စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လမ်းလျှောက်ခြင်း အကျိုးကျေးဇူး အနှစ်ချုပ်


- နှလုံးအား ကောင်းစေသည်။

ပုံမှန်လမ်းလျှောက်ဖြစ်သူများသည် သွေးပေါင်ချိန် ပုံမှန်ရှိကြသဖြင့် နှလုံးအပေါ် ဖိအားသက်ရောက်မှု နည်းပါးကာ နှလုံးသည် ကျန်းကျန်း မာမာနှင့် တာရှည် အလုပ်လုပ်နိုင်စွမ်းရှိသည်။ တစ်ကြိမ်လျှင် (၄၅)မိနစ်ခန့်နှင့် တစ်ပတ်သုံးကြိမ်လောက် အားစိုက်လမ်း လျှောက်ပေးရုံနဲ့ နှလုံး ကျန်းမာရေး စိတ်ချရ နိုင်သည်။

-လေဖြတ်နိုင်ခြေ နည်းသွားမည်။

စပိန် သုတေသနတစ်ရပ်အရ တစ်ပတ်ကို အနည်းဆုံး သုံးနာရီခန့် တစိုက်မတ်မတ် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်သော အမျိုးသမီးများ သည် မလုပ်သူများနှင့်ယှဉ်လျှင် လေဖြတ်နိုင်ခြေ(၄၃)ရာခိုင်နှုန်းထိ နည်းသွားကြောင်း သိရသည်။

-ရင်သားကင်ဆာ ဖြစ်နိုင်ခြေလည်း နည်းသွားမည်။

သွေးဆုံးပြီးသော အမျိုးသမီးများကို လေ့လာထားမှု တစ်ရပ်အရ တစ်ပတ်ကို ခုနစ်နာရီနှင့် အထက် တစိုက်မတ်မတ် လမ်းလျှောက်တတ်သူ များသည် တစ်ပတ်ကို သုံးနာရီထက် နည်းသူများနှင့် ယှဉ်လျှင် ရင်သားကင်ဆာကျိတ်ဖြစ်နိုင်ခြေ (၁၄) ရာခိုင်နှုန်း နည်းသွားကြောင်း သိရသည်။

-မှတ်ဉာဏ်လည်း ပိုကောင်းလာမည်။

အသက် (၅၅) အထက် သမားများကို လေ့လာ ထားသော နယ်သာလန် သုတေသန တစ်ရပ် အရ ပုံမှန် လမ်းလျှောက်သူ၊ ကိုယ်လက် လေ့ကျင့်ခန်း လုပ်သူများသည် မလုပ်သူများနှင့်ယှဉ်လျှင် မှတ်မိနိုင်စွမ်း ပိုကောင်းကြသလို၊ အာရုံစူးစိုက် နိုင်စွမ်းလည်း ပိုကောင်းကြောင်း တွေ့ရသည်။

-အရိုးပွရောဂါဖြစ်ပြီး အရိုးကျိုးမှာလည်း စိတ်မပူရ။

လမ်းလျှောက်နေစဉ် လူ၏ အလေးချိန်ကို အရိုးများက ထမ်းထားရသည်။ ထိုသို့ ထမ်းထားရခြင်းကြောင့် အရိုးများသည် ဖိအားခံစားရသည်။ ထိုဖိအားကြောင့် အရိုးများသည် ကျစ်လာသည်။ ကျစ်လာသဖြင့် မာကျော ခိုင်မာလာကာ တော်ရုံနဲ့ အရိုးကျိုးခြင်းမျိုး မဖြစ်တော့။ လမ်းလျှောက်နည်းပြီး အထိုင်များသူများ၏ အရိုးများကား ဖိအားဒဏ် မခံရသဖြင့် မကျစ်ဘဲ ခပ်ပွပွဖြစ်နေရာ တော်ရုံလောက် ထိခိုက်မိရုံဖြင့်ပင် ကျိုးသွားတတ်သည်။ တစ်နေ့ (၄၅) မိနစ်လောက် လမ်းလျှောက်ပေးရုံဖြင့်ပင် အရိုးပွပြဿနာ ကင်းဝေးကြောင်း သုတေသနများက ပြောသည်။ အပြင်ထွက် လမ်းလျှောက်ခြင်းကြောင့် နေရောင်မှရသည့် ဗီတာမင်ဒီသည်လည်း အရိုးကို ထပ်တိုး သန်မာစေပြန်သည်။

-ဆီးချိုဖြစ်နိုင်ခြေ နည်းသွားမည်။

လန်ဒန်တက္ကသိုလ် သုတေသန အဖွဲ့၏ စစ်တမ်းတစ်ရပ်အရ အလုပ်ကို လမ်းလျှောက်လာသူများသည် ကားမောင်းလာသူများနှင့် ယှဉ်လျှင် ဆီးချို ဖြစ်နိုင်ခြေ (၄၀)ရာခိုင်နှုန်း ထိနည်းပါးကြောင်း သိရသည်။

-စိတ်ခွန်အား တိုးစေသည်။

လမ်းလျှောက်ခြင်းသည် စိတ်ကျခြင်းကို အကောင်းဆုံး ကုစားပေးနိုင်သော ဆေးနည်းဖြစ်ကြောင်း စိတ်ပညာလောကက အသိအမှတ်ပြုထား ကြသည်။ လမ်းလျှောက်ခြင်းကြောင့် လူကို စိတ်ခွန်အားဖြစ်စေသော အန်ဒိုဖင်းဓာတ် ထွက်လာသည်။ အန်ဒိုဖင်းဓာတ် ထွက်လာသည့်အခါ လူသည် ပျော်ရွှင်တက်ကြွကာ ဘက်စုံကျန်းမာရေး အတွက်ပါ အားဆေးတစ်ခွက်အလား ဖြစ်လာသည်။လမ်းလျှောက်ခြင်းသည် ငွေကြေး အကုန်အကျလည်း မရှိ၊ ဘေးထွက် ဆိုးကျိုးလည်း မဖြစ်စေသော အကောင်းဆုံး အပြုအမူဖြစ်သည်။
http://www.lyhealthcare.com/archives/2034
Ref: Health benefits of walking by Susannah Hickling (rdasia.com)
Trend Myanmar

http://www.lyhealthcare.com/topics/လေဖြတ်ခြင်းနှင့်ဗဟုသုတ


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...