စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ့်တောမှာပဲကိုယ်ပျော်တယ်




ဘယ်နေရာ ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ် ။

မနက်လင်း
ယာခင်းထွက်မလား ။

ကန်သင်းထက်
ဟင်းရွက်ခူးမလား ။

ကန်သင်းကွေ့
ထင်းတစ်ပွေ့ကောက်မလား ။

ထနောင်းရိပ်
ချောင်းထိပ်က စေတီကိုဖူးမလား ။

မဂျီး (မန်ကျည်း) ရိပ်
ပုတီးစိပ်မလား ။

တစ်အိမ်ဝင်တစ်အိမ်ထွက်
လက်ဖက်ဝါးမလား...
ထညက် (ထန်းလျက်) စားမလား ။

ကွမ်းတစ်ယာနဲ့
လွမ်းစရာကိုပဲ ပြောမလား ။

တေးတစ်လိပ်နဲ့
ရှေးအတိတ်ကိုပဲ ပြောမလား ။

ကိုယ့်တော ကိုယ့်ရွာ
ဒီအရသာ ဘယ်မှာ ရှာလို့ ရပါ့မလဲ ။

ဒါကြောင့်မို့
ဘယ်နေရာ
ဘာပေါတယ်ပြောပြော
အမေတော့ ကိုယ့်တောမှာပဲ ကိုယ်ပျော်တယ် ။ ။


မောင်လင်းကြည်

ခရီး သည်ကြီး

ဒီနေရာမှ ကူးယူမျှဝေပါသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...