စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကလေး ၆၀၀ ၏ အဖေဖြစ်လာသော ဗြိတိန်ဆရာဝန်တစ်ဦး အကြောင်း

ဗြိတိန်ဆရာဝန်တစ်ဦးသည် သူ၏ကိုယ်ပိုင်မျိုးပွားခြင်းဆိုင်ရာ ဆေးခန်းအတွက် သုက်သွေးများကို လှူဒါန်းခဲ့ရာမှ ကလေး၆ဝဝ၏ အဖေဖြစ်လာကြောင်း ဧပြီလ၈ရက်နေ့ သတင်းများက ဖော်ပြသည်။ ဇီဝဗေဒပညာရှင် ဘာတိုးဝိုင်စနာသည် မျိုးမအောင်သည့် ခင်ပွန်းများအစား အလယ်အလတ်လွှာနှင့် အထက်တန်းလွှာမှ အမျိုးသမီးများအတွက် သုက်သွေးများလှူဒါန်းခဲ့ရာမှ ကလေး၆ဝဝ၏ အဖေဖြစ်လာခြင်းဖြစ်သည်။ သူ၏သုက်သွေး လှူဒါန်းမှုကြောင့် ဥပမာအားဖြင့် ကနေဒါမှ ဘယ်ရီစတီဗင်နှင့် လန်ဒန်မှ ဒေးဗစ်ဂိုလန်ဇက်တို့သည် ဖအေတူမအေကွဲများ ဖြစ်နေကြောင်း အသက်ကြီးမှ သိရှိခဲ့ရခြင်းဖြစ်သည်။ သူတို့သည် ၁၉၄ဝပြည့်လွန်နှစ်များမှ ၁၉၆ဝပြည့်လွန်နှစ်များ အလယ်ပိုင်းအထိ သုတေသနပြုလုပ်သည့် အနေဖြင့် ဝိုင်စနာ၏ သုက်သွေးလှူဒါန်းမှုကြောင့် ဖန်ပြွန်သန္ဓေသားနည်းဖြင့် မွေးဖွားလာကြသူများဖြစ်သည်။ ဝိုင်စနာသည် ယင်းကာလအတွင်း တစ်နှစ်လျှင် စုံတွဲ၂ဝအတွက် သုက်သွေးလှူဒါန်းခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံး၌ သူ၏ကလေးသည် ၆ဝဝခန့်ရှိလိမ့် မည်ဟုဆိုသည်။
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...