စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အီမိုတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ကြမလဲ..အီမိုဆိုတာဘာလဲ နှင့် အီမို ပေါ်ပေါက်လာပုံ


How to be Emo??
 



ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော စလုံးရောက်နေတဲ့ မြန်မာကျောင်းသား population လေးထဲမှာရော တဖြည်းဖြည်းနဲ့ emo လေးတွေ များများလာလိုက်တာ ဟိုလူလည်း emo ဒီလူလည်း emo နဲ့ Popular trend တစ်ခုကိုဖြစ်လို့။ ဒီလို popular trend တစ်ခုထဲ emo တစ်ယောက် အဖြစ်ဝင်ဆံ့နိုင်ဖို့ နည်းလမ်းလေးတွေ ပေးလိုက်ပါတယ်။


Emo ဆိုတာဘာလဲ?


အဲဒီ မေးခွန်းကို ကျနော်လည်း သေသေချာချာမဖြေတက်ဘူး။ ကျောင်းမှာတွေ့နေရတဲ့ အီမိုစတိုင်ဆံပင်ပုံစံ နဲ့ တီရှပ်အကျပ်လေးတွေကို ဂျင်းဘောင်းဘီအကျပ်တွေနဲ့တွဲဖက်ဝတ်ဆင်တက်သူ၊ converse ဖိနပ်တွေဝတ်ပြီး အနက်ရောင်လို အရောင်ရင့်ရင့်တွေကို ပုံမှန်ဝတ်တက်သူ ၊မိန်းကလေးဆိုရင် မျက်လုံးကို အိုင်းလိုင်နာအနက်ရောင်အထူကြီးခြယ်သူတက်သူတွေ၊ ဆူးလိုအချွန်ပါတဲ့ ခါးပတ်တွေဝတ်တက်သူတွေ၊သို့မဟုတ် ကြိုးချိန်းတွေ နားကွင်းတွေအထူးအဆန်းဘာတွေဝတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးကွဂိုက်နဲ့ ရှင်းရှင်းပြောရရင်အများအမြင်မှာ ပုံစံကွဲထူးခြားသူတွေကို   Emo လို့ပဲခေါ်ဖြစ်ကြပါတယ်။ Goth နဲ့ခပ်ဆင်ဆင်ဖြစ်ပေမဲ့ Gothလောက်ထိတော့ မပြင်းထန်ပြန်ပါဘူး။

  Emo ဆိုတာကလေ..အရင်တုန်းကgayတွေများတယ်တဲ့...အချစ်အပေါ်အရမ်းခံစားတတ်ကြတယ်တဲ့..  Emo ဆိုတာ
ပန့်ခ်မဟုတ်ပါဘူး။သူတို့ဝတ်စားဆင်ယင်မှုတွေကြောင့်ပန့်လို့ထင်ရပေမယ့်ပန့်မဟုတ်ပါဘူး။သူတို့ရဲ့ဒီဇိုင်းကိုတော့လူတိုင်းသိကြပါတယ်။ ဒါပေမယ့်အများစုကထင်တာကတော့.Emo ဆိုတာ Loser တဲ့...အလကားနေသတ်သေဖို့ကြိုးစားနေလို့တဲ့.ဒါပေမယ့်သက်သေတာတောင် Romance ဆန်ဆန်သေကြတယ်တဲ့ ...အံ့ေ၇ာနော်
ဒါပေမယ့်...  Emo စပေါ်ကာစကတော့..gayတွေများပါတယ်.. နောက်တော့လဲအီမိုပုံစံကfanshion styleနေရာမှာတော်တော်များများနေရာဝင်ယူလာကြပါတယ်။
ဒါပေမယ့်   Emo ဆိုတာ ပန်.ခ်ကနေဆင်းသက်သွားတာပါ...  Emo သီချင်းကိုပထမဆုံးဆိုတဲ့အဖွဲ့တွေကအရင်ကပန့်ဂီတလိုင်းကပါ.... အီမိုအဆိုတော်တွေအနေနဲ့...အဆိုတော်တွေကတော့ clivefive တို့ mychemical romance တို့ systemofdownတို့ကနာမည်ကြီးပါတယ်။...အီမိုဘာကြောင့်နာမည်ကြီးလာလဲဆိုရင်... အရမ်းမိုက်တဲ့styleကြောင့်လို့ထင်ပါတယ်။
အခုခေတ်ရန်ကုန်နဲ့..နေရာတော်တော်များများကခေတ်လူငယ်တွေဟာ... အီမိုပုံစံနွယ်လာကြပါတယ်....ဒါပေမယ့်အကြံပြုချင်တာကလေ..အီမိုပုံစံကိုအသားဖြူသူတွေပဲလိုက်တယ်လိုက်ပါတယ်လို့ထင်မြင်မိပါတယ်။....သန့်လဲသန့်ရမယ်ပေါ့နော်.....
အခုခေတ်မှာအမိုက်ဆုံးဖြစ်နေတာကတော့ အီမိုဆန်ဆန်မိန်းခလေးတွေပါ....
  
