စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခုဇ္ဇုတ္တရာ ( ခါးကုန်းမလေး )

ခုဇ္ဇုတ္တရာ ( ခါးကုန်းမလေး )
        ဥတေနမင်း၏ မိဖုရား သာမာဝတီတွင် ကျွန်မတယောက် ရှိသည်။ ခုဇ္ဇုတ္တရာ အမည်တွင်၏။ အမည်ရင်းမှာ ဥတ္တရာ ဖြစ်သည်။ ခါးကုန်းနေသောကြောင့် ခုဇ္ဇုတ္တရာ-ဟု ခေါ်ကြခြင်း ဖြစ်သည်။
ဥတေနမင်းသည် သာမာဝတီအတွက် နေ့စဉ် ပန်းဖိုးရှစ်ကျပ်ပေးသည်။ ခုဇ္ဇုတ္တရာသည် ထိုငွေဖြင့် ပန်းဝယ်၍ ဆက်ရသည်။ တနံနက်တွင် ခုဇ္ဇုတ္တရာသည် ပန်းဝယ်ရန် ပန်းသည် သုမနထံသို့ သွားသည်။ သုမနသည် ဘုရားအမှူးပြုသော သံဃာတော်များကို ဆွမ်းဆက်ကပ်နေသဖြင့် ပန်းမရောင်းနိုင်ပေ။ ခုဇ္ဇုတ္တရာကို ခေတ္တစောင့်ဆိုင်းစေသည်။ ထိုမျှမက ဆွမ်းကပ်ရာတွင် ကူညီပါရန် သုမနက ပန်ကြားသည်။ ခုဇ္ဇုတ္တရာလည်း ဆွမ်းကပ်ရာတွင် ကူညီသည်။ ထို့နောက် ဘုရားရှင်၏ ဆွမ်းအနုမောဒနာ တရားတော်ကို ကြားနာရသည်တွင် တရားထူးရ၍ သောတာပန်အဆင့်သို့ ရောက်သွားလေသည်။
ခုဇ္ဇုတ္တရာသည် ယခင်နေ့များကဆိုလျှင် ပန်းဖိုး ရှစ်ကျပ်အနက် လေးကျပ်ကို မိမိအတွက် ယူထားသည်။ ကျန်လေးကျပ်ဖြင့်သာ ပန်းဝယ်လေ့ရှိသည်။ ထိုနေ့တွင်ကား ငွေအားလုံးဖြင့် ပန်းများ ၀ယ်သွားသည်။ ပန်းများ အများအပြား ရရှိသည်။ သာမာဝတီသည် ခါးတိုင်းထက် နှစ်ဆများနေသော ပန်းများကို မြင်သဖြင့် အကျိုးအကြောင်းကိုမေး၏။
ခုဇ္ဇုတ္တရာလည်း အဖြစ်မှန်ကို ပြောပြ၏။ သာမာဝတီသည် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။ မိခင်၊ နာယူခဲ့သောတရားကို သမီးတို့အား ပြန်လည်ဟောပြပါလော့-ဟု ပန်ကြား၏။ ထို့နောက် ခုဇ္ဇုတ္တရာကို နံ့သာရည်တို့ဖြင့် ရေချိုးပေးသည်။ အ၀တ်သစ်များကိုပေး၍ ၀တ်ဆင်စေသည်။ တရားဟောစေသည်။
ခုဇ္ဇုတ္တရာလည်း သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာတို့အား ဘုရားရှင်ဟောတော်မူသည့်အတိုင်း ပြန်လည်ဟောကြားသည်။ တရားအဆုံး၌ သာမာဝတီနှင့်တကွ နန်းတွင်းသူ ငါးရာလုံးပင် တရားထူးရသွားကြ သည်။ သောတာပန်အဆင့်သို့ ရောက်သွားကြသည်။ နန်းတွင်းသူ အားလုံးက ခုဇ္ဇုတ္တရာအား ရှိခိုးကြသည်။
မိခင်၊ ယနေ့မှစ၍ ပင်ပန်းသောအလုပ်များကို မလုပ်ပါနဲ့တော့။ ကျွန်မတို့၏ အမိအရာ ဆရာအရာမှာ နေပါလော့။ ဘုရားရှင်ထံတော်သို့သာ သွားပါ။ ဘုရားရှင်ဟောကြားသော တရားတို့ကို သေချာစွာ နာယူပြီးလျှင် ကျွန်မတို့အား တဆင့်ဟောပြပါလော့-ဟု တောင်းပန်ကြ၏။
