စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အချိန်ပြည့်လေ့လာနိုင်ရန် ရေဒီယိုစတေရှင်တစ်ခု တည်ဆောက်မည်


Tuesday, May 07 ,2013

အဝေးသင်ပညာရေးအား အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ်သန်းပေါင်း တစ်သောင်းကျပ် အကုန်အကျခံ၍ ရေဒီယို စတေရှင်တစ်ခု တည်ဆောက်ကာ တစ်နိုင်ငံလုံးမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ အချိန်ပြည့် သင်ယူလေ့လာနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က ပြောကြားလိုက်သည်။

ယင်းအသံလွှင့်ဌာနအား တည်ဆောက်ရန်အတွက် ခရိုအေးရှားနိုင်ငံမှ ကမ္ဘာ့နံပါတ်(၁) အသံလွှင့်ဌာန တည်ဆောက်ရေး ကုမ္ပဏီနှင့် ဆက်သွယ်ထားကြောင်း၊ အဆိုပါ အသံလွှင့်ဌာန တည်ဆောက်ရန်အတွက် စုစုပေါင်းကုန်ကျငွေမှာ ယူရို ၁ ဒသမ ၇ သန်းခန့်၊ မြန်မာငွေကျပ် သန်းပေါင်း တစ်သောင်းကျော် ကုန်ကျမည်ဖြစ်ကြောင်း ယင်းက ပြောသည်။ “အခုက မြန်မာ့အသံက လွှင့်နေတဲ့ သင်ခန်းစာတွေကိုပဲ ကျောင်းသားတွေ အားထားနေရတဲ့အတွက် အချိန်ပြည့် သင်ယူနိုင်ဖို့အတွက် ဌာနပိုင် အသံလွှင့်စက်တစ်ခု တည်ဆောက်ဖို့ စီစဉ်တာပါ” ဟု ယင်းက ပြောသည်။ ယင်းကဲ့သို့ ရေဒီယိုစင်တာ တစ်ခုအတွက် မြေနေရာ အကျယ်အဝန်း ၅ ဧက လိုအပ်မည်ဖြစ်ပြီး ရန်ကုန် အဝေးသင်ဌာနတွင် မြေနေရာ အ...ကျယ်အဝန်း လုံလောက်မှု မရှိသည့်အတွက် ဒဂုံတက္ကသိုလ်တွင် ပြုလုပ်ရန် စဉ်းစားထားကြောင်း ဒေါက်တာလှတင့်က ပြောသည်။ ယင်းနှင့် စပ်လျဉ်း၍ လက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် မြန်မာစာ ဒုတိယနှစ် တက်ရောက်လျက်ရှိသည့် မယုနန္ဒာအောင်က “ရုပ်သံအစီအစဉ်တွေကို မကြည့်ဖြစ်ဘူး။ အလုပ်တစ်ဖက်နဲ့မို့လို့။ ဘယ်အချိန်လွှင့်မှန်းလည်း မသိဘူး။

အခုကတော့ ရေဒီယိုကနေ အချိန်ပြည့် လွှင့်ပေးမယ်ဆိုတော့ အဆင်ပြေတယ်။ အားတဲ့အချိန်မှာ နားထောင်ဖြစ်မှာပါ” ဟု ဆိုသည်။ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများတွင် ယင်းကဲ့သို့သော အသံလှိုင်းဖြင့် သင်ကြားသည့် စနစ်ကို ဦးစွာ အသုံးပြုခဲ့ပြီးမှ ရုပ်သံ၊ အွန်လိုင်း စသည်တို့ဖြင့် သင်ကြားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပညာရေး ဝန်ကြီးဌာန လက်အောက်တွင် အဝေးသင် တက္ကသိုလ်ပေါင်း ၄၆ ခု ဖွင့်လှစ်ထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။


https://www.facebook.com/photo.php?fbid=413979358699901&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...