စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ဖိစီးမှုဖြေဖျောက်ပုံ နည်းလမ်းများ


စိတ်ဖိစီးမှုဒဏ် ခံစားနေရလား။ ခြေကုန်လက်ပန်း ကျနေသလား။ အားလုံးရဲ့ခန္ဒာကိုယ်တွင်းမှာ အပန်းဖြေစေတဲ့
တုန့်ပြန်မှုယန္တရားက ၇ှိပြီးသားဖြစ်ပါတယ်။ ယင်းယန္တရားက စိတ်ဖိစီးမှုဟိုမုန်းများ (stress hormones) ထုတ်လုပ်မှုကို
နှေးကွေးစေပါတယ်။ သော့ချက်ကတော့ ယင်းယန္တရားစနစ်ကို နိုးဆွဖို့ နည်းလမ်းရှာတွေ့ဖို့ ပဲဖြစ်ပါတယ်ဟု ချော့ပ်ပရာ
စင်တာကို ပူးတွဲတီထောင်ခဲ့သူ ဒေါတ်တာဒေးဗစ်ဆိုင်မွန်က ပြောပါသည်။ နိုင်ငံအလိုက် စိတ်ဖိစီးမှုကို ခြေဖျက်သည့်
ယန္တားရားစနစ်ကို နှိုးဆွရာမှာအခြားသူများထက် သာကြောင်းလေ့လာမှုများကပြသထားသည်။ ကျွန်မတို့မသိရှိတာ
သူတို့ဘာတွေကို သိရှိထားပါသလဲ။

တိဘက်၏ လျှိုဝှက်ချက် - (ကျယ်ကျယ်လောင်လောင် ရယ်မောပါ။)
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀မှစပြီး တိဘက်ဘုန်းတော်ကြီးများသည် အိပ်ရာမှနှိုးနှိုးချင်း ကျယ်ကျယ်လောင်လောင်
ရယ်မောခြင်းကို ပြုလုပ်ခဲ့သည်။ ယခုအခါ သုတေသနက ၄င်းတို့ဘာကြောင့် သည်သို့ပြုလုပ်ကြသည်ကို ရှင်းလင်း
ပြသနိုင်ပြီဖြစ်သည်။ ရယ်မောခြင်းသည် စိတ်ဓာတ်ကြည်လင်စေသည့် ဟိုမုန်းများကို ပိုမိုထုတ်လုပ်စေခြင်းဖြစ် စိတ်
ဖိစီးမှု၏ အကျိုးဆက်များကိုတန်ပြန်သည်။ ဘာမှရယ်စရာအကြောင်းမရှိသော်လည်း အလုပ်ဖြစ်ပါသည်။ အတုအယောင်
ရယ်မောခြင်းပင်လျှင် စိတ်ဖိစီးမှုကို ခြေဖျက်သည့် အကျိုးကျေးဇူးများကိုရရှိစေပါသည်။

ထိုင်း၏ လျှို့ဝှက်ချက် - (ရနံဖြင့် စိတ်ထိစီးမှုကို မောင်းထုတ်ပါ။)
ထိုင်းနိုင်ငံတွင်းရှိ သူများမှာစူးရှသည့် သင်းရနံများက အတွေးများကို ငြိမ်သက်အောင်အားပေးကြောင်း ယုံကြည်ကြ
သည်။ နှစ်ထောင်ချီရှိသည့်ကာလတွင် သုံးစွဲခဲ့ဖူးသည့် မီးရှို့သည့်အခါ အမွှေးနံသာထွက်ရှိစေသည့် ပစ္စည်းများနှင့်
ရနံ့ ကုထုံးသုံး ပစ္စည်းများကို ထိုင်းနိုင်ငံအတွင်းတွင် တူးဖော်ရရှိခဲ့ပြီ ဖြစ်သည်။ ယင်းပစ္စည်းများက အလုပ်ဖြစ်စေ
ကြောင်း သုတေသနမှပြသထားချက်ရှိသည်။ လာဗင်ဒါ၊စပယ်နှင့် ဗင်နီလာရနံ့များသည် အပန်းပြေမှု့ကို ဖြစ်စေကြောင်း
နှင့် အိပ်မောကျသည် အထိဖြစ်စေကြောင်း သိရသည်။ သင်ကိုယ်တိုင်သင့်အိမ်အတွင်း ရနံ့ကုထုံးတွင် အသုံးပြုသည့်
ဖယောင်းတိုင်ကို မီးထွန်းညှိခြင်းဖြင့် ယင်းသို့မျိုးအိုအေစစ်ကို ဖန်တီးရယူနိုင်ပါသည်။




