စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စိတ်ဓါတ်ကို မြှင့်တင်ထားပါ”




ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိရာတွင် “မနောကံ”သည် အကြီးအမှူးးဖြစ်ပါ၏။
မနောကံ ဦးဆောင်ရာနောက်သို့ ကာယကံ၊ ၀စီကံတို့ လိုက်ပါရသည်ချည်းဖြစ်၏။
စိတ်သည် လူသား၏ ဘ၀ကံကြမ္မာကို လွှမ်းမိုး၏။ စိတ်ဓါတ်ညံ့ဖျင်းလျှင် ဘ၀လည်း ဖျင်းညံ့ပေလိမ့်မည်။
စိတ်ဓါတ်သေးသိမ်လျှင် ဘ၀လည်း သေးသိမ်ပေလိမ့်မည်။ စိတ်ဓါတ်မြင့်မားလျှင် ဘ၀လည်း မြင့်မားပေလိမ့်မည်။ စိတ်ဓါတ်သန့်ရှင်းလျှင် ဘ၀လည်း သန့်ရှင်းပါလိမ့်မည်။

သမ္မာအာဇီဝ အသက်မွေးမှုအတွက် အစဉ်နိုးကြားထကြွနေသော စိတ်ဓါတ်၊
ကောင်းမှုကုသိုလ်တရားများတွင် အစဉ်မွေ့လျော်နေသောစိတ်ဓါတ်များ ပျိုးထောင် မွေးမြူနေဖို့လိုပါမည်။
စိတ်ဓါတ်ရေချိန်ကို သတိနဲ့ စောင့်ကြည့် ထိန်းညှိနေရန်လိုပါမည်။

ပုထုဇဉ်သဘာဝ အဆိုးလောကဓံ၏ ထိုးနှက်မှုကို ခံရသောအခါ စိတ်ဓါတ်ယိမ်းယိုင်
ဆုတ်နစ်တတ်ပေသည်။ ယင်း ဆုတ်နစ်ပျက်ပြားသော စိတ်ကို ရေရှည်ကြီးထွား
ရှင်သန်ခွင့်မပေးရန် လိုပါသည်။

စိတ်ဓါတ်ကျလျှင် မည်သည့်အရာကိုမျှ အဖတ်ဆယ်၍ ရလိမ့်မည် မဟုတ်ပါ။ အဆိုးလောကဓံကြောင့် စိတ်ဓါတ်ကျဆင်း၊ ထို အဆိုးစိတ်က ထပ်မံ၍ မအောင်မြင်မှု ၊
ဆုံးရှုံးမှုများ အဆိုးဝဲဂယက်မှ ရုန်းထွက်နိုင်မည်မဟုတ်ပါ။

သို့ဖြစ်၍ စိတ်ဓါတ်ကို အမြဲမြှင့်တင်၍ ထားရန် မန္တလေးအနောက်မြို့နယ် “မဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္ဒ
အဂ္ဃိယဆရာတော်ကြီး”က အောက်ပါအတိုင်း သြ၀ါဒ ပေးသနားတော်မူခဲ့သည်။
 
●“ဖျင်းညံ့သဘော စိတ်ဓါတ်ဟော၏။
●စိတ်ဓါတ်မြှင့်တင် ဖျင်းညံ့စင်၏။
●ဖျင်းညံ့သဘော စိတ်ဓါတ်ဟော၏။
●စိတ်ဓါတ်လွင့်စဉ် ဖျင်းညံ့ဝင်၏။။”
 
လောကရေး သူဋ္ဌေးဖြစ်လိုသူတိုင်းနှင့် ဓမ္မရေး အရိယာဖြစ်လိုသူတိုင်း စိတ်ဓါတ်မကျပါလေနှင့်။
မိမိစိတ်ဓါတ်ကို မြှင့်တင်ထားပါဟု သတိပေးစကား ရေးသားအပ်ပါသည်။

【မင်းနန် - မော်ကျွန်း- ဆရာတော်ကြီးများ၏ ဩဝါဒတော်များပေါင်းချုပ် နှာ ၄၂ မှ-】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...