စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထိုက်ကျိ သင်တန်းကျောင်း ဖွင့်လှစ်မည့် ကွန်ဖူးမင်းသား ဂျက်လီ



တရုတ် အက်ရှင်မင်းသား ဂျက်လီသည် တရုတ် နိုင်ငံမှ ကျော်ကြားသော အင်တာနက် စွန့်ဦး တီထွင်သူ ဂျက်မာနှင့် ပူးပေါင်း၍ တရုတ်ရိုးရာ သိုင်းပညာကို တိုးတက်စေရန် အတွက် ထိုက်ကျိ သင်တန်းကျောင်းကို ဖွင့်လှစ် သွားမည်ဟု သိရသည်။

ဂျက်မာသည် ကမ္ဘာ့ အကြီးဆုံး အွန်လိုင်းမှ ဈေးဝယ်ယူ နိုင်သည့် Alibaba ကုမ္ပဏီကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ပညာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုဆောင်ရွက် လိုသောကြောင့် ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ရာထူးမှ နုတ်ထွက် ခဲ့သည်။

ဂျက်လီသည် ၎င်း၏ ကွန်ဖူးပညာ အစွမ်းဖြင့် အောင်မြင် ကျော်ကြားလာသူ ဖြစ်ပြီး တရုတ် နိုင်ငံ၏

သမိုင်းဝင် ဇာတ်ကားများ ဖြစ်သည့် Hero ဇာတ်ကားနှင့် The Mummy: Tomb of the Dragon Emperor ဇာတ်ကားတို့ဖြင့် ကမ္ဘာ ကျော်ခဲ့သူ ဖြစ်သည်။

ဂျက်လီနှင့် ဂျက်မာတို့ ပူးပေါင်း ဖွင့်လှစ်မည့် ထိုက်ကျိ သင်တန်းကျောင်းအား ဟန်ကျို့မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး အဆိုပါ ကျောင်းတွင် ထိုက်ကျိနှင့် ဂျူဒို၊ ကရာတေး ကဲ့သို့ ကိုယ်ခံ ပညာများကို သင်ကြားပြသ ပေးသွားမည်ဟု သိရသည်။

ထိုက်ကျိ သင်တန်းကျောင်း ဖွင့်လှစ်မည့် ကွန်ဖူးမင်းသား ဂျက်လီ 
http://www.myawady.com.mm/arts/artcorner/item/13837-2013-05-15-09-18-21

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...