အိန္ဒိယ၏ လျှို့ဝှက်ချက် - (သင့်နားထင်များကို ပွတ်ပေးပါ။)
အိန္ဒိယနိုင်ငံတွင် ခေါင်းကိုနှိပ်နယ်ခြင်းသည် တစ်နေ့တာ၏ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြို့လမ်းများတွင်အတွေ့
များသည့် မြင်ကွင်းပင်အကြောင်းမှာ ခေါင်းကို နှိပ်နယ်ပေးခြင်းသည် စိတ်တင်းကျပ်ခြင်းနှင့် ခေါင်းကိုက် ခေါင်းခဲခြင်း
များကိုဖြစ်စေသည့် ကြွက်သားများ တင်းတောင့်ခြင်းကိုပြေစေသည်။ စိတ်ဖိစီးမှု ဟော်မုန်းများ (stress hormones)
ကိုလည်း အထွက်နည်းစေသည်။ ဒါကိုသင်ကိုယ်တိုင် လုပ်နိုင်ပါသည်။ သင့်နာထင်များ ၊ လည်ပင်းအောက်ပိုင်းနှင့်
ဦးရေထိပ်ပိုင်းနေရာကို တစ်မိနစ်ကြာပွတ်ရုံပွတ်ပေးပါ။ ဒါဆို သင်တစ်နေ့လုံးပိုမို လန်းဆန်းနေပါလိမ့်မည်။


မလေးရှား လျှို့ဝှက်ချက် - (ဖိနပ်မပါပဲလမ်းလျှောက်ပါ။)
မလေးရှားနိုင်ငံက ပြည်သူအများသုံးလမ်းများနှင့် ပတ်သက်ပီးဂုဏ်ယူဝင့်ကြွားစရာ ရှိနေသည်။ ယင်းတို့မှာ ပန်းခြံထဲ
ရှိ ဖိနိပ်မစီးရဘဲနှင့်လျှောက်ရသည့် ကျောက်တုံးခင်းလမ်းများပင်ဖြစ်သည်။ ယင်းလမ်းမျိုးမှာ ရာစုနှစ်များစွာကပင်ရှိ
နေခဲ့သည်။ လမ်းခင်းကျောက်ခဲကြီးများအပေါ် လမ်းလျှောက်ခြင်းက သွေးပေါင်နှင့်ပူပင်သောကစိတ်ကို လျော့နည်း
ကျဆင်းစေကြောင်း မကြာသေးမှီကမှအမေရိကန် သပ္ပံပညာရှင်များကတွေ့ရှိခဲ့သည်။ ဒါကခြေထောက်ပေါ်ရှိ အလို
အလျှောက်တုံ့ပြန်မှုဖြစ်စေသည့် နေရာများကိုလှုပ်ဆွပေးခြင်းဖြစ်သည်။ သင့်အိမ်နောက်ဖေးခြံဝင်းထဲရှိ မညီမညာ
မျက်နှာပြင်ပေါ် လမ်းလျှောက်ခြင်းက ယင်းသို့သောတူညီသည့် အကျိုးကျေးဇူးကိုရရှိနိုင်ပါသည်။

