စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







MC ဆိုတာဘာလဲဆိုတာသိချင်သူများအတွက်

MC ဆိုတာဘာလဲဆိုတာသိချင်သူများအတွက် Colourful MC (Hiphop)
အခု မြန်မာနိုင်ငံ Hiphop လောကမှာ MC ဆိုတဲ့ စကားလုံးဟာ တဖြည်းဖြည်းနဲ့ တွင်ကျယ်လာတာကို တွေ့ ရပါတယ်…
MC ဆိုတာ ဘာလဲလို့ မေးလာကြတဲ့ မောင်ငယ် ညီမငယ်တွေအတွက် ဒီပို့ စ်လေးက
အတိုင်းအတာ တစ်ခုအထိ စိတ်ကျေနပ်မှုပေးနိုင်မယ် လို့ မျှော်လင့် မိပါတယ်..
MC နဲ့ ပတ်သက်သမျှ တတ်နိုင်သလောက် တင်ပြထားတာ မို့ လို့  Colourful MC လို့ ပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်..
လိုအပ်တာများ ရှိခဲ့ ရင်လည်း နားလည်ပေးစေချင်ပါတယ်…. MC ဆိုတဲ့ စကားလုံးဟာ ၁၉၇၀ ပြည့် နှစ်လောက်ကတည်းက Hiphop လောကမှာ ထင်ရှားလာခဲ့ ပါတယ်..
MC ဆိုတဲ့ စကားလုံးကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့် ဆိုထားပါတယ်..
ဥပမာပြောရရင် Microphone Controller, Microphone Checker, Music Commentator စသည်ဖြင့် ပေါ့ လေ…
Rapper ဆရာကြီး Kool G Rap ကတော့ MC ဆိုတာ Masters of Ceremony ဖြစ်ပြီး တနည်းအားဖြင့် တင်စားပြောရရင်
ပါတီတခုလုံးကို သက်ဝင်လှုပ်ရှားအောင် ဆောင်ရွက်ပေးတဲ့ သူပါတဲ့ …
Hiphop ရဲ့ ခရီးအစမှာ DJ တွေဟာ ပရိသတ်ကို အဓိက ဆွဲဆောင်နိုင်တဲ့ အရာတွေ ဖြစ်ခဲ့ ပါတယ်..
Hiphop ဂီတကို မျိုးစေ့ ချပေးခဲ့ တဲ့  ဂျမေကာနိုင်ငံသား DJ Kool Herc ဟာ ဂျမေကာ ရိုးရာဂီတသံတွေကို အခြေခံပြီး Hiphop ဂီတကို ဖန်တီးခဲ့ တာပါ..
ဗုံရိုက်သံတွေကို အဓိက ထားပြီး Break beat လို့ ခေါ်တဲ့ အဆက်မပြတ် စည်းချက်ညီညီ မြူးကြွတဲ့ တီးလုံးတွေကို တီထွင်ခဲ့ ပါတယ်…
အဲဒီ Funk, Rock နဲ့ လက်တင်ဗုံသံ တွေက စည်းဝါးရိုက်သံတွေကို ယူပြီး ဖန်တီးခဲ့ တဲ့ တီးလုံးတွေပေါ်ကနေ
Rap လို့ ခေါ်တဲ့ ကာရံညီအောင် ရွတ်ဆိုတဲ့ စာသားတွေ ထည့် သွင်းခဲ့ ပါတယ်…
အဲဒီလို ရွတ်တာကို Rapping လို့ ခေါ်ကြပါတယ်..
Rapping တွေကို ရွတ်တဲ့ သူတွေကို Rapper လို့ ခေါ်ကြပြီး အဲလူတွေကို မှ MC ရယ်လို့ တခါ ပြန်လည်သတ်မှတ်ကြပါတယ်…
ဒါကြောင့် MC ကို တနည်းအားဖြင့် ပြောရရင် The one who performs the art of rapping ပါ…
အဲလိုနဲ့  Kool Herc ဟာ သူ့ ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Coke La Rock နဲ့  Clark Kent ကို သူ့ ရဲ့ Show တွေမှာ MC တွေ အဖြစ်နဲ့ ဖိတ်ခေါ်ပြီး
DJ တွေနဲ့ အတူပရိသတ်ကို ဖျော်ဖြေခဲ့ ပါတယ်…
အဲဒီအချိန်ကတည်းက MC ဆိုတဲ့ အသုံးက တဖြည်းဖြည်း တွင်ကျယ်လာခဲ့ ပါတယ်…
အခုဆိုရင် Rapper အများစုရဲ့ နာမည်ရှေ့ မှာ MC ဆိုတဲ့ စကားလုံးတွေကို တွေ့ ကြရမှာပါ…
MC တစ်ယောက်ဟာ DJ တွေနဲ့ အတူ ပရိသတ်ကို ဆန်းပြားတဲ့ ကာရံတွေနဲ့ အတူ ဆွဲခေါ်တတ်ရပါမယ်…
တချို့ MC တွေဟာ Beat Boxing လို့ ခေါ်တဲ့ သံစဉ်တစ်မျိုးကို တင်ဆက်လေ့  ရှိပါတယ်..
DJ တွေနဲ့ ဖန်တီးလို့  ရတဲ့ အသံတွေကို ပါးစပ်နဲ့ လိုက်တုပြီး အသံထွင်တဲ့ သံစဉ်တစ်မျိုးပါ..
Beat Boxing တွေဟာ MC တွေအတွက် ခက်ခဲ့ တဲ့ အပိုင်းတစ်မျိုးလို့ ဆိုလို့ ရပါတယ်…
နောက်ပိုင်းမှာ MC ‘s Battles တွေဟာလဲ ပါတီတွေ ကလပ်တွေမှာ တော်တော်ခေတ်စားလာပါတယ်…
Freestyling ဆိုတဲ့ စာသားတွေကို လက်တန်းစပ်ပြီး တဖက်လူကို ထိထိမိမိ အထိနာအောင် ယှဉ်ပြိုင်လေ့ ရှိကြတဲ့  Battles တွေပါ…
ဒီ Battles တွေကနေ MC တွေရဲ့ အရည်အချင်းကို ခန့် မှန်းနိုင်တယ်လို့ လဲ ပြောကြပါတယ်….
DJ နဲ့ အတူ ပရိသတ်ကို ဖျော်ဖြေနေတဲ့  MC
EMC ဆိုတာကတော Eathside Microphoe Controller

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...