စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်ရဲ့အားနက်ချက်ကို ဘယ်လိုအသုံချကြမလဲ

           

     ဟိုးတခါတုန်းက အိမ်လေးတစ်အိမ်မှာ တောင်ယာလုပ်တဲ့ လူတစ်ဦးနေထိုင်တယ် ။ အဲဒီလူဟာ သူ့အိမ်လေးနဲ့ အတော်ဝေးတဲ့ ရေကန်ကနေ နေ့စဉ် အိုးလေးနှစ်လုံးကို တံပိုးနဲ့လည်ပင်းမှာ လျှိုလို့ ထမ်းပြီး ရေဖြည့်ရပါတယ် ။ ဒါပေမယ့် အိုကလေး ၂ လုံးမှာ တစ်လုံးက အက်ရာလေးတစ်...ခုရှိတယ် ။ အဲဒီအက်ရာလေးကြောင့် တောင်ယာသမားဟာ ရေထမ်းတဲ့အခါ အဲဒီအိုးမှာ အပြန်ကျရင်ရေတစ်ဝက်လောက်ပဲ ပါပါလာတယ် ။ တစ်ဝက်လောက်တော့ အက်ရာကနေတဆင့်အောက်ကို ကျပြီးကျန်ခဲ့တာပေါ့ ။
      ဒီလိုနဲ့၂ နှစ်လောက်ကြာတဲ့အခါမှာ တောင်ယာသမားဟာ ရေသွားခပ်တဲ့လမ်းတလျှောက်ပွင့်နေတဲ့ပန်းတွေ ကို ခူးပြီးအိမ်ကို ပြန်လာတယ် ။ ပြီးတော့ ဘုရားပန်းအိုးမှာ ကပ်ပြီးတချို့ကိုလည်းအိမ်က ပန်းအိုးမှာ ထိုးစိုက်ထားပါတယ် ။ အက်ကွဲနေတဲ့အိုးကလေးကတော့ တခြားကောင်းတဲ့အိုးထက်စာရင် မျက်နှာငယ်နေရရှာတာပေါ့ ။ အိုးကောင်းကလေးတော့ နေ့စဉ်ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် မျက်နှာကိုမော်နေရောပဲ ။
        တစ်နေ့တော့ အက်ကွဲရာနဲ့အိုးကလေးက သူ့သခင်ကိုပြောပါတယ် ။ “ ကျွန်တော် စိတ်ပျက်ဝမ်းနည်းမိပါတယ် ခင်ဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ခင်ဗျားအတွက်နေ့စဉ်ရေတစ်ဝက်ပဲ သယ်ပေးနိုင်တယ် အိုးကောင်းကလေးလို အပြည့်သယ်မပေးနိုင်တဲ့အတွက်လည်းရှက်မိပါတယ်

” အဲဒီအခါ တောင်ယာသမားက ပြုံးလိုက်တယ် ။ ပြီးတော့ မှ အက်ရာတွေနဲ့အိုးကလေးကိုပြောတယ် ။ “

  ဒီမယ်အိုးကလေးရဲ့ မင်းသတိထားမိရဲ့လား ငါတို့အပြန်လမ်းမှာ ပန်းကလေးတွေအများကြီး ပွင့်နေတာကိုလေ ငါတောင် ပန်းလေးတွေခူးပြီးဘုရားပန်းကပ်တယ် ပန်းအိုးမှာလည်းအလှဆင်နိုင်တယ် အဲဒီပန်းခင်းလေးက မင်းရှိတဲ့ဖက်မှာ ပေါက်နေတာလေကွဲ့ တခြားအိုးကောင်းလေးဖက်မှာ မရှိဘူး ဘာကြောင့်လည်းဆိုတော့ မင်းမှာ အက်ရာလေးတွေရှိတယ်ဆိုတာ ငါသတိထားမိပြီးလမ်းမှာ ရေတွေ ယိုစိမ့်ကျခဲ့တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ မင်းရှိတဲ့ဖက်မှာ ငါ ပန်းမျိုးစေ့လေးတွေကျဲထားခဲ့တယ် ။ အပြန်ရေထမ်းပြီးပြန်လာခဲ့တအခါ မင်းရဲ့အက်ကွဲရာလေးကနေတဆင့်ယိုစိမ့်ကျလာတဲ့ရေတွေက အခုလို ပန်းမျိုးစေ့လေးတွေကို ပက်ဖျန်းပေးနိုင်တဲ့အတွက် အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်လာတာပေါ့ကွ ။ မင်းဟာ အားနည်းချက်တွေရှိတယ်ဆိုတာမှန်ပါတယ် ။ ဒါပေမယ့်အဲဒီအားနည်းချက်ကို သင့်တော်တဲ့နေရာမှာ အကျိုးရှိရှိအသုံးချနိုင်တဲ့အတွက် မင်းဟာ အရမ်းတန်ဖိုးရှိတဲ့အိုးကလေးတစ်လုံးပါပဲ ” ############################# ကျွန်တော့်မှာလည်း အိုးကလေးရဲ့အက်ရာတွေလို အားနည်းချက်တွေရှိပါတယ် ။ ခင်ဗျားမှာလည်း အားနည်းချက်တွေရှိပါတယ် ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အက်ရာ တွေ ဒါဏ်ရာတွေနဲ့အားနည်းချက်တွေရှိကြပါလိမ့်မယ် ။ ကိုယ့်ရဲ့အားနည်းချက်ဟာ တကယ်တော့ရှက်ရွံ့စရာမဟုတ်ပဲ မှန်ကန်သင့်တော်တဲ့နည်းလမ်းနဲ့ကုစားဖို့သာလိုအပ်ပါတယ် ။ ကဲ အခုဆိုရင် - - - ကိုယ့်အားနည်းချက်ကိုကိုယ်ရှက်ရွံ့ပြီး ဘ၀မှာ သိမ်ငယ်စွာနေမလား ? ကိုယ့်အားနည်းချက်ကို အကောင်းဆုံး အသုံးချလို့ စိတ်ဓါတ်ခွန်အားအဖြစ် ဘ၀ကို အောင်မြင်အောင်ကြိုးစားမလား ? သင့်အပေါ်မူတည်ပါတယ် ။ မဖတ်ရသေးသောသူငယ်ချင်းများအတွက်ပါ။။။။။။ 
                                                                                                                  သက်တန့်ချို (Two pots and flowers အားဘာသာပြန်သည် ) .

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...