စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားလပ်ရက်မှာ လည်စရာ မြင်းခွာကျွန်း [City Golf Resort]

ဓာတ်ပုံ− sstm

 ဒီတစ်ပတ် ပိတ်ရက်မှာ မြို့ပြရဲ့ အငွေ့အသက်တွေနဲ့လည်း ကင်းပြီး မိသားစုနဲ့အတူ လွတ်လွတ်လပ်လပ် အနားယူနိုင်မယ့် နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။
ရေကူးကန်အလန်းစားရယ်၊ စိမ်းစိမ်းစိုစို မြက်ခင်းပြင်ကြီးရယ်၊ လိုရာကို စိတ်ကြိုက်မှာစားနိုင်တဲ့ စားသောက်ဆိုင်ကောင်းကောင်းတစ်ခုရယ်၊ နောက်ပြီး အားကစားဝါသနာပါတဲ့သူတွေအတွက် တင်းနစ်ကွင်းကအစ စုံစုံလင်လင်ရှိတဲ့ နေရာတစ်ခုကို ညွှန်ပြလိုပါတယ်။

နေရာကတော့ အင်းစိန်က ဂျပန်လမ်းလို့ အများသိထားတဲ့ သီရိမင်္ဂလာလမ်းမှာရှိတဲ့ City Golf Resort ထဲမှာရှိတဲ့ မြင်းခွာကျွန်း ရေကူးကန်နဲ့ စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။
အဲဒီနေရာလေးက တကယ် ကို မိသားစုတွေ သာသာယာယာ အေးအေးချမ်းချမ်းနဲ့ နားနေနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဘော်ဒါတွေ၊ အပေါင်းအသင်းတွေစုပြီး သွားရင်လည်း အဆင်ပြေမယ့် နေရာလေးတစ်ခုပါ။

ဂေါက်ကွင်းနဲ့နီးတာမို့ စိမ်းစိမ်းစိုစို မြက်ခင်းပြင်ကြီးတွေနဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရှူရှိုက်ရင်း ကျန်းမာ ရေးအတွက်လည်း ကောင်းမွန်စေတဲ့နေရာပါ။
မြင်းခွာကျွန်းကို အဓိကလာရောက်ကြတဲ့သူတွေကတော့ ရေကူးရင်း အပန်းဖြေကြသူတွေပဲ ဖြစ်ပါတယ်။ ကလေးရော လူ ကြီးပါ အဆင်ပြေပြေကူးနိုင်တဲ့ ရေကူးကန်သန့်သန့်ကို စီစဉ်ပေး ထားပါတယ်။
လူကြီးရေကူးကန်က အနက်လေးပေကနေ ကိုးပေအထိရှိပြီး သန့်သန့်ရှင်းရှင်း၊ ကျယ်ကျယ်ဝန်းဝန်း ရှိလှပါတယ်။ ကလေးတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ ရေကူးကန်ကတော့ အနက်တစ်ပေကနေ လေးပေသာ ရှိပါတယ်။ ကလေးရေကူးကန်မှာ ရေလွှာလျှောစီးအသေးစားလေးတစ်ခုကိုလည်း ထည့်ပေးထားတာမို့ ကလေးတွေ အကြိုက်တွေ့စေမှာပါ။

ရေကူးကန် အသုံးပြုခကို တော့ လူကြီးတစ်ယောက် ၄၀၀၀ ကျပ်သတ်မှတ်ထားပြီး ကလေး တွေ အတွက်ကတော့ တစ် ယောက်ကို ၂၀၀၀ ကျပ် သတ် မှတ်ပေးထားပါတယ်။ အသုံးပြု တဲ့အချိန်ကိုတော့ ရေကူးကန် ဖွင့် ချိန် မနက် ၈ နာရီကနေ ည ၈ နာ ရီအထိ ကြိုက်သလောက် အသုံး ပြုနိုင်ပါတယ်။

နောက်ပြီး ရေကူးကန်မှာ အသုံးပြုမယ့် အင်္ကျီ၊ ဘောင်းဘီ၊ မျက်မှန်တို့ကို တစ်မျိုး ၅၀၀ ကျပ်နဲ့ ငှားရမ်းပေးတာမို့ ၀တ် စုံအပိုမပါသူတွေအတွက်လည်း ရေကူးတဲ့အခါ အဆင်ပြေစေမှာ ပါ။ အမြဲတမ်း ရေကူးလေ့ရှိသူ တွေအတွက် အသင်းဝင်လက်ခံ ပေးထားပြီး နွေရာသီရေကူးသင် တန်းတွေ၊ သီးသန့် ရေကူးသင် တန်းတွေကိုလည်း ဆောင်ရွက် ပေးတာမို့ ရေကူးသင်ချင်တဲ့သူ တွေအတွက်လည်း အကြိုက်တွေ့ စေမှာပါ။ ရေကူးရင်း အနားယူ စားသောက်လိုသူတွေ အဆင်ပြေစေဖို့အတွက် မြင်းခွာကျွန်းမှာ စားသောက်ဆိုင်တစ်ဆိုင်ကို  တွဲပြီး ဖွင့်ပေးထားပါတယ်။

မြန်မာလူမျိုးတွေ ကြိုက်နှစ် သက်တဲ့ တရုတ်အစားအသောက် မျိုးစုံကို မှာယူစားသောက်နိုင်ပြီး သောက်တတ်သူတွေ အတွက် လည်း အဖျော်ယမကာမျိုးစုံကို ရောင်းပေးပါတယ်။ ဒါပေမဲ့ အ ပြင်ကနေ ကိုယ်ပိုင်ပုလင်းကို ယူ လာမယ်ဆိုရင်တော့ ပုလင်းခပေးရမှာဖြစ်ပါတယ်။
ညနေဘက်ဆိုရင် ရေကန် ပတ်လည်မှာ စားပွဲခုံတွေ ခင်း ပေးထားတာကြောင့် ညနေဘက် အလှအပကို ခံစားရင်း သူငယ် ချင်းတွေ၊ မိသားစုတွေနဲ့ စားရင်း သောက်ရင်း စကားပြောနိုင်မယ့် နေရာကောင်းလေးတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။

