စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ချောက်ကမ်းပါးတွင် Selfie ဓာတ်ပုံရိုက်ရင်း ပြုတ်ကျသေဆုံးခဲ့သည့် စုံတွဲ


 
ကာဘိုဒါရာကာမှ မတ်စောက်သော ကမ်းပါးနေရာတစ်ခုကို တွေ့မြင်ရစဉ်။
ချောက်ကမ်းပါး အစွန်းတွင် အမှတ်တရအဖြစ် Selfie ဓာတ်ပုံရိုက်ရင်း စုံတွဲတစ်တွဲ ချောက်ထဲကျ သေဆုံးခဲ့ကြောင်း ပေါ်တူဂီ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပိုလန်နိုင်ငံမှ စုံတွဲတစ်တွဲသည် ပေါ်တူဂီနိုင်ငံ အနောက်ပိုင်းရှိ ကာဘိုဒါရိုကာတွင် ကျောက်ကမ်းပါးစွန်း အနီးထိ တိုးကပ်သွားစဉ် ပေပေါင်းရာနှင့်ချီသည့် အမြင့်မှ ပြုတ်ကျသွားခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦး ပြုတ်ကျသွားသည်ကို အသက်(၅)နှစ်နှင့် (၆)နှစ်အရွယ်ရှိ ကလေးများက မျက်မြင် တွေ့ရှိခဲ့သည်။

ပေါ်တူဂီ ရဲတပ်ဖွဲ့က သေဆုံးသူများ၏ ကလေးများကို မေးမြန်းပြီးနောက် အဆိုပါ စုံတွဲသည် Selfie ဓာတ်ပုံရိုက်ရန် ချောက်ကမ်းပါးအနီး သွားရောက်ခဲ့ပြီး ခြေချော်ရာမှ ပင်လယ်ထဲ ပြုတ်ကျသွားခြင်းဟု ကောက်ချက်ချခဲ့သည်။ မိဘများ၏ ဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့် ကလေးများကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ကုသပေးခဲ့ရကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့သည် သေမှုသေခင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေဆဲ ဖြစ်ပြီး အဆိုပါ စုံတွဲသည် လုံခြုံရေး သတ်မှတ်ချက်ဖြင့် ကာရံထားသည့် အတားအဆီးများကို ကျော်ဖြတ်ပြီး ကမ်းပါးစွန်းထိ သွားရောက်ခဲ့ခြင်းဟု ဖော်ထုတ် တွေ့ရှိထားသည်။ စပိန်စုံတွဲ တစ်တွဲက အဆိုပါ ဖြစ်ရပ်ကို အသိပေး တိုင်ကြားခဲ့ပြီးနောက် အလောင်းများကို ရှာဖွေခဲ့သော်လည်း ဒီရေတက်လာသဖြင့် ဩဂုတ် (၁၀)ရက်မှသာ အလောင်းပြန်ဆယ်နိုင်ခဲ့ကြောင်း သတင်းများက ဆိုသည်။ အဆိုပါ ပိုလန်စုံတွဲသည် ပေါ်တူဂီတွင် လာရောက်နေထိုင်သည်မှာ နှစ်အတန်ငယ် ကြာမြင့်နေပြီဟု ပိုလန်ကောင်စစ်ဝန်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Selfie ဓာတ်ပုံရိုက်ရန်အတွက် အသက်စွန့်ခဲ့ရသည့် ဖြစ်စဉ်များတွင် အဆိုပါ စုံတွဲသည် ပထမဆုံး မဟုတ်ချေ။ ရုရှားမှ အသက်(၁၇)နှစ်အရွယ် ဇိုင်နီရာ အစ်နတ်ယီဗာသည် Selfie ဓာတ်ပုံရိုက်ရန် မီးရထား ခုံးတံတားတစ်ခုပေါ် တွက်တက်ရာ ပေ(၃၀)အမြင့်မှ ချော်ကျပြီး ဗို့အား(၁၅၀၀)ရှိ ဓာတ်ကြိုးများနှင့် ထိမိပြီး သေဆုံးခဲ့ဖူးသည်။ အီတလီမှ အသက်(၁၆)နှစ်အရွယ် အစ္စဘယ်လာ ဖရန်ချီယိုလာသည်လည်း ကျောက်ဆောင်တစ်ခုပေါ် တက်ပြီး Selfie ဓာတ်ပုံရိုက်ရန် ကြိုးစားရာ ပေ(၆၀)မျှ အမြင့်မှ ပြုတ်ကျခဲ့သော်လည်း သူမ၏ အသက်ကို ဆရာဝန်များက ကယ်တင်နိုင်ခဲ့သည်။
_Ref: Dailymail

http://7daydaily.com/story/18152#.U-tkZmPzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...