စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တင့်တောင်းတင့်တယ် နေနိုင်သူတွေ ဖြစ်ကြပါစေ

     ဘယ်လောက်ဘဲ ပညာပေးဆောင်းပါးတွေ ရေးပြနေ ရေးပြနေ လိုက်နာသူတွေ ရှိမှသာ ပျက်ဆီးနေတဲ့ အတွေးခေါ် ၊ ၀တ်စားဆင်ယင်မှုတွေ ကို ပြုပြင်ပြောင်းလဲ နိုင်ကြမှာပါ ။ ခုပထမဆုံး ပြောချင်တာလေးကတော့ ၀တ်စားဆင်ယင်ခြင်းနဲ့ ပတ်သတ်တာလေးပါပဲ။စာသင်ခန်း ထဲမှာ စာသင်ကြားနေသူ အသက် ၆၀ အရွယ်ဆရာ တစ်ဦးနှင့် အသက် ၂၅
နှစ်အရွယ် မိန်းကလေးတစ်ဦး ။ ဆရာက စာသင်မယ့် အခန်းထဲကို ၀င်တာနဲ့ အသင့်စောင့်
နေတဲ့ တပည့်မကို တစ်ချက်ကြည့်လိုက်ပါသည်။ ချက်ချင်း လှည့်ထွက်လာခဲ့သည်။ ဆရာ
ထွက်သွားတာနဲ့ တပည့်မလေးက နောက်က အပြေးလေးလိုက်ကာ
*ဆရာ စာမသင်တော့ဘူးလား *
*အေး…ဒီနေ့ မသင်တော့ဘူး*
*ဘာဖြစ်လို့လဲ ဆရာ *
* သမီး ၀တ်စားထားပုံကို ဆရာ သဘောမကျလို့ဘဲ…မနက်ဖြန်မှာ ဒီလို ၀တ်စားမှုမျိုးကို
မ၀တ်ထားပါနဲ့*
ဆိုပြီး နေရာမှ လှည့်ထွက်သွားပါတော့သည်။ နောက်နေ့ စာသင်ချိန်မှာတော့ ဆရာ
ရောက်လာခဲ့ပါသည်။ ဒီမှာ တပည့်လုပ်သူက မေးလာတယ် ။
*ဆရာ သမီး အ၀တ်စား နဲ့ စာသင်ကြားခြင်းကို ဘယ်လို ထိခိုက်မှု မျိုးဖြစ်လို့လဲ ဆရာ*
* အေး … ပြောပြမယ် ။ စာသင်ခန်း ဆိုတာ ဘယ်နေရာမှာ ဖြစ်ဖြစ် စာသင်တဲ့ နေရာကို
စာသင်ခန်းလို့ ခေါ်တယ်။ မြန်မာပြည် ရဲ့ စာသင်ခန်းတစ်ခုမှာ စာသင်မယ့် ကျောင်းသူ
ကျောင်းသား တစ်ဦးဟာ စာသင်ခန်းနဲ့ လိုက်လျောညီထွေတဲ့ အ၀တ်စားကိုဘဲ ၀တ်စား
ဆင်ယင် သင့်တယ်။ မနေ့က သမီး ၀တ်ထားတဲ့ စွပ်ကျယ်လက်ပြတ် ၊ ဇီးရိုးဘောင်းဘီတို
ဆိုတာ ဆရာတစ်ယောက်ရှေ့မှာ ၀တ်သင့်တဲ့ အ၀တ်စားမျိုး မဟုတ်ဘူး ။ သမီးမိဘတွေက
ခေတ်မှီတာကို ဂုဏ်ယူစရာ လို့ ထင်မှတ်ပြီး သမီးဝတ်စားဆင်ယင်မှုကို မပြောပေမယ့် ဆရာ
ကတော့ ပြောရမယ် *
တပည့်မလေးက မေးခွန်းတစ်ခု ထပ်ထုတ်လာပါတယ်။
*ဒါဆို မနေ့က သမီးဝတ်စားဆင်ယင်မှုက ဆရာ အတွက် အထင်သေးစရာ ဖြစ်နေတာပေါ့ *