သူတို့တောင်းပန်သည့်အတိုင်း ခုဇ္ဇုတ္တရာလည်း ပြု၏။ အချိန်ကြာသော် ဘုရားဟောသော တရားတော် အားလုံးကို နှုတ်ငုံဆောင်နိုင်လာသည်။ ဘုရားရှင်လည်း ချီးကျူးကာ ခုဇ္ဇုတ္တရာကို အထူးမြတ်ဆုံးသော အမျိုးသမီး ဓမ္မကထိကအဖြစ်ဖြင့် ဧတဒဂ်အရာ ထားတော်မူလေသည်။
(အပ္ပမာဒ၀ဂ်-သာမာဝတီဝတ္ထု)
မင်းယုဝေ
( မြတ်မင်္ဂလာ ၂၀၀၇-ခု သြဂုတ်လ)
ခါးကုန်းမလေး ခုဇ္ဖုတ္တရာ ၀တ္တုကို ကြားနားမှတ်သားဖတ်ရှုရလိုက်သဖြင့်ကျွန့်ပ်အနေဖြင့်
အောက်ပါအတိုင်းခံစားမှတ်သားမိပါသည်
၁ - ပညာရှာသည်ဆိုရာတွင် လောကီပညာ(သိပ္ပံ + ၀ိဇ္ဖာပညာ) များကိုဖြစ်စေ လောကုတ္တု
ရာပညာကိုဖြစ်စေ ကိုယ့်ထက်အဆင့်အတန်းနိမ့်ကျသူပင်ဖြစ်ပါစေ - မန်မာနမထားဘဲသင်ယူသင့်
သည်ဆိုသည့်အတွေးကို ၄င်း
၂ - ခုဇ္ဖုတရာ သည်မြတ်ဗုဒ္ဓထံမှာအဘယ်သို့သောတရားကိုနားကြားရသဖြင့် သောတာပန်
အဖြစ်ရောက်ရှိသွားသလဲဆိုတာကို၎င်း တွေးမိပါသည် ၊
တရားကိုစတင်လိုက်စားစဉ်က မည်သည့်နေရာ မည့်သည်အရပ်တွင် ဆရာတော် ( ---- )
က နိဗ္ဗာန်ရောက်ကြောင်းတရားများကိုဟောကြားပါမည် ဟု ကြော်ငြာတွေ့လျှင် သွားရောက်နာ
ကြားလေ့ရှိခဲ့ပါသည် -
သုတ္တန်ဒေသနာ တရားအတော်များများနာကြားခဲ့ရပါသည် - ပဋာစာရီ - သာမာဝတီ -
မာဏ္ဏဏီ အဂုလ္လိမာလ - အနာထပိဏ် စသည်ဖြင့် ၀တ္တုပေါင်းများစွာနာကြားခဲ့ရပါသည်
တရားအဆုံးတွင် --- အကျွတ်တရားရ၍ သောတာပန်တည်သွားလေသတည်း
သာဓု ---- သာဓု --- သာဓု ဟု ၃ ကြိမ်ဆို၍ထပြန်ခဲ့ရသည်
စိတ်ထဲတွင်သိပ်ဘ၀င်မကျလှ သူ့တို့ကို မြတ်စွာဘုရားက ဘယ်လိုဟောလိုက်လို့ တရားရသွားတာ
လဲဟုသိချင်နေသည်၊
နောက် နှစ်အတော်ကြာ တော့ အကြောင်းတိုက်ဆိုင်ပြီး မိုးကုတ်ဝိပဿနာရိပ်သာသို့သွားရောက်
ပြီး ခန္ဒာဥာဏ်ရောက် ပဋိစ္စသမုပါတ်တရား များ ဒိဋ္ဌိပြုတ်တရားများကို နာလိုက်ရတော့မှ နားလည်
သဘောပေါက်မိတော့သည်
မိုးကုတ်ဆရာတော်ဘုရားကြီးက ပဋာစာရီဟောတာ အဲဒါသူ့ဟောတာကွ မင်းတို့နဲ့ မဆို်င်
ဘူး အဂုလ္လိမာလ ဟောတာ အဲဒါသူ့ဟောတာကွ အဲဒါမင်းတို့နဲ့မဆိုင်ဘူး ဘုရားက ပုဂ္ဂိုလ်အလိုက်
သူ့စရိုက်ကိုကြည့်ပြီးဟောသွားတာ အဲဒါတွေလိုက်မနေနဲ့ အားလုံးနဲ့ဆိုင်တဲ့တရား ပထမဦးဆုံး
ဘုရားစဖြစ်တဲ့အချိန်မှာ ဟောနဲ့ ဓမ္မစကြ်ာတရား ( ဓမ္မအကြောင်းအကျိုးလည်ပုံ ) ကိုဟောတဲ့
တရား ပဋိစ္စသမုပါတ်တရား အဲဒါ မှ အာလုံးနဲ့ ဆိုင်တဲ့တရား ဆိုပြိး
ခန္ဒာဥာဏ်ရောက်အလုပ်ပေးတရားများကို နာလိုက်တော့မှာ နားလည်သဘောမိပါတော့သည်
တရားရှာချင်ရင် မိမိခန္ဒာမှာရှာပါ
မောင်သုည

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...