စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လေထဲမှာ 3D ဒီဇိုင်း လက်တန်းဆွဲနိုင်ပြီ




လေထဲမှာ 3D ဒီဇိုင်း လက်တန်းရေးဆွဲနိုင်တဲ့ 3D pen ကို အမေရိကန် အခြေစိုက် ဟမ်မာချာရှလမ်မာ ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ 3D pen ဟာ မင်အစား အေးခဲလွယ်တဲ့ ကော်ရည်ကို အသုံးပြုထားတာပါ။ ဒီဇိုင်းဆွဲချင်တဲ့အခါ 3D penထဲမှာ ကော်ချောင်းထည့်ပြီး စက္ကန့်အနည်းငယ် အပူပေးရပါတယ်။ ကော်ရည်ပျော်လာရင် ခလုပ်နှိပ်ပြီး လေထဲမှာ ကိုယ်လိုချင်တဲ့ပုံစံ ဆွဲနိုင်ပြီး ရေးခြစ်လိုက်တဲ့အခါ ထွက်လာတဲ့ ကော်ရည်က ခဏချင်း
အေးခဲသွားမှာဖြစ်ပါတယ်။
ေေ

ကော်ရည်ပျော်နှုန်း ချိန်ညှိဖို့အတွက် ရေးဆွဲမှုနှုန်း (၃)မျိုး ထည့်သွင်းပေးထားပြီး အမည်း၊ အနီ၊ အ၀ါ၊ အစိမ်း၊ အပြာဆိုတဲ့ ကော်ချောင်းအရောင် (၅)မျိုး အသုံးပြုနိုင်ပါတယ်။ နာမည်ကျော် အဆောက်အဦးတွေကို ပုံစံငယ် ဖန်တီးချင်တဲ့ ဒီဇိုင်းပညာရှင်တွေအနေနဲ့လည်း အဲဒီအဆောက်အဦးပုံကို အရွယ်အစားချုံ ကူးယူပြီး 3D penနဲ့ ကိုယ်တိုင် ပြန်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ လျပ်စစ် ဓာတ်အားသုံး 3D pen အရွယ်အစားဟာ အရှည် ၇.၅လက်မ၊ အချင်း (၁.၅)လက်မ ရှိပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ (၁၀၀)ပါ။

--
Ref : Dailymail
@z(ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...