  Emo ကဗျာတွေကတော့ လူအများစုနဲ့ဆွေးနွေးဖို့ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖွဲ့ဆိုထားတဲ့ အမျိုးစားဖြစ်ပါတယ်။ သာမန်အားဖြင့် သေကြောင်းကြံခြင်းနဲ့ပတ်သက်တဲ့အတွေးတွေ၊ နာကြဉ်းစရာကောင်းတဲ့ အတွေ့အကြုံအကြောင်း၊ ဒေါသထွက်စရာ အရေးခင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံစားမှုပြတဲ့ အကြောင်းအရာတွေကို ကဗျာလုပ်ထားကြပါတယ်။

  Emo ရဲ့ အဓိပ္မါယ်ကိုအွန်လိုင်းမှာရှာကြည့်လိုက်တော့ emotionally sensitive(စိတ်ပိုင်းဆိုင်ရာ နူးညံမှု)ဆိုတဲ့ စကားကလာတယ်လို့ ဆိုပါတယ်။ အီမိုကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့ စိတ်ဖိစီးမှု ခံစားချက်တွေ၊ ၀မ်းနည်းမှုတွေ၊ဒေါသတွေ၊ အထီးကျန်ဆန်မှုတွေကို punk musicစတိုင်နဲ့ပေါင်းစပ်ပြီး ဖော်ထုတ်ပြတဲ့ ဖက်ရှင်စတိုင်ဟာ အီမိုစတိုင်ဖြစ်နေပါတယ်။ သူတို့နားဆင်တဲ့တေးသီချင်းတွေဟာ ပြင်းထန်အားကြီးတဲ့စိတ်ခံစားမှုကိုဖော်ထုတ်ရာပြတဲ့ alternative way ဆန်ဆန်ဆူဆူညံညံဂီတမျိုးဖြစ်တက်ပါတယ်။ သူတို့ဟာ စိတ်ခံစားမှုလိုက် အ၀တ်အစားကို ၀တ်ဆင်တက်ကြတယ်။ ဆံပင်ရှည်ရှည်ကိုထားပြီး မျက်နှာတ၀က်လောက်ဖုံးကွယ်ထားတက်ကြတယ်။ အမည်းရောင်ဖုံးလွှမ်းတဲ့ ကဗျာတွေကို ဖတ်တက်ကြသလို သူတို့ကျောင်းစာအုပ်ဖိုင်တွဲများ သို့မဟုတ် လွယ်အိတ်များမှာလည်း အီမိုစာပေများကို ကပ်ထားတက်ကြတယ်။
အီမို စာပေကဗျာ နှင့် သီချင်း နှင့် ပုံများ

Emo ဆိုတဲ့ ဝေါဟာရဟာရှိခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် အခု အချိန် အထိ တိတိကျကျ definition ဘယ်သူမှ မထုတ်နိုင်သေးပါဘူး။
နောက်ဆုံး သိရှိရတဲ့ အချက်ကတော့ emo တွေဟာ သူတို့ကို သူတို့ ဘယ်လိုပါ ဘယ်ညာပါဆိုပြီး definition ထုတ်ရင်း ထုတ်ရင်း ဒေါသတွေထွက် စိတ်ဓါတ်တွေကျလို့ လည်ပင်း ကြိုးကွင်းစွပ်၍ဖြစ်စေ၊ ကိုယ့်လက်ကောက်ဝတ် ကိုဓါးနဲ့ လှီး၍ဖြစ်စေ စတေးသွားကျတဲ့အတွက် နောက်နောင် emo များက တစ်ဆင့် အဖြေထုတ်ဖို့ ကြိုးစားဆဲလို့ သတင်းရပါတယ်။

