စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခါးနာခြင်း ကင်းဝေးစေမည့် ကိုယ်နေဟန်ထားများ



၁) မှန်ကန်သော အနေအထား
ကိုယ်နေဟန်ထား မှန်မှသာ ခါးနာ ဝေဒနာ ကင်းဝေးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အနေအထားမျိုး နေတဲ့အခါ ကျောရိုးဟာ သန်စွမ်းပြီး တည့်မတ်နေပါတယ်။ ကျောရိုးက ခုံးတာ၊ ခွက်တာတွေ ဖြစ်ရင် ကြွက်သားနဲ့ တွယ်ဆက်မျှင်တွေဟာ ကျောရိုး ဟန်ချက်ညီအောင် အတင်း တည်ဆောက်နေရတာကြောင့် ညောင်းညာတာ၊ ခါးနာတာ၊ ခေါင်းကိုက်တာနဲ့ တခြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
၂) ကျောရိုး၏ ကွေးညွတ်မှု
ှုကျန်းမာရေး ကောင်းနေတဲ့ ခါးနောက်ကျောမှာ သဘာဝ အကွေးသုံးမျိုး ရှိပါတယ်။ လည်ပင်း အကွေး၊ ခါးအပေါ်ပိုင်း အကွေးနဲ့ ခါးအောက်ပိုင်း အကွေးတို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ ကိုယ်နေဟန်ထားဟာ ဒီအကွေး သုံးမျိုးကို တည်မြဲနေအောင် ထိန်းထားနိုင်ပေမယ့် ကိုယ်နေဟန်ထား မမှန်ရင်တော့ ကြွက်သားတွေပေါ်ကို ဖိအား ကျရောက်စေကာ နာကျင်စေနိုင်ပါတယ်။
၃) မှန်ကန်သော မတ်တတ်ရပ် အနေအထား
မတ်တတ်ရပ်တဲ့ အခါ ရင်ဘတ်ကို မြှင့်ထားရပါမယ်၊ ပခုံးတွေက နောက်ဘက်ကို ရောက်ပြီး တင်းမထားရပါဘူး။ ဗိုက်နဲ့ တင်ပါးတွေက ရင်ဘတ်နဲ့ ယှဉ်ရင် နောက်ဘက် ရောက်နေရပါမယ်၊ ကိုယ်အလေးချိန်ဟာ ခြေထောက် နှစ်ဖက်စလုံးပေါ်မှာ အညီအမျှ ရှိနေရပါမယ်။
၎) နံရံကပ်ကာ စစ်ဆေးနည်း
မတ်တတ်ရပ်တဲ့ အနေအထားက မှန်၊ မမှန် သိအောင် နံရံကို ကပ်ပြီး စစ်ဆေးသင့်ပါတယ်။ ခြေဖနောင့်တွေကိုတော့ နံရံနဲ့ ၂-၄ လက်မ အကွာလောက် ထားပြီး ခေါင်း၊ ပခုံးနဲ့ တင်ပါးတွေကို နံရံနဲ့ ထိကာ ရပ်ပါ။ သင့်ကျောနဲ့ နံရံရဲ့ အကွာအဝေးက လက်တစ်ဝါးစာ အထူလောက်ပဲ ရှိသင့်ပါတယ်။ တကယ်လို့ အလွန် ဝေးနေရင် ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ပြီး ရပ်ပါ။ အလွန် နီးနေရင်တော့ သင့်ခါးကို နည်းနည်း မြှင့်လိုက်ပါ။ အဲဒီ အနေအထား အတိုင်း လမ်းလျှောက်တာ၊ ရပ်တာတွေကို လုပ်ဆောင်ပေးပါ။
၅) မှန်ကန်သော ထိုင်နည်း အနေအထား
ကြမ်းပြင်ပေါ်မှာ ခြေဖဝါး နှစ်ဖက်စလုံးကို ချထားနိုင်မယ့် ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ဒူးတွေက တင်ပါးနဲ့ တစ်တန်းတည်း ဖြစ်နေရပါမယ်။ နောက်ကျောကို ထိုင်ခုံ နောက်မှီမှာ မတ်မတ် ထိုင်ပါ။ လိုအပ်ရင် ခါးနောက်ကျော အကွေး နေရာမှာ တဘက် ဒါမှမဟုတ် ခေါင်းအုံးသေး ထည့်ထားပါ။ ညောင်းညာလာရင် ခေါင်းကို မျက်နှာကြက်ဆီ ကြည့်လိုက်၊ မေးစေ့ကို အောက်ဆွဲချလိုက် လုပ်ပေးပါ။ နောက်ကျော အပေါ်ပိုင်းနဲ့ လည်ပင်းတွေ ကတော့ သက်သောင့်သက်သာနဲ့ မတ်နေရပါမယ်။ ပခုံးတွေကိုလည်း မြှင့်ထားတာ၊ နှိမ့်ချထားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာ ထားရှိပါ။
၆) ပခုံး၏ မှန်ကန်သော အနေအထား
ထိုင်နေချိန်မှာပဲ ဖြစ်ဖြစ်၊ ရပ်နေချိန်မှာပဲ ဖြစ်ဖြစ် ပခုံး အနေအထားကို ဂရုစိုက်ပါ။ ပခုံးကို လျှောတာ၊ မြှင့်တာတွေ မဖြစ်ပါစေနဲ့။
၇) တုံ့ပြန်မှုကို စစ်ဆေးပါ
သင့်ပခုံးတွေ မတ်နေတယ်ဆိုတာ သိနိုင်အောင် မှန်ရှေ့မှာ မတ်မတ်ရပ်ပြီး သင့်ပခုံး အနေအထားကို စစ်ဆေးကြည့်ပါ။
၈) အကျိုးကျေးဇူး
မှန်ကန်သော အနေအထား ရအောင် လေ့ကျင့်ရတာက အစပိုင်းမှာ ပင်ပန်းနေနိုင်ပေမယ့် ကြာလာတဲ့အခါ နေရထိုင်ရတာ သက်သောင့်သက်သာ ရှိလာတာကို တွေ့ရမှာပါ။ အသက်အရွယ်မရွေး ခါးနာတာကို ကင်းဝေးစေမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

Like ကိုကလစ်ခြင်းဖြင့် အားပေးပါနော်။ကျေးဇူးတင်ပါတယ်။ နန္ဒာမ ( ကြယ်စင် By Good Health )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...