စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







SINGAPOREAN မှာ ကျောင်းတက်မယ်ဆို ရင်။


စင်္ကာံပူကိုကျောင်းတက်ရန်စိတ်ဝင်စားသော သူငယ်ချင်းများ စင်္ကာံပူမှာကျောင်းတက်မည်ဆိုလျှင် အရင်တုန်းကလို စင်္ကာံပူအစိုးရဆီမှ အခွင့်အရေးများ နှင့် ကျောင်းပြီးသောအခါတွင်လည်း အလုပ်အကိုင်ရရှိရေးမှာ မသေချာကြောင်းအသိပေးပါရစေ။ အစိုးရဆီမှအခွင့်အရေးများဆိုသည်မှာ Government School ကျောင်းပြီးသူများအနေဖြင့် ယခင် 2007 ရှေ့ပိုင်းကလို PR မပေးတော့ပါ။ EPEC လည်းလျှောက်ရရန်မသေချာပါ။ ထို့ကြောင့် ၂ လ ၃ လ အတွင်းအလုပ်ရအောင်ရှာကြရပါမည်။ ထို့ပြင် Job Opportunity နည်းပါးခြင်းကြောင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် On Job Training ဆင်းရာတွင်ပင် ကိုယ်နှင့်သက်ဆိုင်မှုရှိသည့် အလုပ်များတွင် Training ဆင်းခွင့်မရဘဲ မဆိုင်သည့် နေရာများတွင်ရရာလုပ်ပြီး OJT ၆ လ (သို့) ၈ လ ဆင်းကြရပါသည်။ OJT မပြီးလျှင် ဘွဲ့လက်မှတ်လုံးဝမထုတ်ပေးပါ။ နောက်တစ်ချက်က Singapore တွင် Living Cost မှာမြင့်သထက်မြင့်လာနေပါသည်။ ကုန်ကျစားရိတ်မှာ ယခင်ကနှင့် ကွာခြားပါသည်။ အလုပ်အကိုင်များမှာလည်း Singaporean နှင့် PR များကိုသာ အခေါ်များသောကြောင့် ကျောင်းပြီးလျှင်အလုပ်အကိုင်ရဖို့ အခွင့်အလမ်းမှာ လွန်စွာနည်းပါသည်။ ကျောင်ပြီးလျှင်အလုပ်လုပ်ပြီး မိဘကိုပိုက်ဆံပြန်ပို့မည်ဟု ရည်ရွယ်သူများ သေချာစွာစဉ်းစားစေလိုပါသည်။ ပညာလိုချင်ရုံသက်သက် ဘွဲ့ရချင်ရုံသက်သက်သူများအနေဖြင့်သာအဆင်ပြေပါလိမ့်မည်။ ကျောင်းပြီး စင်္ကာံပူမှာ အလုပ်လုပ်မြည်ဟုရည်ရွယ်ချက်ရှိသူများ သေချာစွာ စဉ်းစားပါ ၊ လက်လှမ်းမှီသလောက်မေးမြန်းပါ။
စုံစမ်း ကြည်.ကြစေလိုပါ တယ် ခင်ဗျာ ။ သူငယ်ချင်း တယောက် ဧ။် ရင်ဖွင်.သံ ကို ပြန်လည် တင်ပြခြင်း တာဖြစ်ပါတယ် ။
လေးစားစွာဖြင်. .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...