စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပူစပ်သော ဟင်းလျာများက အူမကြီး ကင်ဆာဖြစ်နှုန်းကို ရပ်တန့်စေနိုင်


ပူစပ်သော ဟင်းလျာများထဲတွင် ပါဝင်သော ဓာတုဒြပ်ပေါင်း တစ်မျိုးသည် အူမကြီးကင်ဆာ အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုတစ်ခုအရ တွေ့ရှိရသည်။ လေ့လာသူတို့က မျိုးရိုးအရ အစာအိမ် အူလမ်းကြောင်းထဲတွင် အကျိတ်များစွာ ရှိနေသော ကြွက်များကို ငရုတ်သီး ကျွေးခဲ့ရာ ငရုတ်သီးထဲတွင် ပါသည့် ကပ်ဆိုက်စင်ဓာတ်သည် အူလမ်းကြောင်း နံရံရှိ ဆဲလ်များထဲတွင် နာကျင်မှုလက်ခံရာ စင်တာကို လှုံ့ဆော်ပေးကာ အူမကြီးနှင့် အစာဟောင်းအိမ် အကျိတ်များ ကြီးထွားနှုန်း အန္တရာယ်ကို လျော့ကျစေကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါ ကုထုံးသည် ကြွက်များ၏ ဘဝသက်တမ်းကို ၃၀ ရာခိုင်နှုန်းကျော် ပိုရှည်စေကြောင်းနှင့် ရောင်ရမ်းမှုကျဆေး Celecoxib နှင့် တွဲပေးပါက ပိုမိုထိရောက်မှု ရှိကြောင်း သိပ္ပံပညာရှင်တို့က တွေ့ရှိခဲ့ကြသည်။


အူမကြီးကင်ဆာသည် ယူကေတွင် တတိယ အဖြစ်များဆုံး ကင်ဆာရောဂါဖြစ်ပြီး နှစ်စဉ် ရောဂါအသစ်ဖြစ်သူမှာ ပျမ်းမျှအားဖြင့် လေးသောင်းတစ်ထောင်ခန့် ရှိကြောင်း ဆရာဝန်တို့ တွေ့ရှိခဲ့ကြသည်။ လေ့လာမှုအရ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသည့် လူနာများတွင် အကျိတ်ကြီးထွားမှုကို ဟန့်တားနိုင်ရန် သူတို့စားသော အစာထဲတွင် ကပ်ဆိုက်စင်ဓာတ်ကို ထည့်သွင်း ပေးသင့်ကြောင်း သိရသည်။ လတ်တလောတွင် ကပ်ဆိုက်စင်ဓာတ်ကို လိမ်းဆေးများထဲတွင် အကိုက်အခဲ ပျောက်ဆေးအဖြစ် သုံးခဲ့ရာ နာကျင်မှု ခံစားရသည့် ကာလကို လျော့ကျစေကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။


http://www.lyhealthcare.com/archives/2154
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.3447325

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...