စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျှစ်ပြုတ်၊ ချဉ်ပေါင်ရွက်သနပ်



ဒီတစ်ပတ်တော့ ၀ါတွင်းသက်သတ်လွတ်စားမယ့်သူတွေအတွက် ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ချဉ်ပေါင်ရွက်နှစ်စည်း၊ မျှစ်ပြုတ်နှစ်ချောင်းခန့် (အချောင်းသေးပါက ကိုးချောင်းခန့်)၊ ဆီသုံးကျပ်သားခန့်၊ ကြက်သွန်နီသုံး၊ လေးဥနှမ်းနက်စေ့လှော် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ငရုတ်သီးခြောက်တောင့်ခန့်၊ အရသာမှုန့်၊ ဆားတို့ပဲ လိုပါတယ်။ မျှစ်ကိုထက်ပိုင်းပိုင်းပြီး အရှည်လိုက်အမြှောင်းလေးများ မကြီးမငယ်လှီးပါ။ ဆားနည်းနည်းနဲ့နယ်၍ ရေစင်အောင်ဆေးပြီး မိနစ် ၂၀ ခန့်ပြုတ်ကာ ရေစစ်ပြီးအအေးခံပါ။

ချဉ်ပေါင်ရွက်အရင့်တွေပဲယူပြီးတော့ ရေဆေးပြီး ရေပွက်ပွက်ဆူနေတဲ့အိုးထဲမှာ ဆန်ခါနဲ့ထည့်ပြီး နှစ်မိနစ်လောက် အဖုံးအုပ်ထားပါ။ အရွက်တွေနွမ်းသွားရင် ဖယ်ပြီးအအေးခံထားပါ။  ကြက်သွန်နီကို ပါးပါးလှီးပြီးတော့ အကြွပ်ကြော်ပါ။ ငရုတ်သီးခြောက်ကိုလည်း အကြွပ်ကြော်ပါ။ နောက်ဆုံးမှာတော့ မျှစ်၊ ချဉ်ပေါင်၊ နှမ်းနက်၊ ကြက်သွန်နီကြော်၊ ဆား၊ အရသာမှုန့်ထည့်ပြီး ခပ်ဖွဖွနယ်ပါ။ အပေါ့၊ အငန်မြည်းပြီးတဲ့အခါ ကြက်သွန်နီကြော်လေးဖြူး၊ ငရုတ်သီးခြောက်ကြော်လေးနဲ့အတူ သုံးဆောင်နိုင်ပါပြီ။

(ဒီသနပ်ကို ရေခဲသေတ္တာထဲမှာ ခွက်သန့်သန့်၊ ဇွန်းသန့်သန့်နဲ့ စားမယ်ဆိုရင် နှစ်ရက်၊ သုံးရက်လောက် စားနိုင်ပါတယ်)

 မူရင်း= http://www.7daydaily.com/story/18908#.U_dXBWPzuSo

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...