စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမီးရည်းစားချိန်းတွေ့ရာမှ မြွေကိုက်ခံရပြီး သေဆုံး

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ မပြောမပြီး မတီးမမြည်မို့ မပြောချင်ပဲ ပြောရပါတော့မယ်၊ ရှက်ရှက်နဲ့ပဲ ပြောမယ်နော်.. အဟိ၊ ရှက်လည်း ရှက်ပါသည်၊ ရှက်လည်း မရှက်နိုင်ပါ။
          သူငယ်ချင်းတို့ရေ.... ဒီနေ့ခေတ် ချစ်သူရည်းစား တော်တော် များများဟာ နေရာမျိုးစုံမှာ ချိန်းတွေ့မှုတွေ ရှိတာကြောင့် တစ်ချို့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမျာ လျှို့ဝှက် ကင်မရာတွေရဲ့ အန္တရာယ်၊ တစ်ချို့ ပန်းခြံတွေမှာလည်း လျှို့ဝှက် ကင်မရာတွေ၊ ရှောင်းမြောင်း ကြည့်ရှုသူတွေရဲ့ အန္တရာယ်တွေနဲ့ ကြုံတွေနေရကြောင်း သတင်းများ ကြားသိနေရသလို အခုတော့ တနင်္သာရီတိုင်း မြိတ်မြို့က အမည် မဖေါ်လိုပဲ အန္တရာယ် ကင်းလိုသူ စေတနာရှင် တစ်ဦး ပေးပို့တဲ့ သတင်းလေးကို မျှဝေမှာ ဖြစ်ပါတယ်၊ ဖြစ်စဉ် ကတော့... လွန်ခဲ့တဲ့ (၃)ရက် လောက်က မြိတ်ကုန်တိုက်ရဲ့ အနောက်ဖက် သဲကွင်းတွင် ခုတ်လှဲထားသော သစ်တုံး တစ်တုံးပေါ်၌ သမီးရည်းစား အတွဲ တစ်တွဲ ချိန်းတွေ့ နေရာမှာ ကောင်မလေးမှာ ဘယ်လိုမှ မနေနိုင်လောက်အောင် တစ်ကိုယ်လုံး ယားယံလာသဖြင့် ကောင်လေးမှ    ကောင်မလေးအား အိမ်ပြန်ပို့ပေးခဲ့ကြောင်း၊

သို့ရာတွင် ကောင်မလေးမှာ မကြာမီ သေဆုံးခဲ့သဖြင့် ကောင်မလေး၏ မိဘများမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ကောင်လေးအား စစ်မေးပြီး ၄င်းတို့ ချစ်သူနှစ်ဦး ချိန်းတွေ့သည့် နေရာ (သစ်တုံး) အား သွားရောက် ကြည့်ရှုရာ သစ်တုံးမှာ အခေါင်းပေါက် ရှိနေပြီး၊ ထိုအခေါင်းပေါက် ထဲတွင် အဆိပ်ပြင်းသည့် မြွေ အကောင်ပေါက်လေးများ အမြောက်အများ ရှိနေသည်ကို တွေ့ရှိရကြောင်း ဖြစ်ရပ်မှန် ဖြစ်သဖြင့် ကောင်လေးနှင့် ကောင်မလေး၏ အမည်အား ထုတ်ဖေါ်ခြင်း မပြုလိုကြောင်း ပြောပြ သိရှိရပါတယ် ခင်ဗျာ။
          ချစ်သူ စုံတွဲအပေါင်း သူငယ်ချင်းတို့ရေ..... ဆင်ခြင်စရာ တစ်ခု ထပ်မံတိုးလာပါကြောင်းးးးးးးးးးးးးးးး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...