Emo လို ပြုကျင့်ပါ

Emo မဖြစ်ခင်မှာ emo ဖြစ်ဖို့ အတွက် သရုပ်ပါအောင် ကိုယ့်စိတ်ကို ကိုယ်အရင် ပုံသွင်းရပါမယ်။
  • ဒီတော့ စိတ်ညစ်တယ်ဆိုတဲ့ စကား ကိုယ့်ဟာကို ခဏခဏ repeat လုပ်ပေးပါ၊
  • ဘာမဟုတ်တဲ့ ကိစ္စကို ဘာမဟုတ်ရကောင်းလားဆိုပြီး ဒေါသထွက်နေပါ။
  • မြင်မြင်သမျှကို စိတ်ဓါတ်ကျစရာကောင်းအောင် တွေးပါ၊ (မတွေးတတ်ရင် ထီပေါက်စဉ်ကိုရှေ့ချပြီး ဒီနံပါတ်တွေကို ငါ မထိုးမိလေခြင်းဆိုပြီး စိတ်ဓါတ်ကျပါ)
  • လူလည်ကောင်မှာ ထိုင်ပြီး သူတို့ကို အဖတ်မလုပ် စကားမပြောပဲ ခေါင်းငိုက်စိုက်ချကာ အထီးကျန်နေပါ။
  • တစ်ကမ္ဘာလုံးက ၀ိုင်းပြီး နားလည်မှု မပေးနိုင်တဲ့လူတစ်ယောက် အဖြစ် ကိုယ့်ကိုကိုယ်ခံယူထားပါ။
Emo သီချင်းတွေကို နားထောင်ပါ

  • ကိုယ့် library ထဲမှာရှိသမျှ သီချင်းတွေ ဖျက်ပစ်ပါ၊
  • CD ခွေ cassette ခွေတွေ မီးရှို့ပစ်ပါ၊ (အဲ့ဒါလုပ်ရင်းနဲ့ ငါ့ကိုယ်ဖျော်ဖြေမှု မပေးနိုင်တဲ့ သီချင်းတွေဆိုပြီး စိတ်ဓါတ်ကျပါ)
  • Emo သီချင်းတွေ လိုက်နားထောင်ပါ၊ Last.fm က emo ဆိုတဲ့ tag နဲ့ရှာပြီး ပေါ်လာသမျှ သီချင်းတွေကို နားထောင်ပါ။ Lyrics တွေကိုရှာပြီးဖတ်ပါ။ ခံစားပါ။ ရင်ထဲကို မရအရ ဆောင့်သွင်းပါ။
  • အသည်းကွဲ သီချင်းနားထောင်ရင်း ဟိုတစ်နေ့က လမ်းမှာ ရုတ်တရက် တွေ့လိုက်မိတဲ့ ကောင်မလေးကို ငါနာမည် မမေးလိုက်ရလေချင်း ဆိုပြီး ဆွေးပါ။
  • သူငယ်ချင်းကို မုန်းတဲ့ သီချင်းတွေနားထောင်ပြီး ကိုယ့်ကိုယ် စသမျှ နောက်သမျှ သူငယ်ချင်းတွေကိုမုန်းပါ၊
  • သူငယ်ချင်းကို လွမ်းတဲ့ သီချင်းတွေ နားထောင်ရင် ဟိုးအရင်က ဂျင်ပေါက်တဲ့ သူငယ်ချင်းကို သတိရပြီး စိတ်ညစ်ပါ။
သတိထားဖို့ အချက်က အဲ့ဒီ့ music နဲ့ ကိုယ်နဲ့ အဆက်မပြတ်ရှိနေဖို့ပဲ။
  • iPod ထဲမှာ အဲ့ဒီ့ သီချင်းတွေထည့်ထားပါ၊
  • ringtone ကို ကိုယ့်အခံစားရဆုံး သီချင်းကိုထားပါ၊
  • handphone ထဲမှာ လိုရမယ်ရ လေးငါးဆယ်ပုဒ်လောက် ထည့်ထားပါ။
  • သူငယ်ချင်းတွေက ပျော်စရာ ပြောနေလို့ ပျော်ချင်သလိုလိုဖြစ်လာရင် နားကြပ်ကောက်တပ်ပြီး နားထောင်ပါ။
  • သူငယ်ချင်းတွေက သူတို့ကြားထဲမှာ anti-social ဖြစ်တယ်လို့ ပြောလာရင်၊ အဲ့လို အကြည့်တွေနဲ့ ကြည့်လာရင်၊ ဂရုမစိုက်ပဲ ပစ်ထားရင်၊ နားကြပ်မတပ်ပဲ သူတို့နဲ့ ပျော်ပျော်နေဖို့ပြောလာရင် ကိုယ့်ကိုနားမလည်ရကောင်းလား ဆိုပြီး စိတ်ညစ်ပါ။
Discover your inner emo


