စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံး

မျှော်လင့်ချက်၊ ရှုံးပွဲ၊ ဒေါသနှင့် အသက်တစ်ချောင်း

အယ်လ်ဂျီးရီးယားလိဂ် ပြိုင်ပွဲမှာ ပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့တဲ့ အရာဝတ္တု ထိမှန်ပြီး ကင်မရွန်း ဘောလုံးသမားတစ်ဦး သေဆုံးသွားခဲ့ရပါတယ်။ ယူအက်စ်အမ်အယ်ဂျာကို ကာဘိုင်လီအသင်း (၂-၁)ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေက ကစားသမားတွေ အ၀တ်လဲခန်း သွားရာလမ်းတစ်လျှောက် အရာဝတ္တုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီလို ပစ်ပေါက်ကြရာမှာ အရာဝတ္တုတစ်ခုက ကာဘိုင်လီတိုက်စစ်မှူး အီဘော့ဆေးရဲ့ ဦးခေါင်းကို ထိမှန်ခဲ့ပါတယ်။

ဦးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ အီဘိုဆေးကို ဆေးရုံတင်ပို့ခဲ့ပေမယ့် အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့ပိုင်း တီဇီအိုဇူးမြို့က ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အီဘိုဆေး သေဆုံးရခြင်းအတွက် အရာဝတ္တုနဲ့ ပစ်ပေါက်သူကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

@z (ရိုးရာလေး)
Ref:bbc


 မူရင်း=https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...