စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင်မှုအား လိုချင်တပ်မက်စိတ်





"အောင်မြင်မှု အားလုံးရဲ့ စမှတ်၊ တာထွက်မှတ်က ယင်းအောင်မြင်မှုကို လိုချင်မက်မောတဲ့ စိတ်ပဲ ဖြစ်ပါတယ်။ မိမိဟာ ယင်းစိတ်ကို အမြဲတမ်း ရှင်သန်နေစေဖို့ လိုအပ် ပါတယ်။ ဆန္ဒအင်အားနည်းရင်း သေးးငယ်တဲ့ ရလဒ်ပဲ ရပါလိမ့်မယ်။ ဥပမာအားဖြင့် သေးငယ်တဲ့ မီးက နည်းပါးတဲ့ အပူစွမ်းကို ပေးနိုင်ခြင်း သဘောမျိုးပဲ ဖြစ်ပါတယ်။" - Napoleon Hill

ရိုးရာလေး မှတ်ချက်

ဟုတ်ပါတယ် ရိုးရာလေး စာဖတ်သူတို့... စိတ်ညို့အားလို့ပဲ ပြောပြော၊ စိတ်စွမ်းအားလို့ပဲ ပြောပြော မိမိမှာသာ အင်မတန် ပြင်းပြတဲ့ လိုချင်တပ်မက် စိတ် တစ်ခုသာ ရှိရင် ယင်း စိတ်ဆန္ဒက မိမိလိုချင်တဲ့ ပန်းတိုင် နေရာ တစ်ခုကို ရောက်အောင် ပေးပို့သွားပါတယ်။ မဖြစ်ဖြစ်အောင် လုပ်ကိုလုပ်နိုင်ရမယ် ဆိုတဲ့ သနိံ္ဒဌာန် တစ်ခုလည်း ဖြစ်ပြီး နေ့တိုင်း ရေ ရွတ်ခြင်း၊ နေ့တိုင်း စိတ်ထဲမှာ တွေးခြင်း တို့က မိမိရဲ့ နေထိုင်မှု ပုံစံ၊ ကြိုးစားမှု ပုံစံများ၊ လိုအပ်သည်များကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးသွား ပါတယ်။ အချို့က effect မဖြစ်ဘူးလို့ ဆိုပါတယ်။ နပိုလီယံပြောသွားသလိုပဲ စိတ်ဆန္ဒအားနည်းနေသေး လို့ ဖြစ်ပါတယ်။ စိတ်ဆန္ဒအားကို ပန်းတိုင် မရောက်မချင်း တင်းထားနိုင်သူကတော့ နည်းပါတယ်။ ဒါကြောင့်မို့ လောကမှာ အောင်မြင် သူတွေ အနည်းငယ်သာ ရှိခြင်း ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...