*ဟုတ်ပြီ …မေးလာပြီဆိုတော့ အဖြေရှိရမှာပေါ့လေ……..သမီး ကိုယ်တိုင် အထင်သေးစရာ
ဖြစ်နေပြီလားလို့ တွေးမိလို့သာ ဆရာကို ဒီမေးခွန်းကို မေးလာပေါ့။ ဆရာက ကိုယ်သမီးလေး
လို စိတ်မျိုးတွေးလို့သာ သမီးကို ဆုံးမပြောဆိုနေတာပါ ။ ဆရာနေရာမှာ သမီးနဲ့ အရွယ်မ
တိမ့် မယိမ်း တစ်ယောက်ဆို သမီးဝတ်စားဆင်ယင်မှုက မြူဆွယ်မှုတစ်ခုလို့ အဓိပ္ပာယ်
သက်ရောက်သွားစေမယ် ဆိုတာကို သမီးတွေးမိလား ။ စာသင်ခန်းဆိုတာ စာသင်ခန်းနဲ့
လျော်ညီတဲ့ အ၀တ်စားကို ၀တ်ရမယ် ။ ဒါက မြန်မာပြည်လေ ။ ယနေ့ခေတ် လူငယ်တွေက
ခေတ်ကို မရောက်သေးတာကို ကြိုပြီး ဆန်တက်ချင်နေကြတယ် ။ အပြည့်ဝကိုဆန်တက်
လိုက်ကြတော့ ခေတ်မှီတာထက် ခေတ်ပျက်နေသလို ဖြစ်နေပြီ။ ဒါဆို ရေစုန်မျော နေရမှာ
လားလို့ မေးစရာရှိတယ်။ မဟုတ်ပါဘူး ။ လိုက်လျောညီထွေစွာ သင့်တော်သာလေးတွေကို
ဝတ်စားဆင်ယင်တတ်မှာသာ တင့်တောင်းတင့်တယ် ဖြစ်မှာပေါ့ကွယ် ။ ဆရာတို့ မြန်မာ
လူမျိုးဆိုသာ ယဉ်ကျေးမှု ၊ အစဉ်လာတွေ ကို အသက်ထက် တန်ဖိုးထားတဲ့ လူမျိုးအဖြစ်
ကမ္ဘာအလယ်မှာ နာမည်ရခဲ့တဲ့ လူမျိုးပါ ။ မတင့်လျော် မအပ်စပ်တာတွေကို ၀တ်စားဆင်
ယင်ခြင်းက အန္တာရယ်တွေကို ဖိတ်ခေါ်နေတာနဲ့ တူတူဘဲ သမီး ။ လက်တွေ့ အဖြစ်လေးတစ်ခု
ကို ဆရာပြောပြမယ် ။ တနေ့က ဆရာသမီးအငယ်မ ရန်ကုန်ကနေ ပြန်လာတယ် ။ သမီးငယ်
ပြောပြတာလေးပါ ။ အလုပ်ဆင်းချိန် ဘက်စကားပေါ်မှာ အရင်ဆုံး ကောင်မေလးတစ်ယောက်
တက်လာတယ်တဲ့ ။ ၀တ်ထားတာလေးက ဘောင်းဘီက ပေါင်တစ်ဝက်လေး ။ အသားလေး
က ဖြူဖွေးနေတာဘဲ အဖေရယ်တဲ့ ။ နောက်တစ်မှတ်တိုင်ကြတော့ --ု  --ား တစ်ယောက်တက်
လာတယ် ။ တက်လာပြီး 5 မိနစ်လောက်အကြာမှာ --ု  --ား က မထင်မှတ်တာကို လုပ်ချလိုက်
ပါလေကော။ သူလုပ်လိုက်တာက ခုနကောင်မလေးပေါင်ကို ကိုက်ထည့်လိုက်တာပါပဲ။
ကားပေါ်မှာလဲ ၀ရုန်းသုံးကားတော့ ဖြစ်သွားတာပေါ့ ။ ဆွဲသူကဆွဲ ရယ်သူက ရယ်ပေါ့နော်။
