ရှိသော် ထိုတရားကို ပယ်ရှားကြ။ 


 ဤတရားတို့သည် တက်မက်ခြင်း၊အမျက်ထွက်ခြင်း၊ တွေဝေမှုဖြစ်စေခြင်းကြောင့် မိမိစိတ်ညစ်ညူးမှု (ကိလေသာ) ကို မိမိမနိုင်သဖြင့် သူတစ်ပါးကို လိုက်ခံရန်လုပ်မှုဖြစ် နေလျှင် သူတစ်ပါးတို့အား သတ်ချင် ဖြတ်ချင် ဖျက်စီးချင်နေလျှင် တရားမည်ပါမည်လော၊ တရားကင်းမဲ့မှုချည်းသာဖြစ်စေသည့် (လောဘ ဒေါသ မောဟ) အကုသိုလ်တရားများ အပြစ်ဖြစ်စေသည့် တရားများကို လက်မခံကြနှင့်ဟု စကားကြီးဆယ်ခွန်းကို (တိကဂုင်္တ္တရပါဠိတော်) ကာလမသုတ်တွင် ထင်ထင်ရှားရှားပြတ်ပြတ်သားသား ဟောကြားတော်မူခဲ့ပါသည်။

 မိမိ၏ ဘဝ လွတ်မြောက်ရေးအတွက် သစ္စာဟူသော အမှန်တရား(ကုသိုလ်) ဖြစ်စေသောတရားတို့ကို မိမိတို့ကိုယ်တိုင် ရှာဖွေရယူကြ၊ လွတ်လပ်စွာတွေးခေါ်ကြဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ဤတရားတို့သည် မှန်ကန်သော၊ သူတော်ကောင်းတို့ မကဲ့ရဲ့ချီးမွမ်းထိုက်သော၊ ပညာရှိတို့ လေးစားထိုက်သော ၊ ဤတရားတို့ကိုကျင့်သုံးပါက ကောင်းကျိုးချမ်းသာများဖြစ်စေမည်ဆိုပါလျှင် ထိုတရားတို့ကို လက်ခံကျင့်သုံးရမည်ဟု ဟောတော်မူခဲ့ပါတယ်။

စာဖတ်သူများအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) - မှ ပြန်လည် မျှဝေလိုက်ပါတယ်...။


https://www.facebook.com/photo.php?fbid=334422240056187&set=a.107808842717529.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...