မြင်းခွာကျွန်းမှာ အားကစား နဲ့ပတ်သက်ပြီး နောက်တစ်ခုက တင်းနစ် ၀ါသနာပါသူတွေအ တွက် အမိုက်စားတင်းနစ်ကွင်း လည်း ရှိနေပြန်ပါသေးတယ်။
ကွင်းငှားရမ်းခကို တစ်နာရီ ငါးထောင်ကျပ်နှုန်းနဲ့ ငှားရမ်း ပေးပြီး တင်းနစ်ကစားလိုသူတွေသိထားသင့်တဲ့  အရာကတော့ ကိုယ်ပိုင်တင်းနစ်ကစားနည်းသုံး ပစ္စည်းတွေကို စုံစုံလင်လင် ယူဆောင်လာဖို့ လိုအပ်ပါတယ်။

အဲဒီမှာ တင်းနစ်အပြင် ဘိ လိယက်ခုံတွေပါ ရှိနေတာကြောင့် ဘိလိယက်ဝါသနာပါသူတွေ အ ကြိုက်တွေ့စေမယ့် ၀န်ဆောင်မှု တစ်ခုလည်း ဖြစ်ပါတယ်။
ဘိလိယက် ထိုးချင်တဲ့သူ တွေအတွက် ခုံနှစ်ခုံရှိပြီး ခုံအမျိုး အစားအလိုက် တစ်နာရီကို ၁၅၀၀ ကျပ်ကနေ ၂၀၀၀ ကျပ်အထိ အမျိုးမျိုး သတ်မှတ်ပေးထားပါတယ်။
မြင်းခွာကျွန်းမှာ နောက်ထပ် ရှိသေးတာကတော့ လာရောက် လည်ပတ်တဲ့သူတွေ ကုသိုလ်ဖြစ် ငါးစာကျွေးနိုင်တာပါပဲ။

မြင်းခွာကျွန်းကို ပတ်ပတ် လည်ဝိုင်းထားတဲ့ ရေကန်ရှိပြီး အဲဒီရေကန်မှာ ရေချိုငါးမျိုးစုံကို မွေးမြူထားကာ လာရောက်လည် ပတ်သူတွေ ကုသိုလ်ဖြစ် ငါးစာကျွေးနိုင်ဖို့ ပေါင်မုန့်များကို တစ်ထုပ်ကို ငါးရာကျပ်နဲ့ ရောင်းချပေးပါတယ်။ ဒါကြောင့် အပန်းဖြေလာရင်းနဲ့ ငါးစာလည်း ကျွေးနိုင်တာမို့ ပိတ်ရက်မှာ ကုသိုလ်တိုးစေမယ့် နေရာတစ်ခုပါ။

အဲဒီနေရာမှာ  မွေးနေ့ပွဲတွေ၊ မင်္ဂလာဆောင်ပွဲတွေ ကျင်းပလိုသူတွေအတွက် သီးသန့်ဝန် ဆောင်မှုပေးတာကြောင့် ပွဲလုပ် ချင်သူတွေအတွက်လည်း အဆင် ပြေမှာပါ။
 သတိထားစေချင်တာက တော့ နေရာက အေးအေးဆေး ဆေးရှိတာကြောင့် စနေ၊ တနင်္ဂ နွေနေ့တွေမှာ လာရောက်တဲ့သူ များတယ်ဆိုတဲ့ အချက်ပါ။

အဲဒီ ရေကူးကန်အမိုက်စား ရယ်၊ စားသောက်ဆိုင် ကောင်း ကောင်းရယ်၊ တင်းနစ်ကွင်းတွေ ရယ်၊ မြင်ခင်းပြင်စိမ်းစိမ်းတွေရယ်မှာ အနားယူ အပန်းဖြေလိုသူတွေအတွက် မြင်းခွာကျွန်းကို သွားမယ်ဆိုရင်တော့ စော်ဘွားကြီးကုန်း လမ်းဆုံကနေ ပြည်လမ်း အတိုင်း မင်္ဂလာဒုံဘက်ကို ကားနဲ့ လာမယ်ဆိုပါက မိနစ်ပိုင်းအတွင်း City Golf Resort သို့ဆိုပြီး လမ်း ညွှန်ထားတဲ့ သီရိမင်္ဂလာလမ်းကို မြင်တွေ့ရမှာပါ။

City Golf Resort ရောက်ပြီ ဆိုတာနဲ့ အ၀င်လေးတင် မြင်းခွာ ကျွန်းကို မြင်တွေ့ရမှာ  ဖြစ်ပါတယ်။
ကဲ..ဒီတစ်ပတ်ပိတ်ရက်မှာ တော့ မိသားစုတွေ၊ အပေါင်းအ သင်းတွေစုပြီး လူငွေ့တွေ၊ ကား ငွေ့တွေနဲ့ ပိတ်လှောင် မွန်းကျပ် နေတဲ့ ရန်ကုန်မြို့ကြီးနဲ့ အနည်း ငယ်ဝေးကွာပြီး လွတ်လွတ်လပ် လပ် နေလို့ထိုင်လို့ ကောင်းမယ့်နေရာဖြစ်တာကြောင့် သွားရောက်လည်ပတ်ကြဖို့ ရေးသားဖော်ပြလိုက်ပါတယ်။         ။

  မူရင်း=http://www.7daydaily.com/story/18883#.U_dXjmPzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...