စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်သောအကြောင်းရင်း(၁၀)ချက်


၁၊ဘာသာစကားကျွမ်းကျင်မှုတိုးတက်လာခြင်း
ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်မျှ ပြုကျင့်ရုံနဲ့ ဦးနှောက်မှတ်ဥာဏ်ကိုပိုကောင်းစေနိုင်ပါသည်၊

၂၊နာကျင်ကိုက်ခဲမှုသက်သာစေခြင်း
အနားယူခြင်းကဒူး၊ ပခုံး၊ ကျောနဲ့လည်ကုပ်တို့ကို နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်း
မဟုတ်သေးပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါက မလုပ်သူတွေထက်ကြွက်သားနာကျင်မှု ၂၅ ရာခိုင်နှုန်းသက်သာတာကိုတွေ့ရပါတယ်။ လှုပ်လှုပ်ရှားရှား နေခြင်းဟာ ကြွက်သားတွေကိုပျော့ပျောင်း စေနိုင်သလို နာကျင်မှုတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၃၊အလုပ်မှာပိုပျော်ရွှင်စေခြင်း

လှုပ်လှုပ်ရှားရှားနေခြင်းဖြင့် သင့်ရဲ့လုပ်နိုင်စွမ်းရည်ကို ပိုတိုးတက်လာနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လည်း
ပိုပြီးရှင်းရှင်းလင်းလင်း တွေးလာတတ်သလို အလုပ်ပိုပြီးပါတယ်။

၎၊ကိုယ်လုံးကိုယ်ပေါက် ပိုလှပလာခြင်း

လေ့ကျင့်ခန်းမှန်မှန် လုပ်ခြင်းဖြင့် ခန္ဒာကိုယ် ပိုမိုလှပကြော့ရှင်း စေနိုင်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် လှပချင်ရင်တော့ နေ့တိုင်းမိနစ် ၂၀ ခန့်လမ်းလျှောက်ပေးပါ။

၅၊ သွားဖုံးကျန်းမာစေခြင်း

သွးတိုက်ခြင်းကတစ်ခုတည်းသောနည်းလမ်းမဟုတ်တော့ပါ။ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ်တတ် လာတဲ့
သွားဖုံးရောင်ရောဂါ (periodontitis) ဖြစ်နိုင်ချေကို လေ့ကျင့်ခန်းလုပ်ခြင်းက လျော့ချပေးနိုင်ကြောင်ါ် လေ့လာချက်
တွေအရ တွေ့ရှိရပါတယ်။ သွေးထဲ မှာဖြစ်ပေါ်စေနိုင်တဲ့ c-reactive protein ပမာဏကိုလျှော့ချ ပေးတာ
ကြောင့်ဖြစ်ပါတယ်။
 
၆၊အအေးမိရောဂါမှ ကာကွယ်နိုင်ခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို မြန်စေရုံမျှမက ကိုယ်ခံအားကိုလည်းကောင်းစေတာကြောင့်
တော်ရုံတန်ရုံ ရောဂါပိုးတွေကို တိုက်ဖျက်ကာကွယ်နိုင်ပါတယ်။
 
၇၊ ကောင်းမွန်စွာအိပ်ပျော်စေနိုင်ခြင်း

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းက အိပ်ကောင်းခြင်းနဲ့ လည်းအိပ်ပျော်စေနိုင်ပါတယ်။ညညအိပ်မပျော်တဲ့သူတွေ
အနေနဲ့ တစ်ရက်ကို အနည်းဆုံးနာရီဝက်လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ညနေပိုင်းမှာလေ့ကျင့်ခန်းပေါ့ပေါ့ပါးပါး
လုပ်ခြင်းကအိပ်စက်ခြင်းကိုမနှောက်ယှက်သည့်အပြင် ပိုပြီးတော့တောင်အိပ်ပျော် စေပါတယ်။
 
၈၊လေပွသက်သာစေခြင်း

ရင်ပြည့်ရင်ကယ်ဖြစ်နေပါက ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ပေးပါ။ လေတွေကိုဖယ်ရှားပေးပြီး
ရင်ချောင်လာစေပါမယ်။ လေပွသက်သာတဲ့အထိလမ်းလျှောက်ပေးပါ။
 
၉၊အမြင်ကြည်စေခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးအတွက်ကောင်းစေသလို မျက်လုံးအတွက်လည်းကောင်းစေပါတယ်။ ကိုယ်လက်
လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းက အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်စိမှုန်ရောဂါတစ်မျိုး
( macular degeneration ) ဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။
 
၁၀၊အပင်ပန်းခံနိုင်စေခြင်း

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မောပန်းနွမ်းနယ်မှုကို တိုက်ဖျက်နိုင်တဲ့ ဦးနှောက် ဓာတုဓာတ်ပစ္စည်းဖြစ်တဲ့
norepinephrine နဲ့ dopamine ဟော်မုန်းဓာတ်တွေကိုလျော့ကျစေနိုင်ပြီး စိတ်ခံစားမှုကောင်းစေနိုင်တဲ့ serotoninဟော်မုန်းတွေကိုများစေပါတယ်။

သူငယ်ချင်းများအားလုံး လေ့ကျင့်ခန်းကို ပုံမှန်လုပ်စေခြင်ပါတယ်လို့ တိုက်တွန်းခြင်ပါတယ်နော်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...