စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့သက်တမ်းအရင့်ဆုံး အက်တိုပစ်ကိုယ်ဝန်

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မက်ဒါပရာဒက်ရှ် က ဂျိုတီ ကူမာဆိုသူအမျိုးသမီးတဦးရဲ့ ခန္ဓာကိုယ်ထဲမှာ မမွေးဖွားခဲ့တဲ့ ကလေးရဲ့ အရိုးစု ရှိနေကြောင်းကို နှစ်ပေါင်း ၃၆ နှစ် ကြာမှ သိရတဲ့အတွက် ဖယ်ရှား လိုက်ပါပြီ။  




 မမွေးဖွားခဲ့ရတဲ့ကလေးအရိုးစုနဲ့ နှစ်ပေါင်း ၃၆ နှစ်ရှိ ဗိုက်ထဲက အက်တိုးပစ်ကိုယ်ဝန်၊ ဓာတ်ပုံ- The Mirror

ဒါကြောင့် သူ့မှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး အက်တိုပစ် ကိုယ်ဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကိစ္စအဖြစ် အလွန်ပဲ စိတ်ဝင် စားစရာ ကောင်းပါတယ်။ 

အက်တိုပစ် ကိုယ်ဝန်ဆိုတာ မြန်မာစာဖတ်ပရိသတ်တွေကို ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ရဲ့ အက်တိုးပစ် အပျိုစင် ဆိုတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးထားလို့ သိပြီးဖြစ်နိုင်ပါတယ်။ 

အက်တိုးပစ် ကိုယ်ဝန်ဆိုတာ  သားအိမ်မှာ ကိုယ်ဝန် တည်တာမဟုတ်ဘဲ သားအိမ်ပြင်ပမှာ ကိုယ်ဝန် တည်တဲ့ ထူးခြားဖြစ်စဉ်ပါ။ ဒီလို ကိုယ်ဝန်မျိုးဟာ ကလေးအတွက်ရော၊ မိခင်အတွက်ပါ အသက် အန္တရာယ်အလွန်ကြီးပါတယ်။ 

၁၉၇၉ ခုနှစ်တုန်းက မစ္စ ကူမာ အသက် ၂၄ နှစ်အရွယ်မှာ သူ့မှာ ကိုယ်ဝန်ရှိတယ်လို့ သိခဲ့ရပြီး ကလေးဟာ သားအိမ် အပြင်ဘက်မှာ ကြီးထွားလာနေတာကြောင့် ကလေးအသက်ရှင်ဖို့ အခွင့်အလမ်းအလွန်နည်းတယ်လို့ သိခဲ့ရတယ်။ 

ဒါကြောင့် ဒါဟာ ခွဲစိပ်လိုက်မှ အန္တရာယ်ကင်းမယ်လို့ ပြောဆိုထားတာကို မစ္စ ကူမာက အစိုးရိမ်လွန်ပြီး ထွက်ပြေးခဲ့တယ်။ နောက် ရွာက ဆေးခန်းခပ်ငယ်ငယ်တခုမှာ ဒီပြဿနာကို ရှင်းဖို့ ကြိုးစားခဲ့ပြီး လအနည်းငယ်ကြာတော့ သူ့ဗိုက်ထဲက ကိုယ်ဝန်ပြဿနာကို ဖြေရှင်းပြီးပြီ၊ ကိုယ်ဝန်ကိုလည်း ဖယ်ရှားပြီးပြီးလို့ သူက ထင်ခဲ့တာပါ။ 

ဆယ်စုနှစ် ၄ စုနီးပါးအကြာ အခုဆို အသက် ၆၀ အရွယ် မစ္စကူမာဟာ ဗိုက်ထဲက အဆက်မပြတ် ဝေဒနာ ခံစားရတာ ကြောင့် ကျန်းမာရေးပြဿနာ စိစစ်ဖို့ ဗဟိုအိန္ဒိယ Nagpur မြို့တော်က NKP Salve Institute of Medical Sciences (NKPSIMS) ဆိုတဲ့ ဆေးတက္ကသိုလ်ရှိရာကို ရောက်လာခဲ့တယ်လို့ The Mirror သတင်း တပုဒ်မှာ ရေးပါတယ်။ 

 အဲဒီမှာ သူ့ကို ဓာတ်မှတ်ရိုက်ကြည့်လိုက်တဲ့အခါ သူ့ဗိုက်ထဲမှာ မမွေးဖွားခဲ့ရတဲ့ ကလေးအရိုးစုတခုရှိနေတယ် ဆိုတဲ့ ထူးဆန်းအံ့သြဖွယ်သတင်းစကားကို သူကြားလိုက်ရတာပါဘဲတဲ့။ 



ဒေါက်တာ မိုဟာမက် ယူနွတ်ရှား ဦးဆောင်တဲ့ အိန္ဒိယဆေးသိပ္ပံ အဖွဲ့တခုက သူ့ခန္ဓာကိုယ်ထဲက ကလေး အရိုးစုကို အောင်မြင်စွာပဲ ဖယ်ထုတ်ပေးခဲ့ရပါတယ်။ 



မစ္စ ကူမာဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ဗိုလ်ထဲက အဆက်မပြတ်နာကျင်မှုဝေဒနာခံစားရလို့ ကင်ဆာများဖြစ် သလားဆိုပြီး အရမ်းကြောက်ခဲ့ရတာလို့ ဒေါက်တာ မိုဟာမက် ယူနွတ် ရှားက ဆိုထားပါတယ်။ 

ဒါနဲ့ ဒေါက်တာ မိုဟာမက် ယူနွတ်ရှားတို့အဖွဲ့လည်း Sonography နဲ့ အတည်ပြု၊ CT scan ဆွဲ၊ လူနာကို အဖက်ဖက် ထောင့်ပေါင်းစုံက ရောဂါရှာဖွေရေးလုပ်ခဲ့ရာမှာတော့ အခုလို လွန်ခဲ့တဲ့ ၃၆ နှစ်က မမွေးဖွားဖြစ်ခဲ့တဲ့ ကလေးရဲ့ အရိုးကြောင့် ဝေဒနာခံစားနေရတယ်ဆိုတဲ့ အဖြေကို သိခဲ့ရတာလို့ ဆိုပါတယ်။ 

အခုတော့ ကလေးအရိုးစုတွေကို စနစ်တကျ ဖယ်ရှားပေးခဲ့လို့ မစ္စကူမာလည်း ကျန်းမာနေပါပြီတဲ့။ 

ဒီလိုဖြစ်ရပ်မျိုးက ဘယ်လ်ဂျီယံအမျိုးသမီးမှာလည်း ဖြစ်ခဲ့ဖူးပြီး အဲဒီဖြစ်စဉ်မှာတော့ အက်တိုပစ် ကိုယ်ဝန်ဟာ ၁၈ နှစ်ကြာ ရှိခဲ့တယ်လို့ မှတ်တမ်းရှိထားပါတယ်။ အခု မစ္စကူမာရဲ့ အက်တိုပစ်ကိုယ်ဝန်က ၃၆ နှစ်
ဖြစ်နေ တာကြောင့် ဒါဟာ ကမ္ဘာ့ သက်တမ်းအရှည်ဆုံး အက်တိုပစ် ကိုယ်ဝန်အဖြစ် စံချိန်သစ်တင်လိုက်တာလို့ ပြောနိုင်ပါတယ်။ 

အိမ့်သံစဉ် ~ 


http://blog.irrawaddy.org/2014/08/blog-post_313.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...