ဒီဖြစ်လေးကို တွေးကြည့်လိုက်ပါ သမီး ။ ဘယ်သူမှန်တယ် မှားတယ်ကို နောက်ထားလိုက်။
လောလောဆယ်ဘယ်သူအရှက်ကွဲသလဲ ။ အဓိက ဖြစ်ရတဲ့ ပထမဆုံးအမှားက မ၀တ်သင့်
တာကို ၀တ်မိတာ အန္တာယ်ရယ်ကို ဖိတ်ခေါ်နေတယ်ဆိုတာကို သက်သေ ပြလိုက်တာပါပဲ။
ကိုက်တဲ့သူ အကျင့်မကောင်းတာ နောက်ဆုံး ရဲစခန်းရောက်မှာတွေက နောက်မှ ဖြစ်မှာတွေ
ပါ ။ လောလောဆယ်ဆယ်မှာ လုပုံအလည်မှာ အကိုက်ခံလိုက်ရတယ်။ တကယ်လို့ သာ
လုံခြုံတဲ့ ၀တ်စားဆင်ယင်မှုနဲ့သာ လာကိုက်မယ်ဆို မိမိဘက်မှာ အပြည့်ဝကာကွယ်ပေးကြ
မှာပါ ။ ခုလို မလုံတလုံတွေကို ၀တ်မိတော့ *အော် ကိုက်မှာပေါ့ ၀တ်ထားတာက ကိုက်ချင်
စရာကို * ဆိုတာက ပါလာပြီ။ ဒီအဖြစ်လေးတွေက နေရာဒေကို လိုက်ပြီး ၀တ်စားတတ်စေဖို့ အတွက် အကောင်းဆုံး
သာဓက ပြသွားတာတွေပါပဲ ။
ခုလို ပြောင်းလဲ ၀တ်စားတတ်လာတွေဟာ အတုယူမှားခြင်းအပေါ်မှာလည်းမူတည်နေမယ်လို့
ထင်မိပါတယ်။ ခုဆို မြန်မာပြည်မှာ ကိုရီးယားကြီးစိုးမှုတွေက အတော်လေးကို တာသွားပါ
ပါတယ်။ ဇာတ်လမ်းကိုတင်ကြည့်ကြတာ မဟုတ်ဘဲ ၀တ်စားဆင်ယင်မှုတွေ ၊ တွေးခေါ်
မှုအပိုင်းတွေကိုပါ အတုယူနေကြပါတယ်။ ကောင်းတဲ့ အတုကို ခိုးတာ ပြသနာမဟုတ်ပေမယ့်
မဟုတ်တဲ့ မိန်းကလေးတွေ အရက်သောက်တာတွေ ၊ မလုံမခြုံ ၀တ်စားတာတွေကိုပါ အတု
ခိုးလာတဲ့ အခါမှာတော့ ပျက်ဆီးခြင်းလမ်းပေါ်ကို ရောက်ကြရပါတယ်။ သူရေ သူမြေ သူယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်နေပေမယ့် ခိုင်လေးတို့ မြန်မာယဉ်ကျေးမှုနဲ့ တော့ လိုက်လျောညီထွေမှု မရှိနိုင်ပါဘူး ။ ခုလိုပြောတာ ထဘီခြေဖျားစေ့ ၀တ် ၊ ခါးတို
ရင်ဖုံးအကျီ်တွေ ၀တ်နေဖို့ပြောနေခြင်းမျိုး မဟုတ်ပါဘူး ။ ၀တ်ပါ ခေတ်မှီလှလှပပလေးတွေ
ကို လုံလုံခြုံခြုံ လေးနဲ့ နေရာဒေသကို လိုက်ပြီး ၀တ်စားစေချင်တာမျိုးပါ ။ သီချင်းလေး တပုဒ်
