စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်မှာဈေးသွားဝယ်တဲ့အခါ ---

ဂျပန်ဈေးမှာ ဈေးဝယ်တာလေးပြောပြမယ်နော်--
သူတို့ ဆီမှာ ဈေးဝယ်မယ်ဆိုရင် Kama ခါမာ့  ဆိုတဲ့ ရိုးရိုးဈေးနဲ့ Super ဆိုတဲ့  ဆူပါမားကတ်   တွေရှိပါတယ်။
ဘယ်မှာဝယ်ဝယ်ဈေးကတော့ မကွာပါဘူး။
ဈေးမှာ ရောင်းတာလေးတွေကလည်း အားလုံး လိုချင်စရာလေးတွေချည်းပဲ။
ကျမ ကို အသိဂျပန်ကြီးတစ်ယောက်ကပြောဖူးပါတယ်။
ဂျပန်မှာ ရုပ်ဝတ္တုပစ္စည်းတွေ အမျိုးမျိုး ပေါများစုံလင်နေပေမယ့်  လူတွေက စိတ်ချမ်းသာပျော်ရွှင်
နေတယ်ရယ်လို့တော့လည်းမဟုတ်ပါဘူးတဲ့ ။
 ဘာလို့ လည်းဆိုတော့ ဒီပြည့်စုံမှုတွေအားလုံးဟာ ငွေနဲ့ ဆက်ဝယ်နေရလို့ ပါ --တဲ့ ။
 ငွေရအောင် အချိန်ပြည့် ရှာနေရတော့ စိတ်လွတ်လပ်ပျော်ရွှင်မှုလည်းနည်းသွားတယ်တဲ့လေ-- အင်း--ဒီလို ကြားရတော့လည်း ဘာမှမရှိလည်း တဲကုပ်နဲ့ နေ၊ထမင်းကြမ်းစားရင်းပျော်နေတဲ့ မြန်မာ   တွေကပဲ ပိုပြီးစိတ်ချမ်းသာမှုရနေသလိုလို --
လူ့ အလို နတ်မလိုက်နိုင်ဆိုသလိုပေါ့လေ ---
အာလုံးပြည့်စုံတယ်ရယ်လို့ ကတော့ လောကကြီးမှာ ဘယ်ရှိပါ့မလဲနော့ ။
ကိုယ်ရရှိလာတဲ့ ဘ၀ကို  ပျော်ရွှင်ကျေနပ်နိုင်မှ လူ့ ဘ၀နေရကျိုးနပ်မယ်လေ--
ကျမကတော့ ရန်ကုန်က ဒညင်းကုန်း ဈေးလေးမှာတိုးဝှေ့ ဝယ်ရတာလည်းပျော်တာပါပဲ။
ခု ဂျပန်ရောက်တော့ လည်း ဂျပန်ဈေးသွားရတာပေါ့ နော်--

ဒါက Takahama မြို့ က Kama ပါ

 

အ၀င်မှာ ပျိုးပင်ပေါက်လေးတွေ ၊ ပန်းပင်လေးတွေရောင်းတယ်။ဈေးမကြီးဘဲ ၀ယ်ချင်စရာပါ

အသီးအနှံပင်လေးတွေဆိုရင် ဓါတ်ပုံပါကပ်ထားတယ်။ဘာပင်လဲ မေးနေစရာမလိုတော့ဘူးလေ
သီးအနှံပင်လေးတွေဆိုရင် ဓါတ်ပုံပါကပ်ထားတယ်။ဘာပင်လဲ မေးနေစရာမလိုတော့ဘူးလေ


ဒါက Toki မြို့ကSuper ပါ
အလဲ့ -- ဘွားဘွားတွေက ဈေးဝယ်လာတာအလန်းနော်
သူတို့ ကတော့ ၀ယ်လိုက်ကြတာ
သူတို့ ကတော့ ၀ယ်လိုက်ကြတာ

