စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဝင်ငွေအကောင်းဆုံး (၅) နှစ်အရွယ်ပန်းချီဆရာမလေး





     သြစတြေးလျနိုင်ငံ Melbourne မြို့က အသက်(၅)နှစ်အရွယ် Aelita Andre လို့ ခေါ်တဲ့ ပန်းချီဆရာမလေးဟာ အသက်သာ ငယ်ပေမယ့် သူမ၏ ပန်းချီကားများ ရောင်းရတဲ့ဝင်ငွေဟာ စတာလင်ပေါင် တစ်သိန်းနဲ့ အထက်မှာရှိတဲ့အတွက် တကယ့်တန်းဝင် ပန်းချီဆရာမကြီး တစ်ဦးနှယ် ဖြစ်လာပြီလို့ သိရပါတယ်။
     သူမ သုံးနှစ်အရွယ်ကတည်းက ကျင်းပလာခဲ့တဲ့ သူမရဲ့ ပန်းချီပြပွဲဟာ နှစ်ကြိမ်တိုင်တိုင် ကျင်းပပြခဲ့ပြီး နောင်လမှာတော့ သူမ၏ တတိယကြိမ်မြောက် ပန်းချီပြပွဲကို နယူးယောက်မြို့မှာ ပြုလုပ် ကျင်းပမယ်လို့ သိရပါတယ်။
      သူမဟာ နှစ်နှစ်အရွယ်ကတည်းက ပန်းချီစတင်ဆွဲခဲ့ကာ သူမ၏ ပန်းချီကားဟာ တစ်ကားလျှင် အနည်းဆုံး စတာလင်ပေါင်(၃)ထောင် ဈေးရှိတယ်လို့ သိရပါတယ်။
       သူမရဲ့ ပန်းချီကား စုစုပေါင်း ရောင်းချရပြီးသော ဝင်ငွေဟာ စတာလင်ပေါင် တစ်သိန်းနှင့် အထက်မှာ ရှိတဲ့အတွက် အခြားအများ စုသောတကယ့် ပန်းချီဆရာ ၊ ဆရာမများ၏ တသက်လုံး ပန်းချီရောင်းချလို့ ရတဲ့ဝင်ငွေထက် ပိုများနေပြီဖြစ်ကြောင်းလည်း သိရသည်။ထိုကဲ့သို့သော သူမ၏ ပန်းချီကားများမှ ဝင်ငွေများရလာခြင်းမှာ ရုရှားနိုင်ငံဖွား မိခင်နှင့် သြစတြေးလျ နိုင်ငံဖွား ဖခင်တို့၏ သူမအပေါ် ယုံကြည်ချက်ဖြင့် မြေတောင်မြှောက်ပေးမှုတို့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။
သူမရဲ့ မိခင်က Aelita ရဲ့ ဆေးရေးခြယ်တဲ့ ပုံစံဟာ တခြားကလေးများ ပုံဆွဲတမ်း ကစားသလိုမျိုးမဟုတ်တာကို စတင်သတိထားမိခဲ့တာလို့ သိရပါတယ်။
by burmesehearts

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...