စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စကားမပြောနိင်သူတွေအတွက် Google App

               



စကားမပြောနိင်သူတို့ အဆင်ပြေစေမဲ့ Google ရဲ့ Gesture လို့ခေါ်တဲ့ App ပါ။ ထို App ဟာ လက်ဟတ်ခြေဟန်ဖြင့်သာ ပြောနိင်သူတွေအတွက်ဖြစ်ပြီး လက်ဟန်ခြေဟန် ဘာသာရပ်ဆီမှ နှုတ်ထွက် ဘာသာရပ်ဆီသို့ ဘာသာပြန်ပေးနိင်မှာ ဖြစ်ပါတယ်။ Google ဟာ ဆွီဒင်မှာ ရှိတဲ့ ကွန်မြူနစ်ကေရှင်ကျောင်း တစ်ကျောင်းမှ ကျောင်းသားများနဲ့ အတူတူ အဆိုပါ App ကို တည်ဆောက်နိင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထိုကျောင်းသားအသင်းတစ်သင်းဟာ နိင်ငံတကာ တီထွင်မူ ပွဲတစ်ခုမှာ သူတို့ရဲ့ ဆောင်ရွက်တီထွင်မူတွေနဲ့ ဆုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ထို App ဟာ Electromyography လို့ခေါ်တဲ့ ကြွက်သားအရိုးစုများရဲ့ လှုပ်ရှားမူပေါ်မူတည်ပြီး လျှပ်စစ်လှုပ်ရှားမူ ပုံရိပ်များကို ဖမ်းယူတဲ့ နည်းပညာကိုအသုံးပြုထားတာဖြစ်ပါတယ်။ ထိုကြောင့် လက်ပေါ်မှာ ၀တ်ဆင်ထားတဲ့ အရာတစ်ခုနဲ့ ယှဉ်တွဲကာ လုပ်ဆောင်ရမှာ ဖြစ်ပြီး ထိုလုပ်ဆောင်မူတွေကို App ဆီသို့ပို့ဆောင်ကာ
အမူအရာဟန်တွေဆီမှ နှုတ်ထွက် ဝေါဟာရ စကားလုံးတွေ အဖြစ် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။

App ရဲ့ ရည်ရွယ်ချက်ဟာ အမူအရာဘာသာရပ်နယ်ပယ်ရှိ စကားမပြောနိင်သူအားလုံးကို တစ်ကမ္ဘာ့တည်း သီးခြားမဖြစ်နေစေပဲ ပုံမှန်လူများနဲ့ တစ်ပေါင်းတစ်စည်းတည်း ကမ္ဘာ့တစ်ခုဖြစ်စေလို့သောကြောင့် ဖြစ်ပါတယ်။ Google ဟာ အရင်နေ့များဆီတုန်းကလည်း နားမကြားနိင်သူများအတွက် နည်းပညာမှ လူအချင်းချင်း ဆက်သွယ်မူ တစ်ခုဆီသို့ ထောက်ကူဆောင်ရွက်ပေးခဲ့ပါသေးတယ်။ ဥပမာ- Android OS တွေထဲက စကားကနေ စာရိုက်မူတွေဆီကို ပြောင်းပေးနိင်တဲ့ Google Translate App . (http://goo.gl/YlBEPH)

ထို Gesture App ရဲ့ ရရှိအသုံးပြုနိင်မဲ့ နေ့စွဲကိုတော့ ကြေငြာထားခဲ့ခြင်း မရှိသေးပါဘူး။
အောင်ဟိန်း (ရိုးရာလေး)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...