စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျားအို လက်အောက် သင်မရောက်စေနှင့်



အသက်ကြီးပြီး အစာမရှာနိုင်တော့တဲ့ ကျားတစ်ကောင် အလွယ်နည်းနဲ့ အစာရဖို့ သူစဉ်းစားတယ်။ နောက်တော့ အဖြေရှာမရလို့ ခြေကျိုး ကျားနေတဲ့ ကျားအဖြစ် ယောင်ဆောင်ပြီး လက်အောက်မှ ကျောက်ခဲထည့်ထားတဲ့ အထုတ်ကို ရွေထုတ်ဖြစ်ကြောင်း သူ့ရှေ့ဖြတ်သွားသူတိုင်းကို ပြောတယ်။ လူတစ်ယောက်ယောက်များ ရွှေကိုလိုချင်လိုငြားပေါ့။

အဲ့ဒီမှာ လူတစ်ယောက် သူ့ဂွင်ထဲ ရောက်လာတယ်။ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေတဲ့ လူကို စွဲဆောင်ဖို့အတွက် ကျားက ခုလို စည်းရုံးတယ်။

' အို အသင်လူသား၊ ကျန်ုပ်တို့ကျားတို့သည် အသားစားသည်က မှန်ပေ၏။ မြတ်ဘုရားရှင် ဟောခဲ့သော တရားတော်များနှင့် ဝေးရ၍ ကျန်ုပ်ခုလို ဖြစ်ခဲ့ရသည်။ ယခု ငါတရား အားထုတ်မည်။ လူသားလည်း မစားတော့။ အသားလည်း ရှောင်သည်။ တတ်နိုင်သလောက် တရားကျင့်ကြံလို့ လူသားအကျိုးကို ဆောင်သယ်ပိုးမည်။ ယခု အကျန်ုပ်လက်အောက် က ရွှေထုတ်ကို ယူပါလေ။'

ဒါနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာ ရိုးရာလေး စာဖတ်သူတို့ လွယ်တကူ ရိတ်မိမှာပါ။ (ကလေးတောင် နားလည်မယ့် ပုံပြင်လေး တစ်ပုဒ်ပါပဲ) အညာလွယ်တဲ့ ဖြတ်လျှောက် လူသားတစ်ယောက်တော့ ကျားပါးစပ်ထဲကို ပါသွား ရှာတယ်။

ဒီလိုပါပဲ။ လောကီမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ တရားလမ်းမှာပဲ ဖြစ်ဖြစ် ပညာ သင်ကြား ဆည်းပူးလေ့လာတဲ့အခါ အဆုံးထိ မရောက်ပဲ တစ်ဝက်တစ်ပြတ် ဖြစ်နေတာဟာ ကိုယ့်အတွက် အန္တရာယ်များပါတယ်။ လုံးဝ မတတ်တာလည်း မဟုတ်။ အပြည့်တတ်တာလည်း မဟုတ်တော့။ မယုံတစ်ဝက် ယုံတစ်ဝက်၊ မသိ တစ်ဝက် သိတစ်ဝက်နဲ့ ရှေ့ဆက်တော့ ကိုယ့်အတွက် အနာဂတ်မှာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် လောကုတ္တရာ မှာဆိုရင် မဂ်ဖိုလ်လမ်း မရောက်ပဲ ဈာန် သမထ လမ်းစဉ် ရောက်သွားတာမျိုးတို့ ဖြစ်ပါတယ်။ လောကီမှာ ဆိုရင်တော့ သိပ်မသိသာ ပါဘူး။ ထိပ်ဆုံးက သူလည်း မဟုတ်လို၊ အောက်က လူလည်း မဟုတ်တဲ့ နေရာမှာပါ။ အကယ်၍ စဉ်းစားဆင်ခြင်နိုင်စွမ်းနဲ့ သတိလေးသာ ကပ်မထားရင် ယင်းလူဟာလည်း ဒုက္ခရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူတို့ အနေနဲ့ မိမိတို့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာနဲ့ ဘာသာရေးတို့မှာ အမြင့်နိုင်ဆုံး ဖြစ်အောင် အမြဲတမ်း ကြိုးစား အားထုတ်ကြဖို့ အကြံပေး ရေးသားတိုက်တွန်းလိုက်ရပါတယ်။

ကိုးကား ပုံပြင် - ကိုယ်ကျင့် အဘိဓမ္မာ (အရှင်ဇနကာဘိဝံသ)


အောင်ခမ်း (ရိုးရာလေး )
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...