တောင်ရှိခဲ့ဘူးပါတယ်။ *ဒို့ ပြည်ကြီးကို ကာကွယ်မယ် * ဆိုတဲ့ သီချင်းလို ခိုင်လေး မြန်မာယဉ်ကျေးမှု နယ်ပယ်ထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုတွေကို ခိုင်လေးတို့ ဘယ်လို ကာကွယ်မလဲ ။စာပေ ၊ ဂီတ ၊ ရုပ်ရှင် လက်နက်တွေနဲ့ ကာကွယ်မယ်။ မိဘ ဆရာသမားတွေရဲ့ ဆုံးမ ပဲ့ပြင်မှု လက်နက်တွေနဲ့ ကာကွယ်
ကြမယ်ဆို အကျိုးသက်ရောက်မှု များစွာဖြစ်ထွန်းလာမယ်လို့ လေးနက်စွာ ယုံ
ကြည်မိပါသည်။ အရေးပါဆုံး ထိရောက်မှုကတော့ အနုပညာရှင်တွေပါပဲ ။
ယနေ့ လူငယ်တွေ အားပေးထောက်ခံနေတဲ့ အနုပညာရှင်တွေ အနေနဲ့ အနာဂတ်
မျိုးဆက်တွေ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဖို့ လက်တွဲကူညီပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ ။ တစ်လောလေးက လွမ်းပိုင် ဆိုတဲ့ *ဗိုလ်ကေ * ဆိုတဲ့ သီချင်းလေး လူငယ်တွေကြားမှာ အတော်လေး ပေါက်သွားတယ်လို့ ပြောလို့ရပါ
တယ်။ ဘာလို့လဲဆိုရင် မိဘတွေတောင် ပြောမရတဲ့ ဆံပင်ပုံဆံ နေရာမှာ
ကလေးတွေ တော်တော်များများ ဗိုလ်ကေ တွေ ပြောင်းလဲသွားကြတယ် ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆိုခဲ့ပါစေ ကလေးတွေကို ကြည့်ရတာ ဆံပင်ပုံ သေသေသပ်သပ်လေးတွေနဲ့ အရမ်းကို ကျက်သရေ ရှိနေတာကတော့ ငြင်းမရပါဘူး ။
စာပေ ၊ ဂီတ ၊ ရုပ်ရှင် ၊ မိဘဆရာ ပူးပေါင်းပြီး လက်တွဲညီညီနဲ့ ကာကွယ်စောင့်ရှောက်
ကြပါ နော်။ လူလောကကြီး မှာ တင့်တောင်းတင့်တယ် နေနိုင်ဖို့ ဆိုသာ ပစ္စည်းဥစ္စာ ၊
ပညာတွေ တတ်နေခြင်း နဲ့ တင်မရနိုင်ပါဘူး ။ဂုဏ်သိက္ခာရှိစွာ ၀တ်စားဆင်ယင်
တတ်ခြင်း ၊ နေထိုင်တတ်ခြင်း ဆိုတဲ့ အချက်တွေပါ ပြည့်စုံနေမှ တင့်တောင်းတင့်တယ် နေနိုင်မှာဖြစ်ပါတယ်ရှင် ။။ မြန်မာပြည်ဖွား မြန်မာလူမျိုးမြန်မာလူငယ်တိုင်း မြန်မာယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေစွာ ၀တ်စားဆင်ယင် နေခြင်းဖြင့် တင့်တောင်းတင့်တယ် နေနိုင်သူတွေ ဖြစ်ကြပါစေရှင်။

အချစ်ကို ကိုးကွယ်သူလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...