စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကြောင်များဟာ လူတွေကို အရူးလို သတ်မှတ်ြ

ကြောင်များက လူပြောသမျှ နားလည်သော်လည်း

အမေရိကန်က တရိစ္ဆာန် လေ့လာသူ ပညာရှင်များရဲ့ တွေ့ရှိချက် အသစ် ဖြစ်ပါတယ်။ ယင်းတွေ့ရှိချက် အရ ကြောင်များဟာ လူတွေရဲ့ ပြောတဲ့ စကား အားလုံး နီးပါးကို နားလည်ကြောင်း သိရပါတယ်။

သို့ပေမယ့် သူတို့ဟာ ခွေးတွေလို လူတွေကို လူတွေကို အထိုက်အလိုက် ကို ပြုမူ ပေးတတ်တဲ့သူများတော့ မဟုတ် ပါဘူး။ အကြောင်း ကတော့ ကြောင်များဟာ လူတွေကို အရူးလို သတ်မှတ်ခြင်းသာ ဖြစ်ပါတယ်။ အရူးလို သတ်မှတ်တယ် ဆိုတာ သိလျက်နဲ့ ပြောလည်း၊ ပြန်တုန့်ပြန်လည် မထူးဘူး ဆိုတဲ့ အလေ့အထနဲ့ နေထိုင်ခြင်းသာ ဖြစ်ပါတယ်။

လူတွေ ဘာပဲလုပ်လုပ် ဖြစ်ချင်ရာ ဖြစ်နေကြပါစေ ဆိုပြီးတော့ ခေါင်းအေးအေးထား စိတ်လွတ်ကိုယ်လွတ် နေထိုင်တတ်တဲ့ အလေ့ အထ ကြောင့်သာ ကြောင်များဟာ လူသားတွေကို နားမလည်ဘူးလို့ ထင်ရခြင်း ဖြစ်ပါတယ်။ အမှန်တော့ ကြောင်များဟာလည်း ကမ္ဘာပေါ်မှာ ဥာဏ် အကောင်းဆုံး တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်နေတဲ့ တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။

စကားချက် - အချို့ကြောင် အနည်းစု သာ သခင်အလိုအတိုင်း ပြုစုနေထိုင်တတ်တာမျိုးလည်း ရှိပါတ်။
.
Ref: sciencefact

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...