စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိုးယုစံနှင့် အတူ တရားဟောသွားတဲ့ ယင်ကောင်လေး



၂၅.၄.၂၀၁၂ နေ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီသို့ ဘုရားဖူးသွားခဲ့သေးတယ်၊
အဲ့ဒီနေ့ကပေါ့ ဗီဒီယို၊ ရုပ်ရှင်သရုပ်ဆောင် မိုးယုစံတို့အဖွဲ့ ရုပ်ရှင်လာရိုက်ကြတယ်လေ၊ မိုးယုစံလေးက (ဗုဒ္ဓကမ္ဘာမှသမီးတို့နီးပါး) တော်တော်လေးချောတာ လှတာကိုး ပရိတ်သတ်တော်တော်များများ ၀ိုင်းကြည့်နေလိုက်ကြတာ ရုပ်ရှင်အဖွဲ့တွေ မနည်းတားနေရတယ်။
          တောင်ပေါ်က ပြန်ဆင်းဖို့ကြတော့ တော်တက်မော်တော်ယဉ်အသင်းက ကားတွေနဲ့ပဲ ပြန်ဆင်းရတာဆိုတော့ ကားစောင့်တဲ့နေရာလေးက ထိုင်ခုံတွေပေါ်မှာထိုင်ပြီး စောင့်နေရတာကိုး၊ အဲ့ဒီမှာလည်းလူတွေ ၀ိုင်းနေကြတာ၊ကားက လူပြည့်လို့ထွက်သွားကြတဲ့အခါမှပဲရှင်းသွားတော့တယ်။
          အဲ့ဒီမှာ စတာပဲ၊ ကားဆရာတစ်ယောက်ကပြောတယ်၊ မိုးယုစံလေးက ချောလိုက်တာ အသားလေးကလည်း ဖြူဥနေတာပဲ သဘောလည်းကောင်းမဲ့ပုံလေး၊ စကားသံလေးကလည်း ဘယ်လိုလေးလည်းမသိဘူး နားဝင်ချိုလိုက်တာတဲ့လေ၊ ဒါပေမဲ့ ဒီလောက်ချော ဒီလောက်လှနေပေမဲ့ အများတကာလို သူ့အနားမှာလည်း ယင်ကောင်တွေအုံနေတာပဲနော်တဲ့လေ၊ အဲ့ဒီစကားလေး ကြားလိုက်မှ ဦးဇင်းလည်း ကိုယ့်ကိုကိုယ် သတိထားမိတယ်၊ သြော် ငါ့မှာလည်း ယင်တွေအုံနေပါလား လို့လေ၊ ဒီခန္ဓာကြီးဟာ မသေခင်ကတဲက ပုပ်နေပါလား အပုပ်ကောင်ရုပ်ဆောင်နေကြတာပါလား၊ လူတွေက သတိမထားမိကြပေမဲ့ ယင်ကောင်တွေကတော့ သိကြတယ်နော်၊ သူတို့အကြိုက်က ပုပ်ဟောင်နံစော်နေတာကိုမှ နှစ်သက်တာကိုး၊ ဘယ်လိုပဲ အမွှေးနံ့သာတွေ ဖုံးအုပ်ထားသော်လည်း သဘောတရားကတော့ တရားသဘောတရားပါပဲ ဆိုတာကို ရင်ကောင်လေးတွေက တရားဟောပြသွားခဲ့ကြလေ။(သြော်…..ဘုန်းကြီလည်း ယင်အုံ၊ မိုးယုစံလည်း ယင်အုံ)
 
လူတိုင်းကိုလည်း ယင်အုံတာပါပဲ။) လူတွေက သတိတွေ မေ့နေလိုက်ကြတာ။ မတင့်တယ်တာကို ပြုပြင်မူနဲဖုံးကာ ဇွတ်ကြီးကို မေ့အောင်လုပ်နေတာ။
ယင်ကောင်လေးတို့ရေ သာဓု သာဓု သာဓုပါဗျာ
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...