စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂေါတမမြတ်စွားဘုရားရှင် ၏ မိသားစုဆွေမျိုးတော်စပ်ပုံများ

ဂေါတမမြတ်စွားဘုရားရှင် ၏ မိသားစုဆွေမျိုးတော်စပ်ပုံများ
ကပိလဝတ်ပြည် ရှိ သီဟဟနုမင်း+ဘဒ္ဒကဉ္ဇနာတို့မှ သား(၅)ယောက်၊သမီး(၂)ယောက် မွေးဖွားခဲ့သည်။
သား(၅)ယောက်မှာ-
သုဒ္ဓေါဒန၊ ဓောတောဒန၊ သက္ကောဒန၊ သုက္ကောဒန၊ အမိသောဒန နှင့်
သမီး(၂)ယောက်မှာ-
အမိတ္တာ၊ ပါလိတာ တို့ဖြစ်ကြသည်။
ဒေဝဒဟပြည် ရှိ အဉ္ဇနမင်း+ဟသော်ဓရာတို့မှ သမီး(၂)ယောက်၊သား(၂)ယောက် မွေးဖွားခဲ့သည်။
သမီး(၂)ယောက်မှာ-
သီရိမဟာမာယာ၊ ပဇာပတိဂေါဒမီ နှင့်
သား(၂)ယောက်မှာ-
ဒဏ္ဍပါဏီ၊ သုပ္ပဗုဒ္ဓ တို့ဖြစ်ကြသည်။
ကပိလဝတ်ပြည် ရှိ သက္ကောဒနမင်းသား မှ သားတော်အနုရုဒ္ဒါ(ဘုရားရှင်၏ညီအကိုဝမ်း ကွဲ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ရခြင်းအရာတွင် ဧတဒဂ်ရသူ)
ကပိလဝတ်ပြည် ရှိ အမိသောဒနမင်းသား မှ သားတော်အာနန္ဒာ(ဘုရားရှင်၏ညီကိုဝမ်း ကွဲ၊ လက်ယာရံ ရဟန္တာမထေရ်မြတ်(၄ဝ)တွင်ပါဝင်သူ)
ကပိလဝတ်ပြည် ရှိ သုဒ္ဓေါဒနမင်းသား နှင့် ဒေဝဒဟပြည် ရှိ သီရိမဟာမာယာ တို့မှ ဘုရားလောင်း သိဒ္ဓတ္တမင်းသား မွေးဖွားသည်။
ကပိလဝတ်ပြည် ရှိ သုဒ္ဓေါဒနမင်းသား နှင့် ဒေဝဒဟပြည် ရှိ ပဇာပတိဂေါဒမီ (မိထွေးတော်ဂေါဒမီ၊ ဝါရင့်ခြင်းရတ္တညူအရာတွင် ဧတဒဂ်ရသူ) တို့မှ ဇနပဒကလျာဏီ၊နန္ဒမင်းသား (ဘုရားရှင်၏အဖေတူအမေကွဲများ) မွေးဖွားသည်။
ကပိလဝတ်ပြည် ရှိ အမိတ္တာမင်းသမီး (ဘုရားရှင်၏အဒေါ်တော်စပ်သူ) နှင့် ဒေဝဒဟပြည် ရှိ သုပ္ပဗုဒ္ဓမင်းသား (ဘုရားရှင်လက်ထက်တွင် မြေမျိုခံရသူ) တို့မှ ဘဒ္ဒကဉ္စနာ(ယသော်ဓရာ)၊ ဒေဝဒတ် (ဘုရားရှင်လက်ထက်တွင် မြေမျိုခံရသူ) မွေးဖွားသည်။
ဘုရားအလောင်းတော် သိဒ္ဒတ္တမင်းသား နှင့် ယသော်ဓရာ တို့မှ သားတော်ရာဟုလာ မွေးဖွားသည်။
သူငယ်ချင်းတို့ရေ
မှော်ဖြူလုလင်ကတော့ အတတ်နိုင်ဆုံးရှင်းလင်းအောင် ရေးသားတင်ပြထားပါတယ်။ သူငယ်ချင်းတို့နားလည်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။ဒီအကြောင်းအရာတွေကိုတော့ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ(ပထမအကြိမ်) ထုတ်ဝေသော သိမှတ်စရာ အဖြာဖြာ စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်းပါ။စာအုပ်က မှော်ဖြူလုလင်တို့ထက် အသက်ပိုကြီးမှာ နော်။အနက်ရောင် က ဘုရားလောင်းရဲ့ ဘိုးဘေးများ၊ အနီရောင် က ဘုရားလောင်းရဲ့ဖခင်ဘက်မှဆွေမျိုးများ၊ အပြာရောင် က ဘုရားလောင်း၏ဇနီးကြင်ယာတော်ဘက်မှဆွေမျိုးများ၊ အဝါရောင် က ဘုရားလောင်းရဲ့ ညီအကိုမောင်နှများ ဖြစ်ကြပါတယ်။ဒီလောက်ဆိုသူငယ်ချင်း တို့လည်း နားလည်မယ်လို့ ယုံကြည်ရင်း……
မေတ္တာဖြင့်
မှော်ဖြူလုလင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...