ကိုယ့်မှာတော့ ၀ယ်ဖို့ ရွေးလိုက် ဈေးဖတ်ကြည့်ပြီး ချလိုက်နဲ့ --

 မြန်မာငွေနဲ့ လိုက်တွက်ကြည့်နေရင်တော့ ဘာမှစားဖြစ်မှာမဟုတ်ပါဘူး။
သူတို့ ငွေနဲ့ ကိုယ့်ငွေ က ဆယ်ဆကျော်ကွာနေတာကိုး။
 လစာချင်းကျတော့လည်းအဆနှစ်ဆယ်လောက်ကွာသွားတယ်လေ။
သူတို့ လစာနဲ့ သူတို့ ကတော့တော့  စားလောက်ပါတယ်။
သူတို့ ဆီမှာ အသား၊ငါး ထက် သစ်သီးတွေက ဈေးပိုကြီးနေတာပါ။
ခရမ်းချဉ်သီးအရွယ်တော် တစ်လုံးကို ယန်းတစ်ရာကျော်မို့  ဘာဟင်းချက်ချက် ခရမ်းချဉ်သီးအနှစ်ကျအောင်ချက်တတ်တဲ့ ကျမ ဂျပန်မှာ ဟင်းချက်ရင်မထည့်ရတော့ပါဘူး။
သူတို့ ရဲ့ Okinawa ကထွက်တဲ့ သရက်သီး တစ်လုံးဘယ်လောက်လို့ထင်လဲဟင်--
ဟောဒီမှာကြည့်ပါ--
သရက်သီးတစ်လုံးကို ယန်း ၇၈၀၀ ပါ။ မြန်မာငွေနဲ့ဆို  ကျပ်၈ သောင်းလောက်ပေးရပါတယ်

 မင်းဂွတ်သီး တစ်လုံးက ယန်း ၆၈၀ ပါ

ဖရဲသီးတစ်စိပ် က ယန်း ၄၀၀ကျော်ပါ

ဒူးရင်းသီးတစ်လုံးက ယန်း ၆၀၀၀ ကျော်ပါ

 အရသာသိပ်မကောင်းတဲ့  သာမန်သရက်သီးတွေပါ
 

  သင်္ဘောသီးတစ်လုံးက ယန်း ၇၈၀ ပါ

 သူတို့ ဆီမှာ သူဌေးတွေကလွဲရင် သာမာန် မိသားစုတွေ က ဒီအသီးတွေကိုအမြဲ ၀ယ်မစားကြပါဘူး။
ဒီလိုဆိုတော့လည်း တို့မြန်မာပြည်မှာ သစ်သီးဝလံတွေ အားရပါးရ စားနိုင်သေးတာ ဂုဏ်ယူစရာပါ။
 ဒါကြောင့်  စက်ရုံ ကားမောင်းတဲ့ ဂျပန်တစ်ယောက်က ပြောဖူးတယ်။
သူ့ ဘ၀မှာ အရသာရှိတဲ့ သရက်သီးကို  တ၀တပြဲ အားရပါးရ တစ်ခါလောက်စားကြည့်ချင်တယ်တဲ့လေ--
သူ့ ကို မြန်မာပြည်လာလည်ဖို့ ကျမ ခေါ်ထားပါတယ်။ သရက်သီးတွေ မင်းဂွတ်သီးတွေ သင်္ဘောသီးတွေ
အ၀ကျွေးမယ် ဆိုတာလေးကြားတာနဲ့ ကို သူ မြန်မာပြည် လာလည်ချင်နေပါပြီ။
 မြန်မာက အားသာချက်တွေ ကို သိဖို့ ပြောပြတာပါ။
ဘယ်အရာဖြစ်ဖြစ် အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။
သူများနိုင်ငံမှာလည်း ကောင်းတာတွေရှိသလို ကိုယ့်မြန်မာပြည်မှာလည်းနေချင်စရာကောင်းတဲ့အချက်လေးတွေရှိတာ သိစေချင်လို့ ပါ။

ဘာပဲပြောပြောကျမကတော့ ကျမရဲ့ အမိမြန်မာပြည်ကြီးနဲ့  သုံးလတာခွဲခွာနေရတာလွမ်းလှပါပြီ။

ဖုန်ဘယ်လောက်ထူထူ၊နေဘယ်လောက်ပူပူ၊မီးဘယ်လောက်ပျက်ပျက် ပြန်လာခဲ့မယ်မြန်မာပြည်ကြီးရယ်။


မေတ္တာမွန်ဖြင့် 
 သန္တာအောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...