ဂျပန် လျှို့ဝှက်ချက် - (အိမ်တွင် ဥယျာဉ်ကိုဖန်တီးပါ။)
နှစ်ထောင်ချီရှည်ကြာသည့် ကာလတစ်လျှောက်တွင် ဂျပန်လူမျိုးများကအပန်းဖြေရာတွင် သဘာဝကိုအားထားခဲ့ကြ
သည်။ ယခုတိုင် စိတ်ဖြေလျှော့ရန် ဂျပန်တို့သည် မိမိအိမ်အတွင်းတွင် ဈင်ဥယျာဉ်ခေါ်ကျောက်မဲတုံးများနှင့် ရေညှိ
တို့ကိုပုံဖေါ်သည့် ဥယျာဉ်မျိုးကို ထားရှိဆဲဖြစ်သည်။ ၄င်းတို့သည် အကျိုးသက်ေ၇ာက်မှုရှိကြောင်း` သုတေသနက
သက်သေပြသသည်။ တိုကျိုတက္ကသိုလ်မှ  သိပ္ပံပညာရှင်တို့က သစ်ပင်များနှင့် အကိုင်းအခက်များကို ကြည့်ရှုယုံမျှနှင့်
စိတ်အေးချမ်းတည်ငြိမ်မှု ရရှိကြောင်းတွေ့ရှိခဲ့သည်။ သင်ကိုယ်တိုင် ဈင်ဥယျာဉ်နှင့်တူသော ဥယျာဉ်မျိုးဖန်တီးရန်မှာ
ပန်းပင်ငယ် (သို့မဟုတ်) ပယဆေးပင်များကို ပန်းအိုးတစ်လုံးတွင်စိုက်ပြီး ၄င်းပတ်လည်တွင် သဲနှင့်ကျောက်ခဲများ
ကို ဝိုင်းပတ်ချထားပါ။

တရုတ် လျှို့ဝှက်ချက် - (သန့်ရှင်းအေးချမ်းသည့် နေရာလေးတစ်ခုဖန်တီးပါ။)
ပစ္စည်း ပစ္စယများနှင့် ရှုပ်ပွနေခြင်းသည် စိတ်ဖိစီးမှုကိုဖြစ်စေပြီး စိတ်ကိုထိန်းမရ ဖြစ်စေကြောင်း လေ့လာမှုများက
ပြသထားသည်။ သည့်အတွက် တရုတ်လူမျိုးများက မိမိ၏အိမ်တွင် သန့်ရှင်းအေးချမ်းသည့် နေရာလေးများ
(serenity zones) ကို ဖန်တီးထားခြင်းဖြစ်သည်။ ရှုပ်ပွမှုမရှိ အသံဗလံများမရှိ စိတ်ငြိမ်အေးချမ်းသည့်နေရာလွတ်
များကို ဆိုလိုသည်။ ယင်းသို့ မျိုးအကျိုးကျေးဇူးရရှိရန် အခန်းတစ်ခန်းလုံးကိုသန့်ရှင်းဖို့ မလိုပါ။ သင်အနားယူသည့်
အခါ သွားရောက်မည့်အခန်းထောင့်သေးသေး တစ်နေရာဆိုလျှင်ပင် ပြီးနိုင်ပါသည်။

ဆွီဒင်၏ လျှို့ဝှက်ချက် - (သင့်ခန္ဓာကိုယ် ပူနွေးအောင်လုပ်ပါ။)
ဆွီဒင်လူမျိုးတို့၏အိမ်တွင် ချွေးပေါင်းခန်း(sauna) တစ်ခုရှိသည်။ ဒါကိုဇိမ်ခံအတွက် ထားခြင်းမဟုတ်ပါ။
ကိုယ်စိတ်အပန်းဖြေမှုအတွက် လိုအပ်ချက်တစ်ရပ်အဖြစ် ထားရှိခြင်းဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်ပေါ်လာသည့် အချိန်တွင်
သွေးကြောများက ကျဉ်းကျုံသွားသည်ဟု ဒေါတ်တာဆိုင်မွန်ကဆိုသည်။ သို့သော် ချွေးပေါင်းခန်းက ၄င်းကိုသက်သာ
စေသည်။ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ သင့်တွင်ချွေးပေါင်းခန်း မရှိဘူးလား။ ပြသာနာမရှိပါ။ ရေပူနှင့်
ေ၇ချိုးခြင်း (သို့မဟုတ်) ရေပူကန်တွင် ရေစိမ်ခြင်းက တူညီသည့်ကိုယ်စိတ် တင်းတောင်မှု ပြေစေသည့် အကျိုးဆက်
များကို ရရှိစေပါသည်။

CΔnƉℓɛ

သူငယ်ချင်းများအတွက် ဗဟုသုတရရှိစေဖို့ ဦးလှမြင့်(ဂန္ဓမာ) စာအုပ်မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...