အပေါ်မှာ ပြောတာလေးတွေ လုပ်နိုင်ရင် ခရီးတစ်ဝက်ရောက်ပါပြီ။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ပါ။ ငါသည် တစ်နေ့မှာ ဘယ်နှစ်နာရီလောက် ပျော်နေသေးလဲ။ ငါ့ဘ၀ကြီး ကို ငါဘယ်နှစ်ခါလောက် enjoy ဖြစ်မိလဲ စသဖြင့်ပေါ့။
အဲ့ဒါတွေကိုယ် ကိုယ့်ကိုကိုယ် ပြန်မေးရတာကို အဖြေပေးချင်စိတ်မရှိ လောက်အောင် စိတ်ညစ်နေရင်တော့ ကိုယ့်ကိုကိုယ် emo ဖြစ်ပြီလို့ ကြေငြာပြီး စိတ်ဆက်ညစ်ပါတော့။

Convey your emo image


ဆံပင်ပုံစံကို emo ပုံပြောင်းပါ၊ အရင်တုန်းက အရောင်ဆိုးထားမိရင် အနက်ရောင်ပြန်ဆိုးပါ။ အနက်ရောင်နဲ့ မကျေနပ်ရင် ပန်းရောင်၊ အစိမ်း၊ အဖြူ ထဲက ကြိုက်တဲ့ အရောင်တစ်ခုကို မျက်စိရှေ့ကျနေတဲ့ ဆံပင်မှာ တစ်ကြောင်းလောက်ဆိုးပါ။ ရွေးရမှာ စိတ်ညစ်ရင် သုံးခုလုံး သုံးကြောင်း ဆိုးလိုက်ပါ။ Eye-liner ကို နာနာလေးဆိုးပေးပါ။ သိပ်အထူကြီးမဆိုးပါနဲ့ gothic နဲ့ အမှားခံလို့ မဖြစ်ပါဘူး။ လက်သည်းနီ အနက်ဆိုးပါ။
T-shirt အနက်ရောင် သို့ အရောင်ရင့်ရင့်တွေ horizontal stripes အကြီးကြီးတွေ ပါတာမျိုးတွေ ၀တ်ပါ။ (vertical ဆိုရင်တော့ ဘောလုံးအင်္ကျီနဲ့ ရောသွားနိုင်တယ် အင်မတန် သတိထားပါ) ကိုယ်ဝတ်နေကျ size ထက် တစ် size လျှော့ပြီး ၀တ်ပါ။ ဂျင်းဘောင်းဘီ အနက်ရောင် သေးသေးလေးတွေပဲ ၀တ်ပါ။ ဘယ်တော့ (ဘယ်တော့) မှ ဘောင်းဘီတို မ၀တ်ပါနဲ့။ ဘောင်းဘီတိုဟာ emo အတွက် မဟုတ်ပါဘူး။ မိန်းကလေးတွေ အနေနဲ့ skirt တိုတိုနဲ့ checkered socks နဲ့ တွဲဝတ်ပါ။ ပြီးရင်တော့ Canvas ဖိနပ် အနက်ဝတ်ပါ၊ စုတ်လေ ကောင်းလေပါပဲ။
Accessory အနေနဲ့ သားရေပင် အနက်တွေပါတ်ပါ၊ လည်ပတ် အနက်တွေပါတ်ပါ၊ အနက် သို့မဟုတ် checkered လက်စွပ်တွေ ၀တ်ပါ။

On the side note

မြင်မြင်ရသမျှကို တွေ့သလောက် ပြောပြတာပေါ့လေ။ ဒါပေမယ့် emo တွေရဲ့ style မိုက်တယ် unique ဖြစ်တယ်ဆိုပြီး emo ဖြစ်ချင်တဲ့ သူတွေကိုတော့ သတိပေးရမယ်။  ဒီတော့က unique ဖြစ်ချင်လို့ emo ဖြစ်လို့ကတော့ unique ဖြစ်တဲ့ လူထောင်သောင်း သိန်းသန်းပေါင်း များစွာ ထဲက တစ်ယောက်တော့ ဖြစ်လာနိုင်တယ်လို့။အီမို စတိုင်လ် များကိုလေ့လာကြည့်ချင်ပါရင်တော့... လွယ်လွယ်ကူကူ Google မှာရှာကြည့်ကြပါခင်ဗျား...ကျနော် နမူနာ ပုံလေးတွေ တင်ပေးမလို့ဟာ ပို့စ်တအားရှည်သွားမှာ စိုးလို့ပါခင်ဗျား....ခွင့်လွှတ်ကြစေချင်..ဟိဟိ

ကဲ… Emo ဖြစ်ရင်း စိတ်ညစ်နိုင်ကြပါစေလို့…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...