စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Networking ဆိုတာ


Tuesday, May 7, 2013

ကွန်ပြူတာ တစ်လုံးတည်း သုံးလို့ အဆင်ပြေနေပါတယ်။ သူများ ဆီ ကိုယ့်ကွန်ပြူတာက ဒေတာ တွေပေးချင်တော့ ဖလော်ပီပြားလေးနဲ့ ကူးပြီး ပြေးလွှားရတဲ့ ခေတ်တစ်ခု ရှိခဲ့ပါတယ်။

... နောက်ကျတော့ မပြေးလွှားချင်တော့ဘူး။ ကိုယ့် ဒေတာ ပေးချင်တဲ့ ကွန်ပြူတာကို အချက်အလက် လွဲပေးလို့ရမယ့် ကြိုးနဲ့ ချိတ်လိုက်မယ်။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။ နောက်ကျတော့ ၂ လုံးတည်းနဲ့ မတင်းတိမ်တော့ ပါဘူး။ သူ့ကိုလည်း ပို့ချင် အခြားလူကိုလည်း ပို့ချင် ဒီတော့ ကြားမှာ ပစ္စည်းလေး တစ်ခု ခံရပါပြီ။ Router ဖြစ်ဖြစ် Switch ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ သူကလည်း ဒေတာ ပို့မယ်။ ကိုယ်ကလည်း ဒေတာ တွေပို့မယ်။ ကြိုးအလယ်ခေါင်မှာ တိုက်ကြ ပါလေရော။

ဒါနဲ့ပဲ အဆင်ပြေအောင် ဆိုပြီး အချက်အလက်တွေ မတိုက်အောင် အလယ်မှာ အစီစဉ် ပြချပေမယ့် စက်ကလေး တစ်ခုလုံးက ခံပေးလိုက် ပါတယ်။ အဲ။ ကိုယ့်ရုံးတွင်းက ကွန်ပြူတာတွေချည်း ဆက်သွယ်နေရတာ မတင်းတိမ်တော့ဘူး။ ဟိုဘက်မြို့ ဆီ ကားနဲ့ ပြေးပြီး စာပို့သလို ပို့ရတဲ့ ဒုက္ခကလည်း ကင်းချင်ပြီ။ ဒီတော့ အင်တာနက် မှတစ်ဆင့် ပို့ချင်ပါလေရော။ ဒါနဲ့ပဲ ကြိုးတပ်စရာ မလိုပဲ အင်တာနက် လိုင်းကနေ အချက်အလက်
ဒေတာတွေကို ပို့ပေးလို့ ရအောင် ဖန်တီးပေးလိုက် ရပြန်ပါတယ်။ ဟိုဘက်ကလည်း အင်တာနက်ကနေပို့တယ်။ ဒီဘက်ကလည်း အင်တာနက် ကနေ ပို့တယ်။ ကြားမှ တိုက်ရမလား ဆိုပြီး သူတို့ ဒေတာ နှစ်ခုလုံးကို အဆင်ပြေအောင် ကြားမှာ ဆာဗာ တစ်လုံး ထားပေးရပြန်ပါတယ်။

နောက်တော့ ၂ လုံးတည်းတင် မကတော့ပဲ။ ကွန်ပြူတာ က အလုံးပေါင်း သိန်းချီ၊သန်းချီ၊ မရေမတွက် နိုင်အောင်များ လာပါလေရော။

ဒီလိုနဲ့ Network ဆိုတာကြီးက ကြီးသထက်ကြီးလာပါတယ်။ ဒါတောင် ကွန်ပြူတာ Network, Internet Network ပဲ ရှိသေးတယ်။ ဖုန်းဆက်
သွယ်ရေး Network မပါသေးဘူး။

ဒီအတွက် ချိတ်ဆက်လို့ရအောင် ကြားမှာ ဝန်ဆောင်မှု ပေးတဲ့ ပစ္စည်းများ၊ ကုမ္မဏီများ၊ ပညာရှင်များ အမျိုးမျိုးပေါ်ပေါက် လာပါတယ်။ သီအိုရီ တစ်ခုတည်းကို အခြေခံပေမယ့် အယူအဆ ကွဲပြားချက် အချို့ ကြောင့် ကုမ္မဏီတစ်ခုက ထုတ်တဲ့ Networking ပစ္စည်းနဲ့ အခြား ကုမ္မဏီထုတ်တဲ့ Networking ပစ္စည်းက ကွဲပြား ရပြန်ပါတယ်။ Cisco ကတော့ ကမ္ဘာ့
အကြီးဆုံးပါ။ ဒါကြောင့်ပဲ Cisco က စာမေးပွဲတွေကို ကြိုးစားဖြေနေကြခြင်း
ဖြစ်ပါတယ်။ အခြားသော Networking ပစ္စည်းနဲ့ ကုမ္မဏီတွေလည်း ရှိနေပါသေးတယ်။

ဒီလောက်ဆိုရင် Networking ဆိုတာကို အကြမ်းဖျင်း သိမယ်လို့ မျှော်လင့် ပါတယ်။
-
Aung Kham (TSJ team)
TechSpace Journal


https://www.facebook.com/photo.php?fbid=413975595366944&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...