စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားနှင့်


ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားနှင့် 

ဘ၀ရည်မှန်းချက်ကြီးမားကြကုန်သော မျိုးဆက်သစ် လူငယ်တိုင်းသည် မိမိတို့ ဘ၀ခရီးတစ်လျှောက် အောင်မြင်မှုများကို သာ အပြည့်အ၀ ရယူနိုင်ကြစေချင်တယ်..မိမိ ဘ၀လှပ အောင်မြင်ရေးအတွက် ဖေးမ၊ ထောက်ကူနေသည့် အဆွေခင်ပွန်းကြီးများသည် အရေးပါ အရာရောက်ကြပါသည်။ ဘ၀မှာ အရေးပါအရာရောက်လှသည့် ခင်ပွန်းကြီး ဆယ်ပါးကို ......


- ဗုဒ္ဓေါ၊ ပစ္စေက၊ ဗုဒ္ဓေါ ၊ အရဟာ ၊ အဂ္ဂသာဝကာ
မာတာ၊ ပိတာ၊ ဂရုသတ္တာ၊ ဓမ္မဒေသနာစ ဒါယကာ၊
က္ကမေ ဒသ မဟာရဏော၊ အဟံဝန္ဒာမိ သဗ္ဗဒါ။ ။ ဟူရ်ျ သိမှတ် ထားပါသည်။

ခင်ပွန်းကြီး ၁၀ ပါးတို့မှာ.....

(၁) သမ္မာ သမ္ဗုဒ္ဓ ဘုရား
(၂) ပစ္စေက ဗုဒ္ဓ
(၃) ရဟန္တာ
(၄) အဂ္ဂ သ၀က ၊ မဟာ သာဝက
(၅) အမိ
(၆) အဖ
(၇) အလေးဂရု ပြုထိုက်သည့် ပုဂ္ဂိုလ်
(၈) ဆရာသမား
(၉) တရားဟောပြပေးသူ
(၁၀) ကျွေးဖူးပေးဖူးသူ...

...တို့ ဖြစ်ကြပါသည်။


မျိုးဆက်သက်တို့သည် မိမိတို့ ကိုယ်ကျိုး စီးပွားကို ပေးစွမ်းနိုင်သည့် ခင်ပွန်းကြီးများကို လေးစားမြတ်နိုးတန်ဖိုး ထားရပါ မည်။ ကျေးဇူးရှိသော ပုဂ္ဂိုလ် မှန်သမျှကို ခင်ပွန်းဟူရ်ျ သတ်မှတ်ဧ။် ...လူ တစ်ဦးနှင့် တစ်ဦး ရက်၊ လ၊ နှစ် တွေ တော်တော်ကြာကြာ ပေါင်းခဲ့ခြင်းကို မဆိုနှင့် ၊ အဖော်အဖြစ် လေးငါးဆယ်လှမ်း သွားမိလျှင်ပင် ခင်ပွန်း ဖြစ်သွားပါပြီ။ ကျေးဇူးရှိပြီ ဖြစ်ရ်ျ ခင်ပွန်း ခေါ်ထိုက်ပြီ ကို သတိချပ်ရပါမည် ။

ဘုရားလောင်းကျေးမင်းသည် သစ်ပင်ကို မှီစားရသည့် အတွက် သစ်ပင်ကိုပင် အဆွေ ခင်ပွန်း အဖြစ်သတ်မှတ်ခဲ့ဧ။်..ထိုကြောင့် ခင်ပွန်းကို အပြစ်မှားမိပါစေနှင့် ။ ပြစ်မှားမိပါလျှင် ဒဏ်ဆယ်ပါး ၊ သင့်တတ်ကြောင်းကို ပိုင်းလော့ ဆရာတော် အရှင် ဇေယျပဏ္ဍိတ..က ( သွေးအံ ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း ၊ ချို့ယွင်း အင်္ဂါ နူနာကုငှ ၊ ရူးကြ ဖောက်ပြန် ၊ မင်းဒဏ် သင့်ခဏ်း ။ ကြမ်းတမ်းစွပ်စွဲ၊ သေကွဲ သားချင်း၊ ပျက်ခြင်း စည်းစိမ်၊ နေအိမ် မီးလောင်၊ ဒုက္ခကာင်သည်၊ လူဘောင်ဒီငှ ၊ တွေ့ကြုံရရ်ျ သောက ငရဲ ၊ ကမ္ဘာစွဲဧ။် )

ဒဏ်ဆယ်ပါး အပြင် မဂ်ညဏ်၊ ဖိုလ်ညဏ်ကို လည်း တားနိုင်ပါသည်။ ...စသည်ဖြင့် လမ်းညွန်သြ၀ါဒပေးထားဧ။် ...ဒဏ်၁၀ပါးတို့ကား...


(၁) သွေးအံဖြစ်လွယ် =ကုစားရ ခက်သည့် ကင်ဆာစသည့် ဝေဒနာမျိုးဖြစ်ခြင်း။
(၂) အရောင်းဝယ်ရှုံးခြင်း =စီးပွားကျခြင်း၊ စီးပွားပျက်ခြင်း။
(၃) ချို့ယွင်းအင်္ဂါ =ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း ။
(၄) နူနာကုငှ =ဆွံ့အခြင်း၊ ခြေလက် ကုပ်ကွေးခြင်း ၊ အနာကြီးရောဂါ ဖြစ်ခြင်း။
(၅) ရူးကြဖောက်ပြန် =စိတ်ပျံ့လွင့်ခြင်း၊ ရူးသွပ်ခြင်း။
(၆) မင်းဒဏ်သင့်ခဏ်း =မင်းပြစ် မင်းဒဏ် သင့်ခြင်း။
(၇) ကြမ်းတမ်းစွပ်စွဲ =မဟုတ်မမှန်ပါဘဲ ကြမ်းကြုတ် ရက်စက်စွာ စွပ်စွဲခံရခြင်း ။
(၈) သေကွဲသားချင်း = အားထားစရာ မိဘ ၊ သားချင်း ဆွေမျိုးများနှင့် သေကွဲ ကွဲခြင်း။
(၉) ပျက်ခြင်းစည်းစိမ် = ဥစ္စာပစ္စည်း ပုပ်ဆွေးပြီး ပျက်စီးဆုံးရှုံးခြင်း။
(၁၀) နေအိမ်မီးလောင် = ခန္ဒာအိမ် မိုးကြိုးခပြီး ၊ နေအိမ်ပါ မီးလောင်ခြင်း ။ ....

စသည်တို့ ဖြစ်ပါသည်။


သို့ပါရ်ျ မျိုးဆက်သစ် လူငယ်များတို့သည် . လူဘ၀နှင့် နေရသည့် ခဏတာ အချိန်ကလေးတွင် ခင်ပွန်းကြီးများကို ပြစ်မှားမိလျှင် ၊ အကုသိုလ် မကောင်းမှုများနှင့် လုံးထွေးနေလျှင် မဂ်တား ၊ မိုလ်တား လည်းဖြစ်ကာ မဂ်ညာဏ် ဖိုလ်ညဏ် လည်း ကင်းဝေးတတ်ကြသည်ကို သတိပြု ဆင်ခြင်သင့် ကြပါသည်။

ပိုင်းလော့ ဆရာတော် အရှင် ဇေယျပဏ္ဍိတ.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...