စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Spotify တည်ထောင်သူ ငယ်ရွယ်သည့် မီလျံနာ တစ်ဦးဖြစ်လာ

Spotify တည်ထောင်သူ ငယ်ရွယ်သည့် မီလျံနာ တစ်ဦးဖြစ်လာ
|
By itTimes

Spotify တည်ထောင်သူ ငယ်ရွယ်သည့် မီလျံနာ တစ်ဦးဖြစ်လာအွန်လိုင်း စီးပွားရေး လုပ်ငန်းရှင် ဆွီဒင် လူမျိုး ဒန်နီရယ်အက်ခ် သည် ၂၀ဝ၆ ခုနှစ်က စတင်၍ အွန်လိုင်း တေးသီချင်း ဝန်ဆောင်မှု ကုမ္ပဏီ Spotify ကို ထူထောင် ခဲ့ပြီး ယခုအခါ အသုံးပြုသူဦးရေ ၁၀ သန်းကျော်နဲ့ အတူ သူ၏ ပုဂ္ဂလိက ငွေကြေး ပိုင်ဆိုင်ပမာ ဏမှာ စတာလင်ပေါင် သန်း ၁၉၀ ရှိလာပြီ ဖြစ်သည့် အတွက် အသက် အရွယ်ငယ်ငယ်ဖြင့် မီလျံနာတစ်ဦး စာရင်းဝင်လာခဲ့ပြီဖြစ်သည်။
၎င်းသည် Spotify တည်ထောင်ခဲ့သည့် ခြောက်နှစ်တာကာလအ တွင်း ယင်းငွေကြေးများကို စုဆောင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်က တည်းက ကွန်ပျူတာ ကုတ်များကို ရေးသားခဲ့သည့် ဒန်နီရယ်အက်ခ် သည် အသက် ၁၄ နှစ်အရွယ်တွင် ကိုယ်ပိုင်စီးပွားရေး ဝက်ဘ်ဆိုက် တစ်ခုကို စတင် ရေးဆွဲ နိုင်ခဲ့သူ ဖြစ်သည်။
အသက် ၂၃ နှစ်အရွယ်တွင် ကိုယ်ပိုင် ဝင်ငွေဒေါ်လာ သန်းဂဏန်းအထိ ပိုင် ဆိုင်လာခဲ့ပြီး Spotify ကိုစတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၄င်း ၏အသက်မှာ ၂၉ နှစ်ခန့်သာရှိသည့် အတွက် နောက်ထပ်အောင်မြင်မှုများ စွာ ပိုင်ဆိုင်နိုင်ဦးမည်ဟု ယုံကြည်လျက် ရှိသည်။
Spotify သည် ပြီးခဲ့သည့် နှစ်နှစ်တာ ကာလ အတွင်း iTunes သီချင်း ရောင်းအားကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။ ၄င်းသည် အွန် လိုင်း စီးပွားရေး လုပ်ငန်းကို လုပ်ဆောင် နိုင်ရန် အတွက် အင်ဂျင်နီယာ သိပ္ပံဘွဲ့ရရှိမည့် အခွင့်အရေးကို လက်လွှတ်ကာ ကျောင်းထွက် ခဲ့သူလည်းဖြစ်သည်။ Spotify ကို ပလပ်ဖောင်း အစုံအလင် အသုံး ပြုနိုင်ရန် စီစဉ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...