စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင် ပန်ချီးကားကို အလျင်မလိုသင့်တဲ့ အကြောင်း





အနုပညာရသကို စတင်ခံစားတတ်လာတဲ့ သူဌေး တစ်ဦးဟာ သက်ဝင် လှုပ်ရှားပြီး အနုပညာရသ မြောက်တဲ့ ကြောင်ပုံ တစ်ပုံလိုချင် တာကြောင့် မြို့ထဲ က အတော်ဆုံး ပန်းချီဆရာ တစ်ဦးကို အပ်လိုက် ပါတယ်။ အခြာသော ပန်းချီဆရာ များက မဆွဲနိုင်ကြောင်း ဝန်ခံကြလို့ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပန်းချီကား ရနိုးနိုးနဲ့ သူဌေးဟာ တစ်လ တစ်ခါလောက် ဆိုင်သွားသွား မေးရ ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ပြည့်တဲ့အချိန်ကို ရောက်လာ ပါတယ်။ ပန်းချီဆရာရဲ့ ဆိုင်ကိုလာပြီး ပန်းချီကား ပြီးပြီလားလို့ သူဌေးက မေးတော့ ချက်ချင်းပဲ စက္ကန့် ၃၀ အတွင်း အင်မတန် ရသမြောက်တဲ့ ပန်းချီကား တစ်ကားကို ရေးဆွဲပေးလိုက်ပါတယ်။ ဒါနဲ့ စက္ကန့်သုံးဆယ်သာ အချိန်ကုန်တဲ့ ယင်း ပန်းချီကားအတွက် ၁ နှစ်တောင် စောင့်ခိုင်းခဲ့တာမို့ ဒေါသ ထွက်တဲ့ သူဌေးက ပြဿနာ ရှာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ ပန်းချီဆရာဟာ သူ ယခင်က ဆွဲထားတဲ့ (လက်ရှိဆွဲပြီးတော့ ပုံလောက် ရသမမြောက်သေး တဲ့) ကြောင်ပုံ ပန်းချီကားပေါင်း အချက် ၆၀ ကျော်ကို ပြသခဲ့ပါတယ်။ ယင်းဟာ ပန်းချီဆရာ အနေနဲ့ တစ်နှစ်ပတ်လုံး ယခုလို စက္ကန့် ၃၀ အတွင်း ဆွဲလိုက်လို့ ရလိုက်တဲ့ ပန်းချီကားလို ကောင်းအောင် ကြိုးစား ကျင့်ကြံခဲ့ရခြင်း ဖြစ်ပါတယ်။

သင်ခန်းစား ၁

လူတစ်ယောက်ရဲ့ အရည်အချင်း နဲ့ လုပ်ဆောင်ချက်နဲ့ အလုပ်ကြာချိန်တစ်ခုတည်းနဲ့ တွက်ချက်စဉ်းစားလို့ မရပါဘူး။ ဥပမာ ကုန်ထမ်း ဝန်ထမ်း တစ်ဦးရဲ့ တစ်နေ့ ၈ နာရီ အလုပ် ရလဒ်နဲ့ ယင်း ကုန်ပစ္စည်း တီထွင်ဖန်တီးတဲ့ ပညာရှင် တစ်ဦးရဲ့ တစ်နေ့ ၈ နာရီ အလုပ် ရလဒ်ဟာ မတူညီပါဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ လုပ်အား တန်ဖိုးကို ဖြတ်တဲ့အခါ ကြာချိန်ထက် အကျိုးသက်ရောက်မှု ရလဒ် (Result and effect) ကို ဦးစားပေးရမှာ ဖြစ်ပါတယ်။

သင်ခန်းစား ၂

အကောင်းဆုံး ဆိုတဲ့ ရလဒ်များရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှု ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်ပါဘူး။ လူချင်းတူပြီး ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်နေတာချင်းအတူတူ သူက ကိုယ့်ထက် ပိုလို့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေရင် ထူးချွန်ထက်မြတ်နေရင် ဒါဟာ သူ့ရဲ့ ကြိုးစား လေ့လာ သင်ယူမှုက ကိုယ့်ထက် ပိုအားများနေလို့ ဆိုတာ သိနိုင်ပါတယ်။

သင်ခန်းစာ ၃
တောင်အပေါ် ရောက်ဖို့တက်တဲ့အခါ တစ်စုံတစ်ယောက်က တွန်းအားပေးလို့ တက်ရင် အပေါ်ကိုတော့ အချိန်တိုအတွင်း ရောက်သွားပါလိမ့်မယ်။ သို့ပေမယ့် လမ်းတစ်လျှောက်က သဘာဝအလှ အရသာများကို မခံစားခဲ့ရတဲ့အတွက် ပန်းတိုင်ရောက်သည့်တိုင် အောင်မြင်မှုရဲ့ အရသာကို သေချာ မရ ပါဘူး။ အလုပ် တစ်ခုကို ဖြစ်မြောက်ဖို့ ကြိုးစားတဲ့အခါ အခက်အခဲများ၊ တွေ့ရှိမှုများကို စိတ်ရှည်ရှည် လေ့လာ ပြီး ပန်းတိုင်ကို ရောက်အောင်သွားခြင်းက မိမိရဲ့ အောင်မြင်မှုကို ပိုလို အားရ ဂုဏ်ယူမိမှာ ဖြစ်ပါတယ်။

သင်ခန်းစား ၎

လက်ဘက်ကောင်းကောင်း စားချင်လျှင် ပလောင် တောင်တက်နှေးရသလို အကောင်းဆုံးဖြစ်ပါတယ်ဆိုတဲ့ အရာများ၊ စိတ်ကူးယဉ်အိပ်မက်များ လက်တွေ့ ဖြစ်လာဖို့ စိတ်ရှည်ရှည်နဲ့ တစ်စိုက်မက်မက်နဲ့ သေချာ အားထုတ် ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

.
အောင်ခမ်း (ရိုးရာလေး)
www yoyarlay.com 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...